
ဂါရတ်ဆောက်ဂိတ်ဟာလာမယ့် အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်
ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အင်္ဂလန်လူစာရင်းကို
ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ အောက်တိုဘာလတုန်းကအင်္ဂလန်အသင်းရဲ့
ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်မပါဝင်ခဲ့တဲ့ဂျူ့ဘယ်လင်ဂမ်မှာပြန်လည်
ရွေးချယ်ခံလာရပြီးမေဆင်ဂရင်းဝုဒ်မှာလည်းအခြားမန်ယူကစားသမားများဖြစ်ကြတဲ့
ဂျာဒွန်ဆန်ချို၊ဂျက်စီလင်ဂတ်တို့နှင့်အတူချန်လှပ်ခံခဲ့ရပါတယ်။
ဆန်ချိုအားမရွေးချယ်မှုနဲ့ပတ်သက်ပြီးဆောက်ဂိတ်က “ဂျက်စီနဲ့ဂျာဒွန်တို့က
သူတို့နေရာကအခြားကစားသမားတွေနဲ့ယှဉ်ရင်ပွဲတွေအများကြီး
ကစားခွင့်မရပါဘူး။နှစ်ဦးလုံးကလည်းဒါကိုနားလည်ပါတယ်။
သူတို့ကလပ်မှာပွဲအများကြီးကစားခွင့်ရအောင်လုပ်ပြီးခြေစွမ်းပြရမယ်ဆိုတာ
သူတို့သိပါတယ်။အင်္ဂလန်ကသူတို့အတွက်အပိုဆုအဖြစ်ရောက်လာမှာပါ။
သူတို့နှစ်ဦးလုံးကကျွန်တော်တို့အတွက်အကောင်းဆုံးလုပ်ခဲ့ကြသူတွေပါ။
သူတို့ပြန်လာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
အောက်တိုဘာလတုန်းကခြေစစ်ပွဲများကိုဒဏ်ရာကြောင့်လွဲချော်ခဲ့တဲ့
ဟယ်ရီမက်ဂွိုင်းယား၊ရီစီဂျိမ်းစ်နှင့်ကယ်ဗင်ဖီးလစ်တို့မှာပြန်လည်ပါဝင်လာသလို
လီဗာပူးညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးမှာလည်း ယူရို ၂၀၂၀
နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ပြန်လည်ပါဝင်လာပါတယ်။
မားကပ်စ်ရပ်ရှ်ဖို့ဒ်မှာလည်းယူရို၂၀၂၀ပြိုင်ပွဲနောက်ပိုင်းတွင်အင်္ဂလန်အသင်းတွင်
ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူဟာ
ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်
အင်္ဂလန်အတွက်မကစားလာနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းလူစာရင်း
ဂိုး-ဆမ်ဂျွန်စတုန်း(ဝက်စ်ဘရွန်း)၊ဂျော်ဒန်ပစ်ဖို့ဒ်(အဲဗာတန်)၊ရမ်ဒေးလ်(အာဆင်နယ်)။
နောက်တန်း-ထရန်းအလက်ဇန္ဒားအာနိုး(လီဗာပူး)၊ဘင်ချဲလ်ဝဲလ်(ချဲလ်ဆီး)၊
ကော်နာကွာဒီ(ဝုဗ်)၊ရီစီဂျိမ်းစ်(ချဲလ်ဆီး)၊ဟယ်ရီမက်ဂွိုင်းယား(မန်ယူ)၊
တိုင်ရွန်မင်(ဗီလာ)၊လုခ်ရှော(မန်ယူ)၊ဂျွန်စတုန်း(မန်စီးတီး)၊ကိုင်လီဝေါလ်ကား(မန်စီးတီး)၊
အလယ်တန်း-ဂျူ့ဘယ်လင်ဂမ်(ဒေါ့မွန်)၊ဟင်ဒါဆင်(လီဗာပူး)၊မေဆင်မောင့်(ချဲလ်ဆီး)၊
ကယ်ဗင်ဖီးလစ်(လိဒ်)၊ဒက်လန်းရိုက်(ဝက်စ်ဟမ်း)၊ဂျိမ်းစ်ဝတ်ပရောက်စ်(ဆောက်သမ်တန်)။
ရှေ့တန်း-အေဘရာဟမ်(ရိုးမား)၊ဖီးလ်ဖိုဒန်(မန်စီးတီး)၊ဂျက်ဂရဲလ်လစ်ရှ်(မန်စီးတီး)၊
ဟယ်ရီကိန်း(စပါးစ်)၊မားကပ်စ်ရပ်ရှ်ဖို့ဒ်(မန်ယူ)၊ဘူကာယိုဆာကာ(အာဆင်နယ်)၊
ရာဟမ်းစတာလင်း(မန်စီးတီး)။
zawgyi
ဆန္ခ်ိဳဟာ လာမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ အဂၤလန္လူစာရင္းတြင္ ခ်န္လွပ္ျခင္းခံရ
ဂါရတ္ေဆာက္ဂိတ္ဟာလာမယ့္ အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္
ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ အဂၤလန္လူစာရင္းကို
ထုတ္ျပန္ေၾကညာလာခဲ့ပါတယ္။ ေအာက္တိုဘာလတုန္းကအဂၤလန္အသင္းရဲ႕
ကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္မပါဝင္ခဲ့တဲ့ဂ်ဴ႕ဘယ္လင္ဂမ္မွာျပန္လည္
ေ႐ြးခ်ယ္ခံလာရၿပီးေမဆင္ဂရင္းဝုဒ္မွာလည္းအျခားမန္ယူကစားသမားမ်ားျဖစ္ၾကတဲ့
ဂ်ာဒြန္ဆန္ခ်ိဳ၊ဂ်က္စီလင္ဂတ္တို႔ႏွင့္အတူခ်န္လွပ္ခံခဲ့ရပါတယ္။
ဆန္ခ်ိဳအားမေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီးေဆာက္ဂိတ္က “ဂ်က္စီနဲ႔ဂ်ာဒြန္တို႔က
သူတို႔ေနရာကအျခားကစားသမားေတြနဲ႔ယွဥ္ရင္ပြဲေတြအမ်ားႀကီး
ကစားခြင့္မရပါဘူး။ႏွစ္ဦးလုံးကလည္းဒါကိုနားလည္ပါတယ္။
သူတို႔ကလပ္မွာပြဲအမ်ားႀကီးကစားခြင့္ရေအာင္လုပ္ၿပီးေျခစြမ္းျပရမယ္ဆိုတာ
သူတို႔သိပါတယ္။အဂၤလန္ကသူတို႔အတြက္အပိုဆုအျဖစ္ေရာက္လာမွာပါ။
သူတို႔ႏွစ္ဦးလုံးကကြၽန္ေတာ္တို႔အတြက္အေကာင္းဆုံးလုပ္ခဲ့ၾကသူေတြပါ။
သူတို႔ျပန္လာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။
ေအာက္တိုဘာလတုန္းကေျခစစ္ပြဲမ်ားကိုဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့တဲ့
ဟယ္ရီမက္ဂြိဳင္းယား၊ရီစီဂ်ိမ္းစ္ႏွင့္ကယ္ဗင္ဖီးလစ္တို႔မွာျပန္လည္ပါဝင္လာသလို
လီဗာပူးညာေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးမွာလည္း ယူ႐ို ၂၀၂၀
ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ျပန္လည္ပါဝင္လာပါတယ္။
မားကပ္စ္ရပ္ရွ္ဖို႔ဒ္မွာလည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲေနာက္ပိုင္းတြင္အဂၤလန္အသင္းတြင္
ပထမဆုံးအႀကိမ္အျဖစ္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ သူဟာ
ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ပုခုံးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္
အဂၤလန္အတြက္မကစားလာႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
အဂၤလန္အသင္းလူစာရင္း
ဂိုး-ဆမ္ဂြၽန္စတုန္း(ဝက္စ္ဘ႐ြန္း)၊ေဂ်ာ္ဒန္ပစ္ဖို႔ဒ္(အဲဗာတန္)၊ရမ္ေဒးလ္(အာဆင္နယ္)။
ေနာက္တန္း-ထရန္းအလက္ဇႏၵားအာႏိုး(လီဗာပူး)၊ဘင္ခ်ဲလ္ဝဲလ္(ခ်ဲလ္ဆီး)၊
ေကာ္နာကြာဒီ(ဝုဗ္)၊ရီစီဂ်ိမ္းစ္(ခ်ဲလ္ဆီး)၊ဟယ္ရီမက္ဂြိဳင္းယား(မန္ယူ)၊
တိုင္႐ြန္မင္(ဗီလာ)၊လုခ္ေရွာ(မန္ယူ)၊ဂြၽန္စတုန္း(မန္စီးတီး)၊ကိုင္လီေဝါလ္ကား(မန္စီးတီး)၊
အလယ္တန္း-ဂ်ဴ႕ဘယ္လင္ဂမ္(ေဒါ့မြန္)၊ဟင္ဒါဆင္(လီဗာပူး)၊ေမဆင္ေမာင့္(ခ်ဲလ္ဆီး)၊
ကယ္ဗင္ဖီးလစ္(လိဒ္)၊ဒက္လန္း႐ိုက္(ဝက္စ္ဟမ္း)၊ဂ်ိမ္းစ္ဝတ္ပေရာက္စ္(ေဆာက္သမ္တန္)။
ေရွ႕တန္း-ေအဘရာဟမ္(႐ိုးမား)၊ဖီးလ္ဖိုဒန္(မန္စီးတီး)၊ဂ်က္ဂရဲလ္လစ္ရွ္(မန္စီးတီး)၊
ဟယ္ရီကိန္း(စပါးစ္)၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္(မန္ယူ)၊ဘူကာယိုဆာကာ(အာဆင္နယ္)၊
ရာဟမ္းစတာလင္း(မန္စီးတီး)။