ဆမ်ဘာဂန္တဝင်တို့ရဲ့ဘုရင်အဖြစ် ပီလီကို ကျော်ဖြတ်ပြီး ရော်နယ်ဒို သတ်မှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးဘောလုံးအသင်းသမိုင်းတလျှောက် အကြီးကျယ်ခမ်းနားဆုံး ဘောလုံးသမားအဖြစ် ဂန္တဝင်ပီလီကိုကျော်ဖြတ်ပြီး ရော်နယ်ဒို သတ်မှတ်ခံခဲ့ရပါတယ်။

FourFourTwo မဂ္ဂဇင်းရဲ့ စစ်တမ်း ကောက်ယူမှုပုံစံမှာ ဘရာဇီးဘောလုံးသမား ၃၂ယောက်ကို ရှုံးထွက်ပုံစံမျိုး မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ ပီလီနဲ့ ရော်နယ်ဒိုတို့ တွေ့ခဲ့ကြတာမှာ ရော်နယ်ဒိုက ၅၉.၉၉ရာခိုင်နှုန်း ပီလီက ၄၀.၁ရာခိုင်နှုန်း ရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၃ကြိမ်ရရှိခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ထာဝရ ဂိုးသွင်းအများဆုံး ဂိုးသွင်းဘုရင်ဖြစ်နေတဲ့ ပီလီကို ကမ္ဘာဖလား ၂ကြိမ်ရပြီး ၂၀၀၂ ကမ္ဘာ့လားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင် ရော်နယ်ဒိုက အသာရခဲ့တာလည်းဖြစ်ပါတယ်။

ပီလီကို အားလုံးက ဘရာဇီးဘောလုံးလောကရဲ့ ဘုရင်ကြီးအဖြစ် သတ်မှတ်ထားကြပေမယ့် အခု အကြိမ်မှာတော့ ရော်နယ်ဒိုရဲ့ နောက်ကောက်ချတာကို ခံလိုက်ရပါတယ်။

လက်ရှိကစားနေတဲ့ ကစားသမားတွေထဲက နေမာကတော့ ဒီစာရင်းမှာထိပ်ဆုံး ၁၀ ဦးထဲမှာတောင် မပါနိုင်ခဲ့ပဲ အဆင့် ၁၁ နောရာမှာသာရှိခဲ့တာပါ။ နေမာဟာ လက်ရှိမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် တတိယမြောက်ဂိုးအများဆုံး သွင်းထားသူလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၃ ကြိမ်ဆက် (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂) ကစားထားတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်တဲ့ ညာနောက်ခံလူ ကာဖူးက အဆင့် ၇ နေရာမှာ ရှိပေမယ့် နာမည်ကြီး ဘယ်နောက်ခံလူ ကားလို့စ်က အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ ဒီစာရင်းမှာ နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၃၂ နေရာမှာရှိတဲ့သူကတော့ ဘာစီလိုနာက ကော်တင်ဟိုပါပဲ။

ဖရီးကစ်အကန်ကောင်းသလို ကမ္ဘာ့ဖလား ၂ကြိမ်ရခဲ့တဲ့ ဂါရင်ဂျာက အဆင့် ၁၀မှာရှိပြီး ဇစ်ကိုက ၁၅၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရဖူးတဲ့ ကာကာ က အဆင့် ၉တို့မှာ အသီးသီးရှိနေခဲ့ကြပါတယ်။ ပီလီနဲ့ ရော်နယ်ဒိုတို့ဟာ ဗိုလ်လုပွဲရောက်ဖို့ ရီဗယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုတို့ကို ဆီမီးအဆင့်မှာ ကျော်ဖြတ်လာခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆမ္ဘာဂႏၱ၀င္တို႔ရဲ႔ဘုရင္အျဖစ္ ပီလီကို ေက်ာ္ျဖတ္ျပီး ေရာ္နယ္ဒို သတ္မွတ္ခံရ

ဘရာဇီးေဘာလံုးအသင္းသမိုင္းတေလွ်ာက္ အၾကီးက်ယ္ခမ္းနားဆံုး ေဘာလံုးသမားအျဖစ္ ဂႏၱ၀င္ပီလီကိုေက်ာ္ျဖတ္ျပီး ေရာ္နယ္ဒို သတ္မွတ္ခံခဲ႔ရပါတယ္။ FourFourTwo မဂၢဇင္းရဲ႔ စစ္တမ္း ေကာက္ယူမႈပံုစံမွာ ဘရာဇီးေဘာလံုးသမား ၃၂ေယာက္ကို ရႈံးထြက္ပံုစံမ်ိဳး မဲေပးေရြးခ်ယ္ခဲ႔တာျဖစ္ျပီး ေနာက္ဆံုးဗိုလ္လုပြဲမွာ ပီလီနဲ႔ ေရာ္နယ္ဒိုတို႔ ေတြ႔ခဲ႔ၾကတာမွာ ေရာ္နယ္ဒိုက ၅၉.၉၉ရာခိုင္နႈန္း ပီလီက ၄၀.၁ရာခိုင္နႈန္း ရွိခဲ႔တာျဖစ္ပါတယ္။

ကမၻာ႔ဖလား ၃ၾကိမ္ရရွိခဲ႔ျပီး လက္ေရြးစင္အသင္းအတြက္ ထာ၀ရ ဂိုးသြင္းအမ်ားဆံုး ဂိုးသြင္းဘုရင္ျဖစ္ေနတဲ႔ ပီလီကို ကမာၻဖလား ၂ၾကိမ္ရျပီး ၂၀၀၂ ကမၻာ႔လားျပိဳင္ပြဲရဲ႕ ေရႊဖိနပ္ဆုရွင္ ေရာ္နယ္ဒိုက အသာရခဲ႔တာလည္းျဖစ္ပါတယ္။ ပီလီကို အားလံုးက ဘရာဇီးေဘာလံုးေလာကရဲ႕ ဘုရင္ၾကီးအျဖစ္ သတ္မွတ္ထားၾကေပမယ္႔ အခု အၾကိမ္မွာေတာ႔ ေရာ္နယ္ဒိုရဲ႔ ေနာက္ေကာက္ခ်တာကို ခံလိုက္ရပါတယ္။ လက္ရွိကစားေနတဲ႔ ကစားသမားေတြထဲက ေနမာကေတာ႔ ဒီစာရင္းမွာထိပ္ဆံုး ၁၀ ဦးထဲမွာေတာင္ မပါႏိုင္ခဲ႔ပဲ အဆင္႔ ၁၁ ေနာရာမွာသာရွိခဲ႔တာပါ။ ေနမာဟာ လက္ရွိမွာ ဘရာဇီးလက္ေရြးစင္အသင္းအတြက္ တတိယေျမာက္ဂိုးအမ်ားဆံုး သြင္းထားသူလည္းျဖစ္ပါတယ္။

ကမၻာ႔ဖလားဗိုလ္လုပြဲ ၃ ၾကိမ္ဆက္ (၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂) ကစားထားတဲ႔ တစ္ဦးတည္းေသာကစားသမားျဖစ္တဲ႔ ညာေနာက္ခံလူ ကာဖူးက အဆင္႔ ၇ ေနရာမွာ ရွိေပမယ္႔ နာမည္ၾကီး ဘယ္ေနာက္ခံလူ ကားလို႔စ္က အဆင္႔ ၅ ေနရာမွာ ရွိေနပါတယ္။ ဒီစာရင္းမွာ ေနာက္ဆံုးေနရာျဖစ္တဲ႔ အဆင္႔ ၃၂ ေနရာမွာရွိတဲ႔သူကေတာ႔ ဘာစီလိုနာက ေကာ္တင္ဟိုပါပဲ။ ဖရီးကစ္အကန္ေကာင္းသလို ကမၻာ႔ဖလား ၂ၾကိမ္ရခဲ႔တဲ႔ ဂါရင္ဂ်ာက အဆင္႔ ၁၀မွာရွိျပီး ဇစ္ကိုက ၁၅၊ ကမာၻ႔အေကာင္းဆံုး ေဘာလံုးသမားဆုရဖူးတဲ႔ ကာကာ က အဆင္႔ ၉တို႔မွာ အသီးသီးရွိေနခဲ႔ၾကပါတယ္။ ပီလီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ဗိုလ္လုပြဲေရာက္ဖို႔ ရီဗယ္ဒိုနဲ႔ ေရာ္နယ္ဒင္ဟိုတို႔ကို ဆီမီးအဆင္႔မွာ ေက်ာ္ျဖတ္လာခဲ႔ရတာပါ။