ဆန်တိုစ့်အသင်းရဲ့ထုတ်ပြန်ကြေငြာချက်ကြောင့် မက်ဆီကိုထောက်ခံအားပေးသူတွေကြားမှာ အငြင်းပွားစရာတွေဖြစ်နေ

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီဟာ ကလပ်တစ်ခုတည်းအတွက် ဂိုးသွင်းအများဆုံးစံချိန်သစ်ကိုတင်နိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပေမယ့် ဘရာဇီးကလပ် ဆန်းတို့စ်ကတော့ မက်ဆီဟာ အခုချိန်အထိ ပီလီရဲ့သွင်းဂိုးစံချိန်ကို မကျော်နိုင်သေးဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ ပီလီဟာ ဆန်းတို့စ်အတွက် ၆၄၃ ဂိုးသွင်းပြီး ကလပ်တစ်ခုတည်းအတွက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားလို့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါကို မက်ဆီက ပြီးခဲ့တဲ့တစ်ပတ် ဗယ်လာဒိုလစ်နဲ့ပွဲမှာဂိုးသွင်းယူပြီး ဘာစီလိုနာအတွက် ၆၄၄ ဂိုးသွင်းပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်အခြေစိုက် Budweiser ကုမ္ပဏီက အထူးထုတ်ဘီယာပုလင်းပေါင်း ၆၄၄ လုံးကိုထုတ်လုပ်ပြီး မက်ဆီဂိုးသွင်းခဲ့တဲ့ ဂိုးသမားတွေကို ဂိုးနံပါတ်အလိုက် ပေးပို့ကာ အဲဒီအာဂျင်တီးနားသားကို ဂုဏ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ဆန်းတို့စ်အသင်းက မနေ့ကကြေညာချက်ထုတ်ပြန်ရာမှာ ပီလီဟာအသင်းအတွက် ၁၀၉၁ ဂိုးသွင်းခဲ့လို့ မက်ဆီက ပီလီကိုကျော်ဖြတ်ပြီးစံချိန်သစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ဆန်းတို့စ်အသင်းရဲ့ သုတေသနဲ့ သမိုင်းပညာရှင်များအဖွဲ့ က ကလောင်ရှင်တစ်ယောက်ကလည်း လက်မှတ်ရေးထိုးထောက်ခံပေးခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ပီလီဟာ ဆန်းတို့စ်အတွက် ၆၄၃ ဂိုးတည်း သွင်းခဲ့တယ်ဆိုတာကို ငြင်းပယ်ပြီး ကျန်တဲ့ ၄၄၈ ဂိုးကိုထည့်တွက်ထားခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ပီလီဟာ စုစုပေါင်း ၁၀၉၁ ဂိုးသွင်းခဲ့ပြီး အင်တာမီလန်၊ ရေးဗားပလိတ်၊ ဘိုကာဂျူနီယာ၊ ရေးဆင်း၊ ယူနီဗာတီဒက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ လာဇီယို၊ နာပိုလီ၊ ဘင်ဖီကာ၊ အန်ဒါလက်ချ်နဲ့ ဘာစီလိုနာတို့ဘက်ကကို သွင်းခဲ့တဲ့ဂိုးတွေ ကိုထည့်မတွက်ခဲ့ဘူးလို့ ဖော်ပြပါတယ်။

ဂိုးအရေအတွက်ကို တွက်ချက်မယ်ဆိုရင် ဖီဖာအသိအမှတ်ပြုတဲ့ ဘယ်ပွဲစဉ်က ဂိုးတွေကိုမဆိုထည့်သွင်းရမယ်လို့လည်း အဲဒီကြေညာချက်ထဲမှာဖော်ပြခဲ့ပါတယ်။ တစ်ချို့တွေကတော့ ဆန်းတို့စ်ဟာ အားနည်းလွန်းတဲ့ပြိုင်ဘက်တွေနဲ့ ခြေစမ်းပွဲကစားစဉ်က ပီလီသွင်းခဲ့တာတွေကို ထည့်မတွက်သင့်ဘူးလို့ဆိုကြပေမယ့် ဆန်းတို့စ်ကတော့ ဘယ်ခြေစွမ်းပွဲမဆို ကလပ်တွေဟာ သူတို့ရဲ့တရားဝင်သတ်မှတ်ထားတဲ့ ဝတ်စုံတွေဝတ်ခဲ့ကြတဲ့အပြင် ဒိုင်လူကြီးတွေအားလုံးဟာလည်း ဖီဖာအသိအမှတ်ပြုတွေဖြစ်လို့ အားလုံးဟာတရားဝင်ပွဲတွေချည်းဘဲလို့ တုံ့ပြန်ထားပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆန္တိုစ့္အသင္းရဲ႕ထုတ္ျပန္ေၾကျငာခ်က္ေၾကာင့္ မက္ဆီကိုေထာက္ခံအားေပးသူေတြၾကားမွာ အျငင္းပြားစရာေတြျဖစ္ေန

ဘာစီလိုနာအသင္းတိုက္စစ္မႉး မက္ဆီဟာ ကလပ္တစ္ခုတည္းအတြက္ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္သစ္ကိုတင္ႏိုင္ခဲ့တယ္လို႔ တရားဝင္ထုတ္ျပန္ခ်က္ေတြအရ သိရေပမယ့္ ဘရာဇီးကလပ္ ဆန္းတို႔စ္ကေတာ့ မက္ဆီဟာ အခုခ်ိန္အထိ ပီလီရဲ႕သြင္းဂိုးစံခ်ိန္ကို မေက်ာ္ႏိုင္ေသးဘူးလို႔ ထုတ္ျပန္လိုက္ပါတယ္။ ပီလီဟာ ဆန္းတို႔စ္အတြက္ ၆၄၃ ဂိုးသြင္းၿပီး ကလပ္တစ္ခုတည္းအတြက္ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္တင္ထားလို႔ တရားဝင္ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ဒါကို မက္ဆီက ၿပီးခဲ့တဲ့တစ္ပတ္ ဗယ္လာဒိုလစ္နဲ႔ပြဲမွာဂိုးသြင္းယူၿပီး ဘာစီလိုနာအတြက္ ၆၄၄ ဂိုးသြင္းၿပီး စံခ်ိန္သစ္တင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္အေျခစိုက္ Budweiser ကုမၸဏီက အထူးထုတ္ဘီယာပုလင္းေပါင္း ၆၄၄ လုံးကိုထုတ္လုပ္ၿပီး မက္ဆီဂိုးသြင္းခဲ့တဲ့ ဂိုးသမားေတြကို ဂိုးနံပါတ္အလိုက္ ေပးပို႔ကာ အဲဒီအာဂ်င္တီးနားသားကို ဂုဏ္ျပဳခဲ့ပါေသးတယ္။

ဒါေပမယ့္ ဆန္းတို႔စ္အသင္းက မေန႔ကေၾကညာခ်က္ထုတ္ျပန္ရာမွာ ပီလီဟာအသင္းအတြက္ ၁၀၉၁ ဂိုးသြင္းခဲ့လို႔ မက္ဆီက ပီလီကိုေက်ာ္ျဖတ္ၿပီးစံခ်ိန္သစ္တင္ခဲ့တယ္ဆိုတာ မဟုတ္ဘူးလို႔ ေဖာ္ျပသြားခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ကို ဆန္းတို႔စ္အသင္းရဲ႕ သုေတသနဲ႔ သမိုင္းပညာရွင္မ်ားအဖြဲ႕ က ကေလာင္ရွင္တစ္ေယာက္ကလည္း လက္မွတ္ေရးထိုးေထာက္ခံေပးခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ပီလီဟာ ဆန္းတို႔စ္အတြက္ ၆၄၃ ဂိုးတည္း သြင္းခဲ့တယ္ဆိုတာကို ျငင္းပယ္ၿပီး က်န္တဲ့ ၄၄၈ ဂိုးကိုထည့္တြက္ထားျခင္းမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ပီလီဟာ စုစုေပါင္း ၁၀၉၁ ဂိုးသြင္းခဲ့ၿပီး အင္တာမီလန္၊ ေရးဗားပလိတ္၊ ဘိုကာဂ်ဴနီယာ၊ ေရးဆင္း၊ ယူနီဗာတီဒက္၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ လာဇီယို၊ နာပိုလီ၊ ဘင္ဖီကာ၊ အန္ဒါလက္ခ်္နဲ႔ ဘာစီလိုနာတို႔ဘက္ကကို သြင္းခဲ့တဲ့ဂိုးေတြ ကိုထည့္မတြက္ခဲ့ဘူးလို႔ ေဖာ္ျပပါတယ္။

ဂိုးအေရအတြက္ကို တြက္ခ်က္မယ္ဆိုရင္ ဖီဖာအသိအမွတ္ျပဳတဲ့ ဘယ္ပြဲစဥ္က ဂိုးေတြကိုမဆိုထည့္သြင္းရမယ္လို႔လည္း အဲဒီေၾကညာခ်က္ထဲမွာေဖာ္ျပခဲ့ပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ဆန္းတို႔စ္ဟာ အားနည္းလြန္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ ေျခစမ္းပြဲကစားစဥ္က ပီလီသြင္းခဲ့တာေတြကို ထည့္မတြက္သင့္ဘူးလို႔ဆိုၾကေပမယ့္ ဆန္းတို႔စ္ကေတာ့ ဘယ္ေျခစြမ္းပြဲမဆို ကလပ္ေတြဟာ သူတို႔ရဲ႕တရားဝင္သတ္မွတ္ထားတဲ့ ဝတ္စုံေတြဝတ္ခဲ့ၾကတဲ့အျပင္ ဒိုင္လူႀကီးေတြအားလုံးဟာလည္း ဖီဖာအသိအမွတ္ျပဳေတြျဖစ္လို႔ အားလုံးဟာတရားဝင္ပြဲေတြခ်ည္းဘဲလို႔ တုံ႔ျပန္ထားပါတယ္။