
မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၄-၀ နဲ့
အနိုင်ရခဲ့ပြီးနောက် သူတို့ရဲ့စံချိန်ဟောင်းကိုချိုးဖျက်နိုင်ခဲ့တဲ့အပြင်
စံချိန်သစ်တွေပါတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအတွက်ဂိုးတွေကို
ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ မာရက်ဇ်နဲ့ စတာလင်းတို့က သွင်းယူပေးခဲ့တာပါ။
တစ်ဖက်မှာ လီဗာပူးရော ချဲလ်ဆီးပါသူတို့ပြိုင်ဘက်တွေနဲ့ အသီးသီးသရေကျခဲ့ကြလို့
ဒီနိုင်ပွဲဟာ မန်စီးတီးအတွက် ချန်ပီယံဖြစ်ရေးမှာအရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။
ဒီနိုင်ပွဲဟာမန်စီးတီးအတွက် ဒီရာသီ မှာ ၁၉ ပွဲမြောက်ဖြစ်ပြီး
၂၀၂၁ အတွင်းမှာ ၃၄ ပွဲမြောက်အနိုင်ရတာဖြစ်လို့ အင်္ဂလိပ်အဆင့်မြင့်တန်းသမိုင်းမှာ
ဘောလုံးပြက္ခဒိန် တစ်ခုအတွင်း(တစ်နှစ်အတွင်း) နိုင်ပွဲအများဆုံးရတဲ့
အသင်းအဖြစ်စံချိန်တင်ခဲ့တာပါ။ ဂွာဒီယိုလာရဲ့အသင်းဟာ ၂၀၂၁ အတွင်း မှာ
ချဲလ်ဆီးကို ၃-၁ နဲ့အနိုင်ရမှုနဲ့နိုင်ပွဲစတင်ခဲ့ပြီး အဲဒီပွဲအပြီးမှာ
မန်ယူကိုလည်း ၂-၀၊ ဖေဖော်ဝါရီလအတွင်းမှာ လီဗာပူးကို ၄-၁ တို့နဲ့
နိုင်ခဲ့တဲ့ပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကိုအနိုင်ရရှိမှုဟာ
မန်စီးတီးအတွက်ဒီနှစ်ထဲမှာ အဝေး ကွင်း ၁၈ ပွဲမြောက်နိုင်ပွဲဖြစ်လို့
မှတ်တမ်းတင်ထားသမျှထဲမှာ တစ်နှစ်အတွင်းအဝေးကွင်းနိုင်ပွဲရရှိမှု
အများဆုံးအသင်းလည်း ဖြစ်ခဲ့တာပါ။ ဒီအဝေးကွင်းနိုင်ပွဲတွေထဲမှာ
အိုးလ်ထရက်ဖို့ဒ်ဆီသွားပြီး မြို့ခံပြိုင်ဘက်မန်ယူကို ၂-၀ နဲ့နိုင်ခဲ့တဲ့ပွဲလည်း
အပါအဝင် ဖြစ်ခဲ့ပါတယ်။
မန်စီးတီးရဲ့ဒီနိုင်ပွဲဟာ မန်ယူနည်းပြ ဆိုးလ်ရှားကို
သူ့ရာထူးဆုံးရှုံးစေတဲ့ပွဲတွေထဲကတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင်
မန်စီးတီးဟာဘောလုံးပြက္ခဒိန်တစ်ခုအတွင်း အဆင့်မြင့်တန်းမှာ
သွင်းဂိုးအများဆုံးနှစ်တစ်ခုအဖြစ်လည်း သူတို့ကိုယ်တိုင် တင်ထားတဲ့
စံချိန်ဟောင်းကိုကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ပါတယ်။ အရင်ဂိုးသွင်းအများဆုံး
စံချိန်က ၁၉၂၉ မှာဖြစ်ပြီး ၁၀၄ ဂိုးဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကို
၄ ဂိုးသွင်းပြီးနောက် ၁၀၆ ဂိုးနဲ့စံချိန်သစ်တင်ခဲ့တာပါ။ မန်စီးတီးဟာ မကြာသေး ခင်က
အာဆင်နယ်ကို ၅ ဂိုး၊ လိဒ်ကို ၇ ဂိုးသွင်းယူခဲ့မှုကြောင့်လည်း ဒီစံချိန်သစ်ကို
ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာလာမယ့်ဘောက်ဆင်ဒေး
(ခရစ္စမတ်အပြီးနောက်တစ်ရက်) ကျရင်လက်စတာနဲ့ကစားရဦးမှာဖြစ်ပါတယ်။
zawgyi
စံခ်ိန္ေဟာင္းကိုခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အျပင္စံခ်ိန္သစ္ေတြပါတင္ႏိုင္ခဲ့တဲ့ မန္စီးတီး
မန္စီးတီးအသင္းဟာ နယူးကာဆယ္အသင္းကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ၄-၀ နဲ႔
အႏိုင္ရခဲ့ၿပီးေနာက္ သူတို႔ရဲ႕စံခ်ိန္ေဟာင္းကိုခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အျပင္
စံခ်ိန္သစ္ေတြပါတင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မန္စီးတီးအတြက္ဂိုးေတြကို
႐ူဘင္ဒီယက္စ္၊ ကန္ဆယ္လို၊ မာရက္ဇ္နဲ႔ စတာလင္းတို႔က သြင္းယူေပးခဲ့တာပါ။
တစ္ဖက္မွာ လီဗာပူးေရာ ခ်ဲလ္ဆီးပါသူတို႔ၿပိဳင္ဘက္ေတြနဲ႔ အသီးသီးသေရက်ခဲ့ၾကလို႔
ဒီႏိုင္ပြဲဟာ မန္စီးတီးအတြက္ ခ်န္ပီယံျဖစ္ေရးမွာအေရးပါတဲ့ႏိုင္ပြဲတစ္ခုျဖစ္လာႏိုင္ပါတယ္။
ဒီႏိုင္ပြဲဟာမန္စီးတီးအတြက္ ဒီရာသီ မွာ ၁၉ ပြဲေျမာက္ျဖစ္ၿပီး
၂၀၂၁ အတြင္းမွာ ၃၄ ပြဲေျမာက္အႏိုင္ရတာျဖစ္လို႔ အဂၤလိပ္အဆင့္ျမင့္တန္းသမိုင္းမွ
ာ ေဘာလုံးျပကၡဒိန္ တစ္ခုအတြင္း(တစ္ႏွစ္အတြင္း) ႏိုင္ပြဲအမ်ားဆုံးရတဲ့
အသင္းအျဖစ္စံခ်ိန္တင္ခဲ့တာပါ။ ဂြာဒီယိုလာရဲ႕အသင္းဟာ ၂၀၂၁ အတြင္း မွာ
ခ်ဲလ္ဆီးကို ၃-၁ နဲ႔အႏိုင္ရမႈနဲ႔ႏိုင္ပြဲစတင္ခဲ့ၿပီး အဲဒီပြဲအၿပီးမွာ
မန္ယူကိုလည္း ၂-၀၊ ေဖေဖာ္ဝါရီလအတြင္းမွာ လီဗာပူးကို ၄-၁ တို႔နဲ႔
ႏိုင္ခဲ့တဲ့ပြဲေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ နယူးကာဆယ္ကိုအႏိုင္ရရွိမႈဟာ
မန္စီးတီးအတြက္ဒီႏွစ္ထဲမွာ အေဝး ကြင္း ၁၈ ပြဲေျမာက္ႏိုင္ပြဲျဖစ္လို႔
မွတ္တမ္းတင္ထားသမွ်ထဲမွာ တစ္ႏွစ္အတြင္းအေဝးကြင္းႏိုင္ပြဲရရွိမႈ
အမ်ားဆုံးအသင္းလည္း ျဖစ္ခဲ့တာပါ။ ဒီအေဝးကြင္းႏိုင္ပြဲေတြထဲမွာ
အိုးလ္ထရက္ဖို႔ဒ္ဆီသြားၿပီး ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို ၂-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲလည္
း အပါအဝင္ ျဖစ္ခဲ့ပါတယ္။ မန္စီးတီးရဲ႕ဒီႏိုင္ပြဲဟာ မန္ယူနည္းျပ ဆိုးလ္ရွားကို
သူ႔ရာထူးဆုံးရႈံးေစတဲ့ပြဲေတြထဲကတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္
မန္စီးတီးဟာေဘာလုံးျပကၡဒိန္တစ္ခုအတြင္း အဆင့္ျမင့္တန္းမွ
ာသြင္းဂိုးအမ်ားဆုံးႏွစ္တစ္ခုအျဖစ္လည္း သူတို႔ကိုယ္တိုင္ တင္ထားတဲ့
စံခ်ိန္ေဟာင္းကိုေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္ခဲ့ပါတယ္။ အရင္ဂိုးသြင္းအမ်ားဆုံး
စံခ်ိန္က ၁၉၂၉ မွာျဖစ္ၿပီး ၁၀၄ ဂိုးျဖစ္ပါတယ္။ ဒါေပမယ့္ နယူးကာဆယ္ကို
၄ ဂိုးသြင္းၿပီးေနာက္ ၁၀၆ ဂိုးနဲ႔စံခ်ိန္သစ္တင္ခဲ့တာပါ။ မန္စီးတီးဟာ မၾကာေသး ခင္က
အာဆင္နယ္ကို ၅ ဂိုး၊ လိဒ္ကို ၇ ဂိုးသြင္းယူခဲ့မႈေၾကာင့္လည္း ဒီစံခ်ိန္သစ္ကို
ရရွိခဲ့တာျဖစ္ပါတယ္။ သူတို႔ဟာလာမယ့္ေဘာက္ဆင္ေဒး
(ခရစၥမတ္အၿပီးေနာက္တစ္ရက္) က်ရင္လက္စတာနဲ႔ကစားရဦးမွာျဖစ္ပါတယ္။