
ဂျေဒန် ဆန်ချိုရဲ့ မန်ချက်စတာ ယူနိုက်တက်ကစားသမားဘဝ
အစခရီးက မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။
ယူရို ( ၂၀၂၀ ) မှာ စိတ်ပျက်စရာ ပင်နယ်တီ လွဲချော်မှုနဲ့အတူ
ပေါင် ( ၇၃ ) သန်းဖြင့် ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုရောက်ရှိလာမှုရဲ့
ကြီးမားတဲ့ သက်ရောက်ကြောင့် သူ့အပေါ် ကျရောက်နေတဲ့
ဖိအားတွေကိုလည်း လျော့နည်းသွားခဲ့ပါတယ်။
မကြာသေးမီက ရက်သတ္တပတ်တွေအတွင်းမှာ ဆန်ချိုက
ပုံစံကောင်း ပြန်လည်ပြသနေပါတယ်။
ဗီလာရီးရဲနဲ့ပွဲစဉ်မှာ ခြေစွမ်းပြသွင်းဂိုးရယူနိုင်ခဲ့သလို ချဲလ်ဆီးနဲ့
အဝေးကွင်းပွဲစဉ်မှာလည်း အရေးပါတဲ့သွင်းဂိုး ရယူပေးခဲ့ပါတယ်။
( ၂၀၂၂ ) က ဆန်ချိုအတွက် ပိုမိုကြီးကျယ်ခမ်းနားတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆန်ချိုရဲ့ ခြေစွမ်း ပိုမိုတိုးတက်လာမယ့်
အကြောင်းပြချက် ( ၃ ) ခုကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ )မှတ်တမ်းဟောင်း။
ဆန်ချိုက ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်မှာလည်း အထနှေးခဲ့ပေမယ့်
အကောင်းဆုံးခြေစွမ်းနဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
တောင်ပံကစားသမားဟာ ( ၂၀၂၀ /၂၁ ) ရာသီ ဇန်နဝါရီလမတိုင်ခင်
( ၂ ) ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ( ၁၆ ) ဂိုးထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ အသင်းဖော်ဟောင်း မတ် ဟမ်းမဲလ်က DW နဲ့ တွေ့ဆုံစဉ်
ဆန်ချိုရဲ့ တိုးတက်မှုဟာနောက်ကွယ်က ကြိုးစားမှုတွေ နှင့်
ပိုကောင်းလာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။
ဆန်ချိုက အသင်းဖော်တွေ ၊ ပရီးမီးယားလိဂ်ကစားဟန်တွေနဲ့
အံဝင်နေပြီဖြစ်တာကြောင့် ယူနိုက်တက်နဲ့ ဒုတိယရာသီဝက်မှာ
ပိုကောင်းလာဖို့ သူ့ကိုယ်သူ တွန်းအားပေးလာမှာ သေချာပါတယ်။
( ၂ ) ရန်းနစ်ခ်ရဲ့ နည်းပြအရည်အချင်း ။
ဆန်ချိုက ကြားဖြတ်နည်းပြ ရာဖ် ရန်းနစ်ခ်ရဲ့ နည်းစနစ်၊
နည်းပြပုံတွေကနေ အကျိုးအမြတ်ရပါလိမ့်မယ်။
ရန်းနစ်ခ်က ဆန်ချိုရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး RB Leipzig အသင်းအတွက်တောင်
ခေါ်ယူပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါ့အပြင် ဂျာမနီမှာလည်း တောင်ပံကစားသမားကို အနီးကပ်တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။
ဆန်ချိုကလည်း ရန်းနစ်ခ်ရဲ့ နည်းစနစ်တွေနဲ့ ရင်းနှီးလာမှာဖြစ်သလို
ဒီရာသီ ဂျာမာန်နည်းပြရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။
( ၃ ) အင်္ဂလန် ဆန္ဒ ။
ဆန်ချိုက အိုလေ ဂန်းနား ဆိုးရှား လက်အောက်မှာ ရုန်းကန်ခဲ့ရပြီးနောက်
နိုဝင်ဘာလအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
မကြာသေးမီက ခြေစွမ်းတွေအရ သူ့အနေနဲ့ သက်သေပြဖို့ ဆန္ဒရှိနေတာကို မြင်တွေ့ရပါတယ်။
ဆန်ချိုအနေနဲ့ မတ်လမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက်
ပြန်လည်အရွေးခံရဖို့ ပစ်မှတ်ထားနေမှာသေချာပါတယ်။
( ၂၀၂၂ ) ကမ္ဘာ့ဖလားဆိုတာ ဆန်ချိုအတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်သလို
ပါဝင်ခွင့်ရဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ပါလိမ့်မယ်။
zawgyi
ဆန္ခ်ိဳအတြက္ ကံေကာင္းျခင္းေတြ ယူလာေပးမယ့္ ၂၀၂၂
ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားဘဝ
အစခရီးက ေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ပါဘူး။
ယူ႐ို ( ၂၀၂၀ ) မွာ စိတ္ပ်က္စရာ ပင္နယ္တီ လြဲေခ်ာ္မႈနဲ႔အတူ
ေပါင္ ( ၇၃ ) သန္းျဖင့္ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ခရစၥတီယာႏို ေရာ္နယ္ဒိုေရာက္ရွိလာမႈရဲ႕
ႀကီးမားတဲ့ သက္ေရာက္ေၾကာင့္ သူ႔အေပၚ က်ေရာက္ေနတဲ့
ဖိအားေတြကိုလည္း ေလ်ာ့နည္းသြားခဲ့ပါတယ္။
မၾကာေသးမီက ရက္သတၱပတ္ေတြအတြင္းမွာ ဆန္ခ်ိဳက
ပုံစံေကာင္း ျပန္လည္ျပသေနပါတယ္။
ဗီလာရီးရဲနဲ႔ပြဲစဥ္မွာ ေျခစြမ္းျပသြင္းဂိုးရယူႏိုင္ခဲ့သလို ခ်ဲလ္ဆီးနဲ႔
အေဝးကြင္းပြဲစဥ္မွာလည္း အေရးပါတဲ့သြင္းဂိုး ရယူေပးခဲ့ပါတယ္။
( ၂၀၂၂ ) က ဆန္ခ်ိဳအတြက္ ပိုမိုႀကီးက်ယ္ခမ္းနားတဲ့ ႏွစ္တစ္ႏွစ္ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ ဆန္ခ်ိဳရဲ႕ ေျခစြမ္း ပိုမိုတိုးတက္လာမယ့္
အေၾကာင္းျပခ်က္ ( ၃ ) ခုကို သုံးသပ္တင္ျပေပးလိုက္ပါတယ္။
( ၁ )မွတ္တမ္းေဟာင္း။
ဆန္ခ်ိဳက ၿပီးခဲ့တဲ့ရာသီ ေဒါ့မြန္မွာလည္း အထေႏွးခဲ့ေပမယ့္
အေကာင္းဆုံးေျခစြမ္းနဲ႔ ေဘာလုံးရာသီကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ေတာင္ပံကစားသမားဟာ ( ၂၀၂၀ /၂၁ ) ရာသီ ဇန္နဝါရီလမတိုင္ခင္
( ၂ ) ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ( ၁၆ ) ဂိုးထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း မတ္ ဟမ္းမဲလ္က DW နဲ႔ ေတြ႕ဆုံစဥ္
ဆန္ခ်ိဳရဲ႕ တိုးတက္မႈဟာေနာက္ကြယ္က ႀကိဳးစားမႈေတြ ႏွင့္
ပိုေကာင္းလာရမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ ဆိုခဲ့ဖူးပါတယ္။
ဆန္ခ်ိဳက အသင္းေဖာ္ေတြ ၊ ပရီးမီးယားလိဂ္ကစားဟန္ေတြနဲ႔
အံဝင္ေနၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္နဲ႔ ဒုတိယရာသီဝက္မွာ
ပိုေကာင္းလာဖို႔ သူ႔ကိုယ္သူ တြန္းအားေပးလာမွာ ေသခ်ာပါတယ္။
( ၂ ) ရန္းနစ္ခ္ရဲ႕ နည္းျပအရည္အခ်င္း ။
ဆန္ခ်ိဳက ၾကားျဖတ္နည္းျပ ရာဖ္ ရန္းနစ္ခ္ရဲ႕ နည္းစနစ္၊
နည္းျပပုံေတြကေန အက်ိဳးအျမတ္ရပါလိမ့္မယ္။
ရန္းနစ္ခ္က ဆန္ခ်ိဳရဲ႕ ပရိသတ္တစ္ဦးျဖစ္ၿပီး RB Leipzig အသင္းအတြက္ေတာင္
ေခၚယူေပးဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။
ဒါ့အျပင္ ဂ်ာမနီမွာလည္း ေတာင္ပံကစားသမားကို အနီးကပ္ေတြ႕ျမင္ခဲ့ၿပီးျဖစ္ပါတယ္။
ဆန္ခ်ိဳကလည္း ရန္းနစ္ခ္ရဲ႕ နည္းစနစ္ေတြနဲ႔ ရင္းႏွီးလာမွာျဖစ္သလို
ဒီရာသီ ဂ်ာမာန္နည္းျပရဲ႕ အဓိက အစိတ္အပိုင္းတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။
( ၃ ) အဂၤလန္ ဆႏၵ ။
ဆန္ခ်ိဳက အိုေလ ဂန္းနား ဆိုးရွား လက္ေအာက္မွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္
ႏိုဝင္ဘာလအတြင္း အဂၤလန္လက္ေ႐ြးစင္အသင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။
မၾကာေသးမီက ေျခစြမ္းေတြအရ သူ႔အေနနဲ႔ သက္ေသျပဖို႔ ဆႏၵရွိေနတာကို ျမင္ေတြ႕ရပါတယ္။
ဆန္ခ်ိဳအေနနဲ႔ မတ္လမွာ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္
ျပန္လည္အေ႐ြးခံရဖို႔ ပစ္မွတ္ထားေနမွာေသခ်ာပါတယ္။
( ၂၀၂၂ ) ကမာၻ႔ဖလားဆိုတာ ဆန္ခ်ိဳအတြက္ ႀကီးမားတဲ့ အခြင့္အေရးျဖစ္သလို
ပါဝင္ခြင့္ရဖို႔က သူ႔ရဲ႕ အိပ္မက္ျဖစ္ပါလိမ့္မယ္။