ဆန်ချို အပြောင်းအရွေ့အပေါ် ငြီးငွေ့နေပြီ

ဂယ်ရီ နေဗီးလ်က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ယောက်အနေနဲ့ ဝန်ခံမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

သတင်းတွေအရ ဆန်ချိုက ယူနိုက်တက်ကို ရောက်ရှိဖို့ သေချာသလောက်ရှိနေပေမယ့် သရဲနီ ညာနောက်ခံလူဟောင်းကတော့ သူ့ရဲ့ တွယ်တာစာမျက်နှာမှာ ဆန်ချိုအပြောင်းအရွေ့နဲ့ ပတ်သက်လို့ ပေါက်ကွဲပြသွားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်-ဆန်ချို အပြောင်းအရွေ့က တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ကလပ်အသင်း ( ၂ ) ခုကြားမှာ သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးအခြေအနေရောက်ရှိလာပေမယ့် နေဗီးလ်ကတော့ စိတ်မရှည်နိုင်တော့ပဲ ဖြစ်နေပါတယ်။

ဒါကြောင့် သူက တွယ်တာစာမျက်နှာမှာ “ မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုနဲ့ ထပ်မံနီးစပ်နေပြန်ပါပြီ။

အပေြာင်းအရွေ့ဆိုတာ စိတ်လှုပ်ရှား ပျော်ရွှင်မှုကို ပေးစွမ်းရမယ့် အရာပါ။

လက်ရှိအချိန်ထိ ဘဝမှာ အပြောင်းအရွေ့တစ်ခုအပေါ် ဒီလောက် မငြီးငွေ့ဖူးပါဘူး။

သူ့ကို ခေါ်ယူနိုင်ပြီးပြီလို့ ခံစားနားလည်ထားပါတယ်။

သိချင်တာက နောက်ထပ်ဘယ်သူ့ကို ခေါ်မလဲဆိုတာပါ” လို့ ရေးသားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေဟာလည်း အပြောင်းအရွေ့အပေါ် အလားတူပဲ စိတ်ပျက်ငြီးငွေ့လျက်ရှိကြပြီး ယခင်နှစ်ကလို အခြေအနေမျိုး တစ်ဖန်ကြုံတွေ့ပါက အသင်းပိုင်ရှင်အပေါ် ဆန္ဒထုတ်ဖော်မှုတွေ ထပ်မံပြုလုပ်လာနိုင်ပါတယ်။

Zawgyi

ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕အေပၚ ၿငီးေငြ႕ေနၿပီ

ဂယ္ရီ ေနဗီးလ္က မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္တစ္ေယာက္အေနနဲ႔ ဝန္ခံမႈတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။ သတင္းေတြအရ ဆန္ခ်ိဳက ယူႏိုက္တက္ကို ေရာက္ရွိဖို႔ ေသခ်ာသေလာက္ရွိေနေပမယ့္ သရဲနီ ညာေနာက္ခံလူေဟာင္းကေတာ့ သူ႔ရဲ႕ တြယ္တာစာမ်က္ႏွာမွာ ဆန္ခ်ိဳအေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္လို႔ ေပါက္ကြဲျပသြားခဲ့ပါတယ္။

လက္ရွိမွာ ယူႏိုက္တက္-ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕က တစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ကာ ကလပ္အသင္း ( ၂ ) ခုၾကားမွာ သေဘာတူညီမႈရရွိဖို႔ အနီးစပ္ဆုံးအေျခအေနေရာက္ရွိလာေပမယ့္ ေနဗီးလ္ကေတာ့ စိတ္မရွည္ႏိုင္ေတာ့ပဲ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ သူက တြယ္တာစာမ်က္ႏွာမွာ “ မန္ခ်က္စတာ ယူႏိုက္တက္က ဆန္ခ်ိဳနဲ႔ ထပ္မံနီးစပ္ေနျပန္ပါၿပီ ။အေျပာင္းအေ႐ြ႕ဆိုတာ စိတ္လႈပ္ရွား ေပ်ာ္႐ႊင္မႈကို ေပးစြမ္းရမယ့္ အရာပါ ။ လက္ရွိအခ်ိန္ထိ ဘဝမွာ အေျပာင္းအေ႐ြ႕တစ္ခုအေပၚ ဒီေလာက္ မၿငီးေငြ႕ဖူးပါဘူး ။ သူ႔ကို ေခၚယူႏိုင္ၿပီးၿပီလို႔ ခံစားနားလည္ထားပါတယ္။ သိခ်င္တာက ေနာက္ထပ္ဘယ္သူ႔ကို ေခၚမလဲဆိုတာပါ ။” လို႔ ေရးသားထားပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ပရိသတ္ေတြဟာလည္း အေျပာင္းအေ႐ြ႕အေပၚ အလားတူပဲ စိတ္ပ်က္ၿငီးေငြ႕လ်က္ရွိၾကၿပီး ယခင္ႏွစ္ကလို အေျခအေနမ်ိဳး တစ္ဖန္ႀကဳံေတြ႕ပါက အသင္းပိုင္ရွင္အေပၚ ဆႏၵထုတ္ေဖာ္မႈေတြ ထပ္မံျပဳလုပ္လာႏိုင္ပါတယ္။