
ဆန်ဟောင်မင်းဟာ Marvel Action သူရဲကောင်းဟောလီးဝုဒ်မင်းသားနှင့်
ဆုံစည်းပြီးတဲ့နောက်နော့ဝှစ်ချ်နှင့်ပွဲမှာ Spider-Man လိုအောင်ပွဲခံလာပါတယ်။
တောင်ကိုရီးယားစတားဟာမနေ့ညတုန်းကနော့ဝှစ်ချ်ကို၃-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲမှာစပါးစ်အတွက်တတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။
ယင်းပွဲမှာစပါးစ်ဟာလူးကပ်စ်မော်ရာ၊ဒါဗင်ဆင်ဆန်းချက်ဇ်တို့ရဲ့ဂိုးနဲ့ပွဲကို
ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးဖို့၁၃မိနစ်အလိုမှာဆန်ဟောင်မင်းကတတိယဂိုး
သွင်းယူခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားစတားဟာဂိုးသွင်းယူပြီးနောက်
ကွင်းမြက်ခင်းတွင်ဒူးထောက်လျှောထိုးပြီးနောက်စပိုက်ဒါရုပ်ရှင်ထဲမှာအတိုင်း
အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဆန်ဟောင်မင်းဟာပြီးခဲ့တဲ့အပတ်တုန်းကလန်ဒန်မှာအသက်၂၅နှစ်ရှိ
Spider-Man နောက်ဆုံးမင်းသားတွမ်ဟော်လန်နှင့်ဆုံစည်းခဲ့ပါတယ်။
ထိုစဉ်က၎င်းတို့နှစ်ဦးဟာကိုယ်စီအောင်ပွဲခံမှုပုံစံဖြင့်ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။
ယင်းနောက်ဆန်ဟောင်မင်းဟာနော့ဝှစ်ချ်နှင့်ပွဲတွင်ဂိုးသွင်းပြီးနောက်
စပိုက်ဒါမန်းလို့အောင်ပွဲခံလာခဲ့တာဖြစ်ပါတယ်။
ဗြိတိန်မင်းသားတွမ်ဟော်လန်ဟာမကြာသေးမီတုန်းက
စပါးစ်အသင်းပရိသတ်တစ်ဦးဖြစ်အောင်ဖွင့်ဟပြောကြားလာခဲ့သူဖြစ်ပါတယ်။
Marvel ကတွမ်ဟော်လန်ရဲ့ Spider-Man: No Way Home ကားသစ်ကို
ဒီဇင်ဘာလ၁၇ရက်နေ့မှာရုံတင်မယ်လို့ကြေညာထားပါတယ်။
zawgyi
ဆန္ေဟာင္မင္းရဲ႕ စပိုက္ဒီအတြက္ ဂိုး
ဆန္ေဟာင္မင္းဟာ Marvel Action သူရဲေကာင္းေဟာလီးဝုဒ္မင္းသားႏွင့္
ဆုံစည္းၿပီးတဲ့ေနာက္ေနာ့ဝွစ္ခ်္ႏွင့္ပြဲမွာ Spider-Man လိုေအာင္ပြဲခံလာပါတယ္။
ေတာင္ကိုရီးယားစတားဟာမေန႔ညတုန္းကေနာ့ဝွစ္ခ်္ကို၃-ဝဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲမွာစပါးစ္အတြက္တတိယအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။
ယင္းပြဲမွာစပါးစ္ဟာလူးကပ္စ္ေမာ္ရာ၊ဒါဗင္ဆင္ဆန္းခ်က္ဇ္တို႔ရဲ႕ဂိုးနဲ႔ပြဲကို
ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲၿပီးဖို႔၁၃မိနစ္အလိုမွာဆန္ေဟာင္မင္းကတတိယဂိုး
သြင္းယူခဲ့တာျဖစ္ပါတယ္။ေတာင္ကိုရီးယားစတားဟာဂိုးသြင္းယူၿပီးေနာက္
ကြင္းျမက္ခင္းတြင္ဒူးေထာက္ေလွ်ာထိုးၿပီးေနာက္စပိုက္ဒါ႐ုပ္ရွင္ထဲမွာအတိုင္း
ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
ဆန္ေဟာင္မင္းဟာၿပီးခဲ့တဲ့အပတ္တုန္းကလန္ဒန္မွာအသက္၂၅ႏွစ္ရွိ
Spider-Man ေနာက္ဆုံးမင္းသားတြမ္ေဟာ္လန္ႏွင့္ဆုံစည္းခဲ့ပါတယ္။
ထိုစဥ္က၎တို႔ႏွစ္ဦးဟာကိုယ္စီေအာင္ပြဲခံမႈပုံစံျဖင့္ဓာတ္ပုံတြဲ႐ိုက္ခဲ့ၾကပါတယ္။
ယင္းေနာက္ဆန္ေဟာင္မင္းဟာေနာ့ဝွစ္ခ်္ႏွင့္ပြဲတြင္ဂိုးသြင္းၿပီးေနာက္
စပိုက္ဒါမန္းလို႔ေအာင္ပြဲခံလာခဲ့တာျဖစ္ပါတယ္။
ၿဗိတိန္မင္းသားတြမ္ေဟာ္လန္ဟာမၾကာေသးမီတုန္းက
စပါးစ္အသင္းပရိသတ္တစ္ဦးျဖစ္ေအာင္ဖြင့္ဟေျပာၾကားလာခဲ့သူျဖစ္ပါတယ္။
Marvel ကတြမ္ေဟာ္လန္ရဲ႕ Spider-Man: No Way Home ကားသစ္ကို
ဒီဇင္ဘာလ၁၇ရက္ေန႔မွာ႐ုံတင္မယ္လို႔ေၾကညာထားပါတယ္။