ဆန်ချိုရဲ့ စာချုပ်ကို အခွင့်ကောင်းယူပြီး ဟာလန်းကို ခေါ်ယူမယ့် မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ စီးတီးအသင်းဟာ ဂျေဒန် ဆန်ချိုရဲ့ စာချုပ်ပါအချက်ကို အသုံးချပြီး ယူနိုက်တက်ကို အသာစီးရယူကာ ဟာလန်းကို ခေါ်ယူသွားဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက် နှင့် မန်စီးတီးအသင်းဟာလည်း အခြားသော ဥရောပအသင်းကြီးတွေနည်းတူ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းက ဆန်ချိုကို ရောင်းချပါက ပြောင်းရွေ့ကြေးရဲ့ ( ၁၅ ) ရာခိုင်နှုန်းကို မန်စီးတီးအသင်းက ရရှိမယ်လို့ စာချုပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အင်္ဂလန် လက်ရွေးစင်ရဲ့ ပြောင်းရွေ့ကြေးက ပေါင်သန်း ( ၁၂၀ ) ဝန်းကျင် ရှိနိုင်တဲ့အတွက် မန်စီးတီးအနေနဲ့ ပေါင် ( ၁၅ ) သန်းကျော် ရရှိနိုင်မယ့် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးက အဆိုပါအချက်ကို အသုံးချပြီး ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးရာမှာ အခြားအသင်းတွေထက် အသာစီးရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ အသက် ( ၃၂ ) နှစ်အရွယ်ရှိ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အဂွဲရိုးနေရာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးကွင်းလယ်ကစားသမားဟောင်း Alf Inge ရဲ့သားဖြစ်သူ ဟာလန်းကို နွေရာသီအပြောင်းအရွေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အသက် ( ၂၀ ) အရွယ် နော်ဝေကြယ်ပွင့် ကစားသမားဟာ ( ၂၀၂၂ ) နှစ် နွေရာသီမှာ ပြောင်းရွေ့ကြေး ပေါင် ( ၆၅ ) သန်းနဲ့ ဒေါ့မွန်ကို စွန့်ခွာခွင့် ရှိနေပါတယ်။ ဟာလန်းအနေနဲ့ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ( ၁၆ ) ပွဲ ကစားပေးထားပြီး ( ၁၉ ) ဂိုး သွင်းယူထားပါတယ်။ Source : The Sun

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာ စီးတီးအသင္းဟာ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ စာခ်ဳပ္ပါအခ်က္ကို အသုံးခ်ၿပီး ယူႏိုက္တက္ကို အသာစီးရယူကာ ဟာလန္းကို ေခၚယူသြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ယူႏိုက္တက္ ႏွင့္ မန္စီးတီးအသင္းဟာလည္း အျခားေသာ ဥေရာပအသင္းႀကီးေတြနည္းတူ ဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းက ဆန္ခ်ိဳကို ေရာင္းခ်ပါက ေျပာင္းေ႐ြ႕ေၾကးရဲ႕ ( ၁၅ ) ရာခိုင္ႏႈန္းကို မန္စီးတီးအသင္းက ရရွိမယ္လို႔ စာခ်ဳပ္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အဂၤလန္ လက္ေ႐ြးစင္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးက ေပါင္သန္း ( ၁၂၀ ) ဝန္းက်င္ ရွိႏိုင္တဲ့အတြက္ မန္စီးတီးအေနနဲ႔ ေပါင္ ( ၁၅ ) သန္းေက်ာ္ ရရွိႏိုင္မယ့္ အခြင့္အေရးရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မန္စီးတီးက အဆိုပါအခ်က္ကို အသုံးခ်ၿပီး ေဒါ့မြန္အသင္းနဲ႔ ေဆြးေႏြးရာမွာ အျခားအသင္းေတြထက္ အသာစီးရဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

မန္စီးတီးအေနနဲ႔ အသက္ ( ၃၂ ) ႏွစ္အ႐ြယ္ရွိ အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္ အဂြဲ႐ိုးေနရာ အစားထိုးဖို႔ တိုက္စစ္မႉးသစ္ ရွာေဖြေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မန္စီးတီးကြင္းလယ္ကစားသမားေဟာင္း Alf Inge ရဲ႕သားျဖစ္သူ ဟာလန္းကို ေႏြရာသီအေျပာင္းအေ႐ြ႕မွာ ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ အသက္ ( ၂၀ ) အ႐ြယ္ ေနာ္ေဝၾကယ္ပြင့္ ကစားသမားဟာ ( ၂၀၂၂ ) ႏွစ္ ေႏြရာသီမွာ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၆၅ ) သန္းနဲ႔ ေဒါ့မြန္ကို စြန႔္ခြာခြင့္ ရွိေနပါတယ္။ ဟာလန္းအေနနဲ႔ ဒီရာသီမွာ ေဒါ့မြန္အသင္းအတြက္ ( ၁၆ ) ပြဲ ကစားေပးထားၿပီး ( ၁၉ ) ဂိုး သြင္းယူထားပါတယ္။ Source : The Sun