ဂျာဒွန်ဆန်ချိုဟာမန်ချက်စတာယူနိုက်တက်တွင်နေရာပြောင်းကစားလာတော့မှာ
ဖြစ်ကြောင်းသိရပါတယ်။အင်္ဂလန်တောင်ပံကစားသမားဟာတောင်ပံနောက်ခံလူအဖြစ်
ကစားရန်အတွက်မန်ယူလေ့ကျင့်ရေးကွင်းတွင်လေ့ကျင့်မှုများပြုလုပ်နေပြီဖြစ်ပါတယ်။
ဆန်ချိုဟာနွေရာသီတုန်းကဒေါ့မွန်မှမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်၇၃သန်းဖြင့်
ရောက်လာပြီးနောက်၁၃ပွဲကစားထားရာမှာသွင်းဂိုးမရှိသလိုဖန်တီးမှုလည်းမရှိပါဘူး။
သူဟာပြိုင်ပွဲအရပ်ရပ်တွင်၆ပွဲပွဲထွက်ခွင့်ရထားပေမယ့်တစ်ပွဲတည်းသာ
ပွဲချိန်ပြည့်ကစားထားရပြီး၅၆၆မိနစ်တည်းသာကစားခွင့်ရထားပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာဆန်ချိုကိုနောက်ပိုင်း
ပြောင်းလဲအသုံးပြုလာတဲ့၃-၄-၁-၂ကစားကွက်တွင်နေရာပေးနိုင်ရန်အတွက်
တောင်ပံခံစစ်သမားအဖြစ်ပြောင်းလဲလေ့ကျင့်ပေးနေကြောင်းသိရပါတယ်။
မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-ဝဂိုးဖြင့်
အရှက်တကွဲရှုံးနိမ့်ပြီးနောက်၃-၄-၁-၂ကစားကွက်ကိုပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။
အဆိုပါကစားကွက်တွင်တောင်ပံကစားသမားအတွက်နေရာမရှိပါဘူး။
ဒါပေမယ့်ဆိုးလ်ရှားဟာတိုက်စစ်လိုက်ပါမှုအားနည်းတဲ့အပြင်ဘောလုံးအရည်အသွေး
ညံ့မှုကြောင့်ဝေဖန်မှုခံနေရတဲ့အေရွန်ဝမ်ဘစ်ဆာခါနေရာတွင်
ဆန်ချိုကိုအစားထိုးအသုံးပြုရန်ရည်ရွယ်ထားပါတယ်။မန်ယူဟာဆန်ချိုကို
ပြီးခဲ့တဲ့လေ့ကျင့်ရေးအစီအစဉ်များတွင်တောင်ပံခံစစ်သမားအဖြစ်
စမ်းသပ်လေ့ကျင့်ပေးမှုများပြုလုပ်နေပါတယ်။
ဒါ့အပြင် The Athletic ရဲ့ဖော်ပြချက်အရဆန်ချိုမှာမန်ယူတွင်
တာထွက်မကောင်းမှုကြောင့်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းစဉ်တုန်းက
နားကိုက်ခဲမှုကြောင့်နားကိုဝါဂွမ်းဖြင့်ဆို့ကာလေ့ကျင့်ခဲ့ရခြင်း၊
ယင်းနောက်ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းတို့ဖြစ်ကြောင်းလည်းသိရပါတယ်။
zawgyi
ဆန်ချိုဟာ ယူနိုက်တက်တွင် နေရာပြောင်းကစားလာတော့မှာဖြစ်ကြောင်းသိရ