ဆရာကို နိုင်ပြီးမှ တပည့်ကို ရှုံးသွားတဲ့ တူချယ်

ယမန်နေ့ညကကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာတော့ အာဆင်နယ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ဝ-၁ ဂိုးနဲ့အနိုင်ယူပြီး ဖိအားတွေကို အတန်အသင့်လျှော့ချနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကတော့ စနေနေ့မှာ မန်စီးတီးကို ၁-၂ဂိုးနဲ့အနိုင်ရကာ ဂွါဒီယိုလာကို သင်ခန်းစာပေးနိုင်ခဲ့ပေမယ့်

ဒီပွဲမှာတော့ ဂွါဒီယိုလာရဲ့တပည့်ဖြစ်သူ အာတီတာကိုတော့ အရှုံးပေးလိုက်ရပါတယ်။

တူချယ်ဟာ မန်စီးတီးကိုအနိုင်ရခဲ့တဲ့ပွဲကလူစာရင်းကို ၇နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရှုံးပွဲအတွက် အပြည့်အဝတာဝန်ယူသွားမယ်လို့ ပြောပါတယ်။

ချဲလ်ဆီးဟာ စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲကစားရမှာဖြစ်တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း အားကောင်းနေလို့ ဒီပွဲမှာ လူစာရင်းကို အပြောင်းအလဲတွေပြုလုပ်ခဲ့တာပါ။

ဒီလို ၇နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာတောင် ချဲလ်ဆီးလူစာရင်းက တောင့်တင်းနေဆဲဖြစ်ပြီး အာဆင်နယ်ကိုလည်း ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့အမှားကြောင့် စမစ်ရိုဝီရဲ့သွင်းဂိုးကို ခွင့်ပြုလိုက်ရတာက ဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ၂ကြိမ် တိုင်ထိခဲ့ပေမယ့် လိုအပ်တဲ့ချေပဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။

ချဲလ်ဆီးဟာ ရမှတ် ၆၄ မှတ်နဲ့ အဆင့် ၄နေရာမှာ ဆက်လက်ရပ်တည်နေဆဲဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ရဲ့ပြိုင်ဘက်တွေကို မျှော်လင့်ချက်သွားပေးလိုက်သလိုဖြစ်သွားပါတယ်။

ပွဲချိန် ၁၆မိနစ်မှာ ဂျော်ဂျင်ညိုက နောက်ပြန်မကြည့်ဘဲ ဂိုးပေါက်မှာ ကီပါရှိနေတယ်အထင်နဲ့

နောက်ပြန်ပေးလိုက်ရာမှာ ဂိုးတိုင်ဘေးရောက်နေတဲ့ ကီပါက အသည်းအသန်ဒိုင်ဗင်ထိုး ပုတ်ထုတ်လိုက်ရပါတယ်။

ဒါပေမဲ့ သူပုတ်ထုတ်လိုက်တာက အူဘာမီယန်ဆီ တည့်တည့်ရောက်သွားပြီး အူဘာမီယန် ပြန်ထိုးပေးတာကို စမစ်ရိုဝီက ပိတ်သွင်းယူခဲ့တာပါ။

နောက်ပိုင်းမှာ ချဲလ်ဆီးက ဖိအားပေးကစားခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပူလီဆစ် အနီးကပ်ခေါင်းတိုက်ချက် ဂိုးထဲဝင်သွားပေမယ့် လူကျွံနေသလို ဇူးမားရဲ့ခေါင်းတိုက်ချက်၊ ဂျီရူးရဲ့ပိတ်သွင်းချက်တွေကလည်း ဘားတန်းထိထွက်ခဲ့ပါတယ်။

အာဆင်နယ်အတွက်တော့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ နှစ်ကျော့စလုံးအနိုင်ရခဲ့ပြီး အဆင့် ၈နေရာ ရောက်လာပါတယ်။

Zawgyi

ဆရာကို ႏိုင္ၿပီးမွ တပည့္ကို ရႈံးသြားတဲ့ တူခ်ယ္

ယမန္ေန႔ညကကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲမွာေတာ့ အာဆင္နယ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးကို ဝ-၁ ဂိုးနဲ႔အႏိုင္ယူၿပီး ဖိအားေတြကို အတန္အသင့္ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကေတာ့ စေနေန႔မွာ မန္စီးတီးကို ၁-၂ဂိုးနဲ႔အႏိုင္ရကာ ဂြါဒီယိုလာကို သင္ခန္းစာေပးႏိုင္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ဂြါဒီယိုလာရဲ႕တပည့္ျဖစ္သူ အာတီတာကိုေတာ့ အရႈံးေပးလိုက္ရပါတယ္။

တူခ်ယ္ဟာ မန္စီးတီးကိုအႏိုင္ရခဲ့တဲ့ပြဲကလူစာရင္းကို (၇) ေနရာအထိ အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ရႈံးပြဲအတြက္ အျပည့္အဝတာဝန္ယူသြားမယ္လို႔ ေျပာပါတယ္။ ခ်ဲလ္ဆီးဟာ စေနေန႔မွာ အက္ဖ္ေအဖလားဗိုလ္လုပြဲကစားရမွာျဖစ္တဲ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ကလည္း အားေကာင္းေနလို႔ ဒီပြဲမွာ လူစာရင္းကို အေျပာင္းအလဲေတြျပဳလုပ္ခဲ့တာပါ။

ဒီလို ၇ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တာေတာင္ ခ်ဲလ္ဆီးလူစာရင္းက ေတာင့္တင္းေနဆဲျဖစ္ၿပီး အာဆင္နယ္ကိုလည္း ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳရဲ႕အမွားေၾကာင့္ စမစ္႐ိုဝီရဲ႕သြင္းဂိုးကို ခြင့္ျပဳလိုက္ရတာက ဒီပြဲရဲ႕အဆုံးအျဖတ္ျဖစ္သြားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာ ၂ႀကိမ္ တိုင္ထိခဲ့ေပမယ့္ လိုအပ္တဲ့ေခ်ပဂိုးေတာ့မသြင္းႏိုင္ခဲ့ပါဘူး။ ခ်ဲလ္ဆီးဟာ ရမွတ္ ၆၄ မွတ္နဲ႔ အဆင့္ ၄ေနရာမွာ ဆက္လက္ရပ္တည္ေနဆဲဆိုေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ သူတို႔ရဲ႕ၿပိဳင္ဘက္ေတြကို ေမွ်ာ္လင့္ခ်က္သြားေပးလိုက္သလိုျဖစ္သြားပါတယ္။

ပြဲခ်ိန္ ၁၆မိနစ္မွာ ေဂ်ာ္ဂ်င္ညိဳက ေနာက္ျပန္မၾကည့္ဘဲ ဂိုးေပါက္မွာ ကီပါရွိေနတယ္အထင္နဲ႔ ေနာက္ျပန္ေပးလိုက္ရာမွာ ဂိုးတိုင္ေဘးေရာက္ေနတဲ့ ကီပါက အသည္းအသန္ဒိုင္ဗင္ထိုး ပုတ္ထုတ္လိုက္ရပါတယ္။ ဒါေပမဲ့ သူပုတ္ထုတ္လိုက္တာက အူဘာမီယန္ဆီ တည့္တည့္ေရာက္သြားၿပီး အူဘာမီယန္ ျပန္ထိုးေပးတာကို စမစ္႐ိုဝီက ပိတ္သြင္းယူခဲ့တာပါ။

ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးက ဖိအားေပးကစားခဲ့ၿပီး အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ပူလီဆစ္ အနီးကပ္ေခါင္းတိုက္ခ်က္ ဂိုးထဲဝင္သြားေပမယ့္ လူကြၽံေနသလို ဇူးမားရဲ႕ေခါင္းတိုက္ခ်က္၊ ဂ်ီ႐ူးရဲ႕ပိတ္သြင္းခ်က္ေတြကလည္း ဘားတန္းထိထြက္ခဲ့ပါတယ္။ အာဆင္နယ္အတြက္ေတာ့ ၁၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္မွာ ႏွစ္ေက်ာ့စလုံးအႏိုင္ရခဲ့ၿပီး အဆင့္ ၈ေနရာ ေရာက္လာပါတယ္။