ဆန်ချိုကို ပေါင် (၇၂) သန်းနဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းပြီး လာမယ့် အပတ်မှာ ခေါ်ယူနိုင်ချေ ရှိတဲ့ မန်ယူ

Metro သတင်းက မန်ယူအသင်းဟာ ဆန်ချိုကို ပေါင် (၇၂.၅) သန်းနဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းပြီး လာမယ့် အပတ်မှာတော့ ဒေါ့မွန်အသင်းကနေ အပြီးသတ် ခေါ်ယူနိုင်ချေ ရှိတယ်လို့ အသေအချာ ဖော်ပြသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆန်ချိုကို လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ် နှစ်အစမှာ ခေါ်ယူဖို့ စစိတ်ဝင်စားခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၂၀) ခုနှစ်က နွေရာသီအပြောင်းအရွေ့မှာ ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ခေါ်ယူချင်ပါက ပေါင် (၁၀၈) သန်း ပေးရမယ်လို့ ကနဦး တောင်းဆိုခဲ့ပေမယ့်လည်း ကစားသမားရဲ့ စာချုပ် အခြေအနေ နဲ့ ကပ်ရောဂါ အခြေအနေကြောင့် ပြောင်းရွေ့ကြေးကို လျှော့ချလာပါတယ်။

မန်ယူအသင်းဟာ ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေးနဲ့ နီးကပ်ပြီး ဆန်ချိုကို ပေါင် (၇၂.၅) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာကြောင့် လာမယ့် အပတ်မှာက အပြောင်းအရွေ့ ဖြစ်မြောက်သွားနိုင်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို မန်ယူအသင်းဆီ ရောင်းမယ် ဆိုရင် နောက်ထပ် အပိုကြေးတွေ တောင်းမှာ ဖြစ်ပြီး Metro သတင်းက အပိုကြေးတွေ ပေးဆောင်ဖို့ မန်ယူအသင်းမှာ ပြဿနာ မရှိလောက်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ ဆန်ချိုကသာ မန်ယူအသင်းဆီကို ပြောင်းရွေ့ ဖြစ်သွားမယ် ဆိုရင် မန်စီးတီးအသင်းက ဆန်ချိုကို ဒေါ့မွန်အသင်းဆီ ရောင်းချခဲ့စဉ်က သဘောတူညီမှုအရ ပြောင်းရွေ့ကြေး ပေါင် (၁၁) သန်း ရရှိမှာ ဖြစ်ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဂရင်းဝုဒ်ကို တောင်ပံကနေ ကွင်းလယ်ဖက်ကို ပြောင်းကစားစေချင်တာကြောင့် လက်ရှိအချိန်မှာ နောက်ထပ် ညာတောင်ပံ ကစားသမားကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

ပြောင်းရွေ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုနဲ့ (၅) နှစ်ကြာ စာချုပ်ကို သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ သတင်းထွက်နေပြီး မန်ယူအသင်းမှာ တစ်ပတ်ကို ပေါင် (၃သိန်းခွဲ) ရရှိနိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။

Zawgyi

ဆန္ခ်ိဳကို ေပါင္ (၇၂) သန္းနဲ႔ ဒုတိယ အႀကိမ္ ကမ္းလွမ္းၿပီး လာမယ့္ အပတ္မွာ ေခၚယူႏိုင္ေခ် ရွိတဲ့ မန္ယူ

Metro သတင္းက မန္ယူအသင္းဟာ ဆန္ခ်ဳိကုိ ေပါင္ (၇၂.၅) သန္းနဲ႔ ဒုတိယ အႀကိမ္ ကမ္းလွမ္းၿပီး လာမယ့္ အပတ္မွာေတာ့ ေဒါ့မြန္အသင္းကေန အၿပီးသတ္ ေခၚယူႏုိင္ေခ် ရွိတယ္လုိ႔ အေသအခ်ာ ေဖာ္ျပသြားခဲ့ပါတယ္။

မန္ယူအသင္းဟာ ဆန္ခ်ဳိကုိ လြန္ခဲ့တဲ့ (၂၀၁၉) ခုႏွစ္ ႏွစ္အစမွာ ေခၚယူဖုိ႔ စစိတ္ဝင္စားခဲ့ၿပီး လြန္ခဲ့တဲ့ (၂၀၂၀) ခုႏွစ္က ေႏြရာသီအေျပာင္းအေရြ႕မွာ ေခၚယူဖုိ႔ အသည္းအသန္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ဆန္ခ်ဳိကုိ ေခၚယူခ်င္ပါက ေပါင္ (၁၀၈) သန္း ေပးရမယ္လုိ႔ ကနဦး ေတာင္းဆုိခဲ့ေပမယ့္လည္း ကစားသမားရဲ႕ စာခ်ဳပ္ အေျခအေန နဲ႔ ကပ္ေရာဂါ အေျခအေနေၾကာင့္ ေျပာင္းေရြ႕ေၾကးကုိ ေလွ်ာ့ခ်လာပါတယ္။

မန္ယူအသင္းဟာ ေဒါ့မြန္အသင္း ေတာင္းဆုိထားတဲ့ ေျပာင္းေရြ႕ေၾကးနဲ႔ နီးကပ္ၿပီး ဆန္ခ်ဳိကုိ ေပါင္ (၇၂.၅) သန္းနဲ႔ ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတာေၾကာင့္ လာမယ့္ အပတ္မွာက အေျပာင္းအေရြ႕ ျဖစ္ေျမာက္သြားႏုိင္ပါတယ္။

ေဒါ့မြန္အသင္းဟာ ဆန္ခ်ဳိကုိ မန္ယူအသင္းဆီ ေရာင္းမယ္ ဆုိရင္ ေနာက္ထပ္ အပုိေၾကးေတြ ေတာင္းမွာ ျဖစ္ၿပီး Metro သတင္းက အပုိေၾကးေတြ ေပးေဆာင္ဖုိ႔ မန္ယူအသင္းမွာ ျပႆနာ မရွိေလာက္ဘူးလုိ႔ ေဖာ္ျပခဲ့ပါတယ္။

တကယ္လုိ႔ ဆန္ခ်ဳိကသာ မန္ယူအသင္းဆီကုိ ေျပာင္းေရြ႕ ျဖစ္သြားမယ္ ဆုိရင္ မန္စီးတီးအသင္းက ဆန္ခ်ဳိကုိ ေဒါ့မြန္အသင္းဆီ ေရာင္းခ်ခဲ့စဥ္က သေဘာတူညီမႈအရ ေျပာင္းေရြ႕ေၾကး ေပါင္ (၁၁) သန္း ရရွိမွာ ျဖစ္ပါတယ္။

မန္ယူနည္းျပ ဆုိးလ္ရွားကေတာ့ ဂရင္းဝုဒ္ကုိ ေတာင္ပံကေန ကြင္းလယ္ဖက္ကုိ ေျပာင္းကစားေစခ်င္တာေၾကာင့္ လက္ရွိအခိ်န္မွာ ေနာက္ထပ္ ညာေတာင္ပံ ကစားသမားကုိလည္း ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရွိရပါတယ္။

ေျပာင္းေရြ႕ သတင္းေတြအရ မန္ယူအသင္းဟာ ဆန္ခ်ဳိနဲ႔ (၅) ႏွစ္ၾကာ စာခ်ဳပ္ကုိ သေဘာတူညီမႈ ရရွိခဲ့ၿပီးၿပီလုိ႔ သတင္းထြက္ေနၿပီး မန္ယူအသင္းမွာ တစ္ပတ္ကုိ ေပါင္ (၃သိန္းခဲြ) ရရွိႏုိင္တယ္လုိ႔ သတင္းေတြ ထြက္ေနတာပါ။