ဆာဘွဲ့ ချီးမြှင့်ခံလာရဖို့ ရှိနေတဲ့ ဒေးဗစ်ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာအခွန်ပြဿနာကိုရှင်းလင်းလာနိုင်ပြီးနောက်

သူရဲကောင်းဘွဲ့ (ဆာဘွဲ့)ချီးမြှင့်ခံလာရဖို့ရှိနေပြီဖြစ်ပါတယ်။

အသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းဟာ

ဆာဘွဲ့အတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာမယ်လို့ ယုံကြည်ရပြီး

ဇွန်လတွင်တရားဝင်ချီးမြှင့်ခံရမယ်လို့ယုံကြည်ရပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာအင်္ဂလန်သမိုင်းတွင်ဒုတိယပွဲအများဆုံးကစားသူအဖြစ်

၁၁၅ပွဲဖြင့်ရပ်တည်နေသူဖြစ်ပြီးအခွန်ရှောင်တိမ်းမှုပြဿနာတို့ကြောင့်

Red Category တွင်ထည့်သွင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သန်းကြွယ်သူဌေးဘောလုံးသမားဟောင်းဟာယခင်ကတည်းက

ဆာဘွဲ့ချီးမြှင့်ရန်လျာထားခြင်းခံခဲ့ရပေမယ့်အခွန်ပြဿနာကြောင့်

မရရှိလာခဲ့တာလည်းဖြစ်ပါတယ်။သူဟာ၂၀၁၃ခုနှစ်တုန်းကတည်းက

အခြားနာမည်ကျော်စယ်လီဘရီတီတစ်ရာကျော်နဲ့အတူ

Blacklist ထည့်သွင်းခံရသူလည်းဖြစ်ပါတယ်။သူဟာယင်းအခွန်ပြဿနာကြောင့်ပင်

၂၀၁၃ခုနှစ်တုန်းကဆာဘွဲ့နှင့်လွဲခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါဒေးဗစ်ဘက်ဟမ်းဟာHMRC ထံအယူခံဝင်မှုအောင်မြင်မှုနဲ့အတူ

Green Category တွင်ထည့်သွင်းခြင်းခံလာရပြီဖြစ်ပါတယ်။

၂၀၀၃ခုနှစ်တုန်းက ဗြိတိန်ဘုရင်မကြီးရဲ့ OBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရဖူးတဲ့

ဒေးဗစ်ဘက်ဟမ်းဟာ၂၀၀၂ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဂရိနှင့်ပွဲတွင်

အံ့ဩစရာကောင်းတဲ့ဖရီးကစ်ဂိုးသွင်းယူပြီးကူညီခဲ့ဖူးပါတယ်။

သူဟာယူနီဆက်ဖ်ရဲ့သံတမန်အဖြစ်တာဝန်ထမ်းဆောင်လာခဲ့တာ

ဆယ်စုနှစ်နှစ်ခုနီးပါးရှိလာပြီဖြစ်သလိုပရဟိတလုပ်ငန်းများစွာတို့ကိုလည်း

ရှေ့တန်းမှလုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

သူဟာလန်ဒန်အိုလံပစ်ပြိုင်ပွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရန်

ကူညီခဲ့သူလည်းဖြစ်ပါတယ်။

zawgyi

ဆာဘြဲ႕ ခ်ီးျမႇင့္ခံလာရဖို႔ ရွိေနတဲ့ ေဒးဗစ္ဘက္ဟမ္း

ေဒးဗစ္ဘက္ဟမ္းဟာအခြန္ျပႆနာကိုရွင္းလင္းလာႏိုင္ၿပီးေနာက္

သူရဲေကာင္းဘြဲ႕ (ဆာဘြဲ႕)ခ်ီးျမႇင့္ခံလာရဖို႔ရွိေနၿပီျဖစ္ပါတယ္။

အသက္၄၆ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းေဒးဗစ္ဘက္ဟမ္းဟာ

ဆာဘြဲ႕အတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာမယ္လို႔ ယုံၾကည္ရၿပီး

ဇြန္လတြင္တရားဝင္ခ်ီးျမႇင့္ခံရမယ္လို႔ယုံၾကည္ရပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာအဂၤလန္သမိုင္းတြင္ဒုတိယပြဲအမ်ားဆုံးကစားသူအျဖစ္

၁၁၅ပြဲျဖင့္ရပ္တည္ေနသူျဖစ္ၿပီးအခြန္ေရွာင္တိမ္းမႈျပႆနာတို႔ေၾကာင့္

Red Category တြင္ထည့္သြင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သန္းႂကြယ္သူေဌးေဘာလုံးသမားေဟာင္းဟာယခင္ကတည္းက

ဆာဘြဲ႕ခ်ီးျမႇင့္ရန္လ်ာထားျခင္းခံခဲ့ရေပမယ့္အခြန္ျပႆနာေၾကာင့္

မရရွိလာခဲ့တာလည္းျဖစ္ပါတယ္။သူဟာ၂၀၁၃ခုႏွစ္တုန္းကတည္းက

အျခားနာမည္ေက်ာ္စယ္လီဘရီတီတစ္ရာေက်ာ္နဲ႔အတူ

Blacklist ထည့္သြင္းခံရသူလည္းျဖစ္ပါတယ္။သူဟာယင္းအခြန္ျပႆနာေၾကာင့္ပင္

၂၀၁၃ခုႏွစ္တုန္းကဆာဘြဲ႕ႏွင့္လြဲခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယခုအခါေဒးဗစ္ဘက္ဟမ္းဟာHMRC ထံအယူခံဝင္မႈေအာင္ျမင္မႈနဲ႔အတူ

Green Category တြင္ထည့္သြင္းျခင္းခံလာရၿပီျဖစ္ပါတယ္။

၂၀၀၃ခုႏွစ္တုန္းက ၿဗိတိန္ဘုရင္မႀကီးရဲ႕ OBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရဖူးတဲ့

ေဒးဗစ္ဘက္ဟမ္းဟာ၂၀၀၂ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္ ဂရိႏွင့္ပြဲတြင္

အံ့ဩစရာေကာင္းတဲ့ဖရီးကစ္ဂိုးသြင္းယူၿပီးကူညီခဲ့ဖူးပါတယ္။

သူဟာယူနီဆက္ဖ္ရဲ႕သံတမန္အျဖစ္တာဝန္ထမ္းေဆာင္လာခဲ့တာ

ဆယ္စုႏွစ္ႏွစ္ခုနီးပါးရွိလာၿပီျဖစ္သလိုပရဟိတလုပ္ငန္းမ်ားစြာတို႔ကိုလည္း

ေရွ႕တန္းမွလုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။

သူဟာလန္ဒန္အိုလံပစ္ၿပိဳင္ပြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိရန္

ကူညီခဲ့သူလည္းျဖစ္ပါတယ္။