ဆန်ချိုကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ချဲလ်ဆီးအသင်း အသင့်ရှိနေ

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုအတွက် ပေါင်သန်း ၈၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေရာ သူ့ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်း သတ်မှတ်တဲ့နောက်ဆုံးနေ့မတိုင်ခင် မကမ်းလှမ်းနိုင်ခဲ့လို့ ပျက်ပြယ်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာလည်း ဆန်ချိုကို ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် The Sun သတင်းစာရဲ့ဖော်ပြချက်အရ ချဲလ်ဆီးကပါ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီသတင်းစာကပဲ ချဲလ်ဆီးနည်းပြ တူချယ်ဟာ အသက် ၂၁နှစ်အရွယ်ရှိ ဆန်ချိုရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


ဆန်ချိုဟာ ဒေါ့မွန်နည်းပြရာထူးကနေ တူချယ်ထုတ်ပယ်ခံရပြီး လအနည်းငယ်အကြာ ၂၀၁၇ သြဂုတ်လမှာ မန်စီးတီးကို ဒေါ့မွန်ကို ရောက်လာခဲ့သူပါ။

ဒါပေမဲ့ တူချယ်ဟာ အရင်ဆုံး ယခုရာသီအကုန်မှာ အသင်းသစ်နဲ့အတူ အောင်မြင်မှုရဖို့ ပိုမိုဦးစားပေးအာရုံစိုက်ထားပြီး ချဲလ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။


သတင်းတွေရဲ့ဖော်ပြချက်အရ ယခုရာသီကုန်ရင်တော့ ချဲလ်ဆီးတာဝန်ရှိသူတွေဟာ ဈေးကွက်အတွင်း ကြီးမားတဲ့အပြောင်းအရွှေ့ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဆန်ချိုက ငယ်ဘဝမှာ ချဲလ်ဆီးရဲ့အမာခံပရိသတ်ဖြစ်ခဲ့သလို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ နီးကပ်စွာနေနိုင်ရေးအတွက် အင်္ဂလန်ကို ပြန်ပြောင်းချင်နေပါတယ်။


ဒေါ့မွန်ကတော့ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ လောက် အလိုရှိနေပါတ်ယ။
ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် ရာသီအစမှာ ခြေစွမ်းပျောက်ဆုံးခဲ့ပေမယ့် ယခုနှစ်မှာတော့ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၃၇ပွဲမှာ ၁၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ်ပြုလုပ်ပေးထားပါတယ်။

Zawgyi
ဆန္ခ်ိဳကို ေပါင္သန္း ၈၀ နဲ႔ ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္း အသင့္ရွိေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳအတြက္ ေပါင္သန္း ၈၀နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနရာ သူ႕ကိ္ု ေခၚယူႏိုင္ဖို႔ ေရပန္းစားလာတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္ ေဒါ့မြန္အသင္း သတ္မွတ္တဲ့ေနာက္ဆုံးေန႔မတိုင္ခင္ မကမ္းလွမ္းႏိုင္ခဲ့လို႔ ပ်က္ျပယ္ခဲ့ရပါတယ္။
ယူႏိုက္တက္ဟာ လာမယ့္ေႏြရာသီမွာလည္း ဆန္ခ်ိဳကို ေခၚယူဖို႔ ျပင္ဆင္ေနေပမယ့္ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးကပါ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
အဲဒီသတင္းစာကပဲ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ အသက္ ၂၁ႏွစ္အရြယ္ရွိ ဆန္ခ်ိဳရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။
ဆန္ခ်ိဳဟာ ေဒါ့မြန္နညး္ျပရာထူးကေန တူခ်ယ္ထုတ္ပယ္ခံရၿပီး လအနည္းငယ္အၾကာ ၂၀၁၇ ၾသဂုတ္လမွာ မန္စီးတီးကို ေဒါ့မြန္ကို ေရာက္လာခဲ့သူပါ။
ဒါေပမ့ဲ တူခ်ယ္ဟာ အရင္ဆုံး ယခုရာသီအကုန္မွာ အသင္းသစ္နဲ႔အတူ ေအာင္ျမင္မႈရဖို႔ ပိုမိုဦးစားေပးအာ႐ုံစိုက္ထားၿပီး ခ်ဲလ္ဆီးက ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ အေျခအေနေကာင္းေနသလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း မန္စီးတီးနဲ႔ ရင္ဆိုင္ရမွာပါ။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယခုရာသီကုန္ရင္ေတာ့ ခ်ဲလ္ဆီးတာ၀န္ရွိသူေတြဟာ ေစ်းကြက္အတြင္း ႀကီးမားတဲ့အေျပာင္းအေရႊ႕ ျပဳလုပ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ဆန္ခ်ိဳက ငယ္ဘ၀မွာ ခ်ဲလ္ဆီးရဲ႕အမာခံပရိသတ္ျဖစ္ခဲ့သလို မိသားစု၀င္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ နီးကပ္စြာေနႏိုင္ေရးအတြက္ အဂၤလန္ကို ျပန္ေျပာင္းခ်င္ေနပါတယ္။
ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၁၀၀ ေလာက္ အလိုရွိေနပါတ္ယ။
ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခြင့္ဆုံး႐ံႈးခဲ့ရၿပီးေနာက္ ရာသီအစမွာ ေျခစြမ္းေပ်ာက္ဆုံးခဲ့ေပမယ့္ ယခုႏွစ္မွာေတာ့ ပုံမွန္ေျခစြမ္းျပန္လည္ရရွိေနၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၃၇ပြဲမွာ ၁၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၂၁ ႀကိမ္ျပဳလုပ္ေပးထားပါတယ္။