ဆန်ချိုကို ပေါင်(၇၇)သန်းနဲ့ ယူနိုက်တက်ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အခုတစ်ပတ်အတွင်း အတည်ပြုဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာလရှည်ကြိုးပမ်းခဲ့ရတဲ့ ဒေါ့မွန်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမားဆန်ချိုကို ပေါင်(၇၇)သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဒေ့ါမွန်အသင်းတို့ဟာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးညှိနှိုင်းမရသေးလို့ အပြောင်းအရွှေ့ကိစ္စက ကြန့်ကြာနေတာဖြစ်ပြီး အခုအချိန်မှာတော့

ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်သလို ဒီတစ်ပတ်ထဲမှာပဲ အပြောင်းအရွှေ့သတင်းကို အတည်ပြုထုတ်ပြန်ကြေညာသွားဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နှစ်ကတည်းကကြိုးပမ်းခဲ့တာဖြစ်ပြီး သဘောတူညီမှုရဖို့နီးစပ်ခဲ့ပေမယ့် ဒေ့ါမွန်အသင်းက သူတို့ကစားသမားအတွက် ပေါင်သန်း(၁၁၀)အထိတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။

အခုအချိန်မှာတော့ ဒေ့ါမွန်အသင်းဟာ ဆန်ချိုအတွက် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကို လျှော့ချပေးခဲ့သလို ပြီးခဲ့တဲ့ရက်တွေအတွင်း နှစ်သင်းအကြားဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်

ပေါင်(၇၃)သန်း၊ ခြေစွမ်းနဲ့အောင်မြင်မှုအပေါ်လိုက်ပြီး ဆုကြေးပေါင်(၄)သန်း စုစုပေါင်းပေါင်(၇၇)သန်းနဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရဖို့နီးစပ်နေတာဖြစ်ပါတယ်။

ဆန်ချိုဟာ အခုလောလောဆယ်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲဆင်နွှဲနေပြီး ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ဂျာမနီနဲ့ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ပေမယ့် ပြိုင်ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ အပြီးသတ်လုပ်ဆောင်သွားမယ့်အနေအထားရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နံပါတ်(၁)ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရာနှုန်းပြည့်နီးပါးသေချာသွားပြီဖြစ်တာကြောင့် နောက်ခံလူတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့အတွက် အာရုံစိုက်ကြိုးစားတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားဖို့အတွက် ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးရှာဖွေနေပြီး ရီးယဲလ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ စပိန်ဝါရင့်နောက်ခံလူရာမို့စ်အပြင် ဗာရန်း၊ ပေါတောရက်စ်စတဲ့ကစားသမားတွေကို ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဆန္ခ်ိဳကို ေပါင္(၇၇)သန္းနဲ႔ ယူႏိုက္တက္ေခၚယူႏိုင္ေတာ့မွာျဖစ္ၿပီး အခုတစ္ပတ္အတြင္း အတည္ျပဳဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကာလရွည္ႀကိဳးပမ္းခဲ့ရတဲ့ ေဒါ့မြန္အသင္းရဲ႕အဂၤလန္လူငယ္ၾကယ္ပြင့္တိုက္စစ္ကစားသမားဆန္ခ်ိဳကို ေပါင္(၇၇)သန္းနဲ႔ ေခၚယူႏိုင္ေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ေဒ့ါမြန္အသင္းတို႔ဟာ ဆန္ခ်ိဳရဲ႕ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းမရေသးလို႔ အေျပာင္းအေ႐ႊ႕ကိစၥက ၾကန႔္ၾကာေနတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီျဖစ္သလို ဒီတစ္ပတ္ထဲမွာပဲ အေျပာင္းအေ႐ႊ႕သတင္းကို အတည္ျပဳထုတ္ျပန္ေၾကညာသြားဖို႔ရွိေနပါၿပီ။

ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ႏွစ္ကတည္းကႀကိဳးပမ္းခဲ့တာျဖစ္ၿပီး သေဘာတူညီမႈရဖို႔နီးစပ္ခဲ့ေပမယ့္ ေဒ့ါမြန္အသင္းက သူတို႔ကစားသမားအတြက္ ေပါင္သန္း(၁၁၀)အထိေတာင္းဆိုခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕က မျဖစ္ေျမာက္ခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ ေဒ့ါမြန္အသင္းဟာ ဆန္ခ်ိဳအတြက္ သတ္မွတ္ထားတဲ့ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးခဲ့သလို ၿပီးခဲ့တဲ့ရက္ေတြအတြင္း ႏွစ္သင္းအၾကားေဆြးေႏြးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ ေပါင္(၇၃)သန္း၊ ေျခစြမ္းနဲ႔ေအာင္ျမင္မႈအေပၚလိုက္ၿပီး ဆုေၾကးေပါင္(၄)သန္း စုစုေပါင္းေပါင္(၇၇)သန္းနဲ႔ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈရဖို႔နီးစပ္ေနတာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ အခုေလာေလာဆယ္မွာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲဆင္ႏႊဲေနၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္ျဖစ္တဲ့ ဂ်ာမနီနဲ႔ပြဲအတြက္ ေလ့က်င့္မႈေတြျပဳလုပ္ေပမယ့္ ၿပိဳင္ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ အၿပီးသတ္လုပ္ေဆာင္သြားမယ့္အေနအထားရွိေနပါတယ္။

ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ နံပါတ္(၁)ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ ရာႏႈန္းျပည့္နီးပါးေသခ်ာသြားၿပီျဖစ္တာေၾကာင့္ ေနာက္ခံလူတစ္ဦးနဲ႔ ကြင္းလယ္လူတစ္ဦးကို ေခၚယူဖို႔အတြက္ အာ႐ုံစိုက္ႀကိဳးစားေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ မက္ဂြိဳင္းယားနဲ႔တြဲဖက္ကစားဖို႔အတြက္ ကမာၻ႔အဆင့္ေနာက္ခံလူတစ္ဦးရွာေဖြေနၿပီး ရီးယဲလ္အသင္းနဲ႔လမ္းခြဲခဲ့တဲ့ စပိန္ဝါရင့္ေနာက္ခံလူရာမို႔စ္အျပင္ ဗာရန္း၊ ေပါေတာရက္စ္စတဲ့ကစားသမားေတြကို ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေနတာလည္းျဖစ္ပါတယ္။