စံချိန်သစ်နဲ့အတူ ဒီဇင်ဘာလရဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုရရှိခဲ့တဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီဇင်ဘာလရဲ့ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့ပြီး အင်္ဂလိပ်စံချိန်တစ်ခုကို ချိုးဖြတ်ခဲ့ပါတယ်။

အဆိုပါဆုကိုရရှိခဲတဲ့ ဖာနန်ဒက်စ်ဟာ ပြက္ခဒိန်တစ်နှစ်အတွင်းမှာ တစ်လတာအကောင်းဆုံးဆု ၄ ကြိမ်ရတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယခင်တုန်းကလည်း ဖေဖော်ဝါရီ ၊ မေ နဲ့ နိုဝင်ဘာလတွေမှာလည်း ဆုတွေရရှိခဲ့သေးတာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ လွန်ခဲ့တဲ့ ၁၂ လက ယူနိုက်တက်ကိုရောက်လာပြီးကတည်းက အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်ကွင်းလယ်က ပိုကောင်းလာခဲ့ပြီး ဂိုးဖန်တီးမှုတွေပိုမိုပြုလုပ်လာနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်း ဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ် ၊ လိဒ်ယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ၊ လက်စတာ နဲ့ ဝုဗ်ပွဲတွေမှာလည်း ၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်ဟာ အဆင့်တစ်နေရာအထိ တက်ရောက်လာနိုင်ခဲ့သလို လာမယ့်တနင်္ဂနွေနေ့မှာလည်း ဒုတိယနေရာက လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“၃ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့တာကြောင့် အခုလိုရရှိခဲ့တာပါ။ အသင်းဖော်တွေကြောင့်လည်း ဒီဆုကိုရရှိခဲ့တာပါ။ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုလည်း ရယူချင်ပါတယ်။

အခုလိုစံချိန်ချိုးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုလမ်းကြောင်းပေါ်ရောက်နေပါပြီ။ အဲ့အတွက်လည်း အာရုံစိုက်သွားမှာပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ အဆိုပါဆုအတွက် အသင်းဖော် ရက်ရှ်ဖို့ဒ် ၊ လီဗာပူးစတား ဆာလက် ၊ မန်စီးတီးစတား ဂျွန်စတုန်းတို့ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါတစ်လတာဆုစာရင်းမှာ ဗီလာက အယ်လ်ဂါဇီ ၊ မာတီနက်ဇ် ၊ ဘန်လေနောက်ခံလူ ဘန်မီ ၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဆိုချက်တို့လည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗက်လီဝင် နဲ့ တော့တင်ဟမ်စတား ဆွန်ဟောင်မင်တို့ပြီးနောက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ၂ ကြိမ်ဆက်ရရှိတဲ့ ပထမဆုံးကစာသမားဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စံခ်ိန္သစ္နဲ႔အတူ ဒီဇင္ဘာလရဲ႕ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆုရရွိခဲ့တဲ့ ဖာနန္ဒက္စ္

ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီဇင္ဘာလရဲ႕ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုကို ရရွိခဲ့ၿပီး အဂၤလိပ္စံခ်ိန္တစ္ခုကို ခ်ိဳးျဖတ္ခဲ့ပါတယ္။ အဆိုပါဆုကိုရရွိခဲတဲ့ ဖာနန္ဒက္စ္ဟာ ျပကၡဒိန္တစ္ႏွစ္အတြင္းမွာ တစ္လတာအေကာင္းဆုံးဆု ၄ ႀကိမ္ရတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယခင္တုန္းကလည္း ေဖေဖာ္ဝါရီ ၊ ေမ နဲ႔ ႏိုဝင္ဘာလေတြမွာလည္း ဆုေတြရရွိခဲ့ေသးတာျဖစ္ပါတယ္။ ေပၚတူဂီသားဟာ လြန္ခဲ့တဲ့ ၁၂ လက ယူႏိုက္တက္ကိုေရာက္လာၿပီးကတည္းက အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္ေရာက္လာၿပီးခ်ိန္ကတည္းက ယူႏိုက္တက္ကြင္းလယ္က ပိုေကာင္းလာခဲ့ၿပီး ဂိုးဖန္တီးမႈေတြပိုမိုျပဳလုပ္လာႏိုင္ခဲ့ပါတယ္။ ဒီဇင္ဘာလအတြင္း ဖာနန္ဒက္စ္ဟာ ဝက္စ္ဟမ္းအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ၊ လိဒ္ယူႏိုက္တက္ကို ၆-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့သလို ၊ လက္စတာ နဲ႔ ဝုဗ္ပြဲေတြမွာလည္း ၁ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ယူႏိုက္တက္ဟာ အဆင့္တစ္ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့သလို လာမယ့္တနဂၤေႏြေန႔မွာလည္း ဒုတိယေနရာက လီဗာပူးနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

“၃ ဂိုးသြင္း ၊ ၄ ဂိုးဖန္တီးထားႏိုင္ခဲ့တာေၾကာင့္ အခုလိုရရွိခဲ့တာပါ။ အသင္းေဖာ္ေတြေၾကာင့္လည္း ဒီဆုကိုရရွိခဲ့တာပါ။ အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈလည္း ရယူခ်င္ပါတယ္။ အခုလိုစံခ်ိန္ခ်ိဳးႏိုင္ခဲ့လို႔ အရမ္းေပ်ာ္ပါတယ္။ လက္ရွိမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုလမ္းေၾကာင္းေပၚေရာက္ေနပါၿပီ။ အဲ့အတြက္လည္း အာ႐ုံစိုက္သြားမွာပါ”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ အဆိုပါဆုအတြက္ အသင္းေဖာ္ ရက္ရွ္ဖို႔ဒ္ ၊ လီဗာပူးစတား ဆာလက္ ၊ မန္စီးတီးစတား ဂြၽန္စတုန္းတို႔ကို ေက်ာ္ျဖတ္ခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ အဆိုပါတစ္လတာဆုစာရင္းမွာ ဗီလာက အယ္လ္ဂါဇီ ၊ မာတီနက္ဇ္ ၊ ဘန္ေလေနာက္ခံလူ ဘန္မီ ၊ ဝက္စ္ဟမ္းကြင္းလယ္လူ ဆိုခ်က္တို႔လည္း ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ အဲဗာတန္တိုက္စစ္မႉး ကယ္လ္ဗက္လီဝင္ နဲ႔ ေတာ့တင္ဟမ္စတား ဆြန္ေဟာင္မင္တို႔ၿပီးေနာက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုကို ၂ ႀကိမ္ဆက္ရရွိတဲ့ ပထမဆုံးကစာသမားျဖစ္လာခဲ့ပါတယ္။