ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်း ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်ရသွားပြီ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ထိပ်တန်းပစ်မှတ် ဆန်ချိုကို ၂၀၂၆ နွေရာသီအထိရှိမယ့် ၅နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။


ဒေါ့မွန်ဟာ ယခုနွေရာသီအတွင်း အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို ယခုနွေရာသီအတွင်း ယူရိုသန်း ၉၀ ကနေ ၉၅သန်းကြားဝန်းကျင်နဲ့ ထုတ်ရောင်းဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။


အပြောင်းအရွှေ့ဂုရုကြီး ရိုမာနိုက ယူနိုက်တက်အနေနဲ့ ယခုအချိန်အထိ ဒေါ့မွန်ထံ တရားဝင်မကမ်းလှမ်းသေးပေမယ့် ပြီးခဲ့တဲ့ရာသီက ပွတ်ကာသီကာလွဲချော်ခဲ့ရတဲ့ဆန်ချိုကို ဒီနှစ်မှာ အရခေါ်လိမ့်မယ်လို့ ပြောပါတယ်။

ဒေါ့မွန်ဟာ ယခုနွေရာသီအတွင်း ဆန်ချိုကို ထွက်ခွာခွင့်ပေးဖို့ သဘောတူညီထားပေမယ့် ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ယူရိုသန်း ၉၀ အလိုရှိနေတယ်လို့ သိရပါတယ်။
ဂျာမန်နာမည်ကြီး မီဒီယာ Bild ကတော့ ယူနိုက်တက်ဟာ ပထမဆုံးတရားဝင်ကမ်းလှမ်းမှုအဖြစ် ဒေါ့မွန်ထံ ယူရို ၆၉ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီပြောင်းရွှေ့ကြေးဆိုရင်တော့ ဒေါ့မွန်က သတ်မှတ်ထားတာထက် ယူရိုသန်း ၂၀ ကွာနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆန်ချိုကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က သတ်မှတ်ခဲ့တဲ့ ယူရိုသန်း ၁၂၀ ဝန်းကျင်ပေးချေဖို့ ငြင်းဆန်ခဲ့ပါတယ်။


ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့က မိမိတို့အသင်းဟာ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆန်ချိုနဲ့ လူကြီးလူကောင်းဆန်တဲ့သဘောတူညီချက်ရယူထားတယ်လို့ မေလက လူသိရှင်ကြားဖွင့်ဟထားပါတယ်။

Zawgyi
ဆန္ခ်ိဳကို ေခၚယူဖို႔ ယူႏိုက္တက္အသင္း ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီခ်က္ရသြားၿပီ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ထိပ္တန္းပစ္မွတ္ ဆန္ခ်ိဳကို ၂၀၂၆ ေႏြရာသီအထိရွိမယ့္ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရသြားၿပီလို႔ သိရပါတယ္။
ေဒါ့မြန္ဟာ ယခုေႏြရာသီအတြင္း အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳကို ယခုေႏြရာသီအတြင္း ယူ႐ိုသန္း ၉၀ ကေန ၉၅သန္းၾကား၀န္းက်င္နဲ႔ ထုတ္ေရာင္းဖို႔ ျပင္ဆင္ေနတယ္လို႔ ယုံၾကည္ရတဲ့သတင္းရင္းျမစ္ေတြက ဆိုပါတယ္။
အေျပာင္းအေရႊ႕ဂု႐ုႀကီး ႐ိုမာႏိုက ယူႏိုက္တက္အေနနဲ႔ ယခုအခ်ိန္အထိ ေဒါ့မြန္ထံ တရား၀င္မကမ္းလွမ္းေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီက ပြတ္ကာသီကာလြဲေခ်ာ္ခဲ့ရတဲ့ဆန္ခ်ိဳကို ဒီႏွစ္မွာ အရေခၚလိမ့္မယ္လို႔ ေျပာပါတယ္။
ေဒါ့မြန္ဟာ ယခုေႏြရာသီအတြင္း ဆန္ခ်ိဳကို ထြက္ခြာခြင့္ေပးဖို႔ သေဘာတူညီထားေပမယ့္ ေျပာင္းေရႊ႕ေၾကးအျဖစ္ အနည္းဆုံး ယူ႐ိုသန္း ၉၀ အလိုရွိေနတယ္လို႔ သိရပါတယ္။
ဂ်ာမန္နာမည္ႀကီး မီဒီယာ Bild ကေတာ့ ယူႏိုက္တက္ဟာ ပထမဆုံးတရား၀င္ကမ္းလွမ္းမႈအျဖစ္ ေဒါ့မြန္ထံ ယူ႐ို ၆၉ သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ဒီေျပာင္းေရႊ႕ေၾကးဆိုရင္ေတာ့ ေဒါ့မြန္က သတ္မွတ္ထားတာထက္ ယူ႐ိုသန္း ၂၀ ကြာေနပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဆန္ခ်ိဳကို ေခၚယူဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္ ေဒါ့မြန္ဘက္က သတ္မွတ္ခဲ့တဲ့ ယူ႐ိုသန္း ၁၂၀ ၀န္းက်င္ေပးေခ်ဖို႔ ျငင္းဆန္ခဲ့ပါတယ္။
ေဒါ့မြန္အသင္းအားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့က မိမိတို႔အသင္းဟာ အေျပာင္းအေရႊ႕နဲ႔ပတ္သက္လို႔ ဆန္ခ်ိဳနဲ႔ လူႀကီးလူေကာင္းဆန္တဲ့သေဘာတူညီခ်က္ရယူထားတယ္လို႔ ေမလက လူသိရွင္ၾကားဖြင့္ဟထားပါတယ္။