မင်းသွင်းဂိုးက တမင်ရည်ရွယ်ပြီးသွင်းတဲ့ဂိုး မဟုတ်ပါဘူးကွာ….တိတ်တိတ်နေစမ်းပါဆိုပြီး ဆာကာကို လမ်းကြုံဖဲ့သွားတဲ့ အေဗရာဟမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲအပြီးကွင်းထဲကထွက်လာကြတဲ့ အချိန်မှာ ကင်မရာမှတ်တမ်းတွေကနေ တွန်မီ အေဗရာဟမ်က ချဲလ်ဆီးအသင်းဘက်ကို ဆာကာ သွင်းယူခဲ့တဲ့ ဂိုးဟာ ကံကောင်းလို့ရရှိခဲ့တဲ့ ကြက်ဂိုးသာ ဖြစ်တယ်လို့ ဘာကာယို ဆာကာအား လှောင်ပြောင်ပြောဆိုလိုက်တဲ့ ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်လူငယ် ကစားသမား ဆာကာဟာ အီမရိတ်ကွင်းမှာ ချဲလ်ဆီးအသင်းကို ၃ဂိုး – ၁ဂိုး အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဧရိယာထိပ်နားကနေ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပြီး ချဲလ်ဆီးဂိုးသမား မန်ဒီက အဆိုပါ သွင်းဂိုးဟာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့မယ်လို့ ယူဆပြီး ကာကွယ်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့တာ တွေ့ရတယ်။

အေဗရာဟမ်က ပွဲပြီးဆုံးချိန်မှာ သူ့ရဲ့ အင်္ဂလန်အသင်း ကစားဖော်အား ” မင်း တမင်ရည်ရွယ်ပြီး ဂိုးသွင်းလိုက်တာ မဟုတ်ပါဘူးကွာ၊ တိတ်တိတ်နေစမ်းပါ ” လို့ ပြောဆိုကာ ထွက်ခွာသွားခဲ့ပြီး ဆာကာ နှင့် နိုင်းလ် တို့က ရယ်မော ကျန်ရစ်နေခဲ့ကြတာကို ရုပ်သံရိုက်ကူးနေတဲ့ ကင်မရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပြီး ရယ်မောစရာအခိုက်အတံ့ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုက ဆိုရှယ်မီဒီယာပေါ် ပေါက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဆာကာက ပွဲအပြီးမှာ သတင်းထောက်ဂျော့ဖ်ရှရိဗ် နဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ သွင်းဂိုးဟာ ကံကောင်းလို့ ရခဲ့တာမဟုတ်ကြောင်း ၊သူ့အနေနဲ့ တမင်ရည်ရွယ်ပြီး ကန်သွင်းခဲ့တာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် အခြားသော သွင်းဂိုးတွေကို လာကာဇက် နှင့် ဇာခါတို့က ပထမပိုင်းမှာ သွင်းယူခဲ့ကြပြီး ချဲလ်ဆီးအသင်းအတွက် နှစ်သိမ့်ဂိုး တစ်ဂိုးကို အေဗရာဟမ်က ပွဲပြီးဆုံးခါနီးမှာ ရယူပေးခဲ့ပါတယ်။

အသက် (၁၉)နှစ်သာရှိသေးတဲ့ ဆာကာဟာ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပြီး ဘောလုံးထိတွေ့မှု (၄၆)ကြိမ်၊ အသင်းနဲ့ချိတ်ဆက်ပြီးဘောလုံးပေးပို့နိုင်မှု (၂၀)ကြိမ်၊ ဖြတ်တင်ဘော(၇)ကြိမ်နဲ့ သွင်းဂိုးတစ်ဂိုးတစ်ဂိုးရရှိခဲ့ပြီး အဲ့သည့်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



