
မိုဟာမက်ဆာလက်ကလီဗာပူးနှင့်စာချုပ်သစ်ချုပ်ဆိုလိုနေပြီး ကစားသမားဘဝ
နောက်ဆုံးရက်အထိကလပ်အတွက်ကစားလိုကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မိုဟာမက်ဆာလက်ဟာ၂၀၂၂-၂၃ဘောလုံးရာသီအကုန်တွင်လီဗာပူးနှင့်
စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီး
သတင်းများစွာထွက်ပေါ်နေပါတယ်။ ဒါပေမယ့်ယခုအခါဆာလက်က
ကစားသမားဘဝနောက်ဆုံးရက်အထိလီဗာပူးတွင်ကစားလိုကြောင်း ပြောကြားကာ
သူ့အနာဂတ်နဲ့ပတ်သက်ပြီးမစိုးရိမ်ကြရန်ပရိသတ်များကိုအသိပေးလာပြီဖြစ်ပါတယ်။
ဆာလက်က “တကယ်မေးလာခဲ့ရင်တော့ကျွန်တော့်ဘောလုံးသမားဘဝ
နောက်ဆုံးရက်အထိဒီမှာဘဲကစားသွားချင်ပါတယ်။ ဒါပေမယ့်ကျွန်တော့်ဘက်က
များများစားစားပြောလို့မရပါဘူး။ကျွန်တော့်ဆုံးဖြတ်ချက်အပေါ်မှာလည်း
မမူတည်ပါဘူး။ကလပ်ကကျွန်တော့်ကိုအလိုရှိ/မရှိအပေါ်မှာလည်းမူတည်နေပါတယ်။
အခုအချိန်မှာလီဗာပူးကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ရဖို့လမ်းမရှိပါဘူး။
ဖြစ်လာရင်စိတ်မကောင်းဖြစ်လာမှာပါ။ဒါနဲ့ပတ်သက်ပြီးမပြောချင်ပါဘူး။
ဒါပေမယ့်ဖြစ်လာရင်တော့တကယ့်ကိုစိတ်မကောင်းစရာဖြစ်လာမှာပါ။
နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတာကြည့်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။
မိုဟာမက်ဆာလက်ဟာယခုရာသီမှာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံကို
ရရှိနေပြီး၁၁ပွဲကစားထားရာမှာ၁၂ဂိုးသွင်းယူထားနိုင်ပါတယ်။သူဟာမကြာသေးမီတုန်းက
လီဗာပူးအတွက်ဂိုးရာပြည့်အမြန်ဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
သူဟာကြားရက်တုန်းကအက်သလက်တီကိုအားအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီး
နောက်လီဗာပူးသမိုင်းတွင်၉ပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
zawgyi
ဆာလက္က ကစားသမားဘဝေနာက္ဆုံးရက္အထိ လီဗာပူးအတြက္ကစားလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကား
မိုဟာမက္ဆာလက္ကလီဗာပူးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနၿပီ းကစားသမားဘဝ
ေနာက္ဆုံးရက္အထိကလပ္အတြက္ကစားလိုေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
မိုဟာမက္ဆာလက္ဟာ၂၀၂၂-၂၃ေဘာလုံးရာသီအကုန္တြင္လီဗာပူးႏွင့္
စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီး
သတင္းမ်ားစြာထြက္ေပၚေနပါတယ္။ ဒါေပမယ့္ယခုအခါဆာလက္က
ကစားသမားဘဝေနာက္ဆုံးရက္အထိလီဗာပူးတြင္ကစားလိုေၾကာင္း ေျပာၾကားကာ
သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးမစိုးရိမ္ၾကရန္ပရိသတ္မ်ားကိုအသိေပးလာၿပီျဖစ္ပါတယ္။
ဆာလက္က “တကယ္ေမးလာခဲ့ရင္ေတာ့ကြၽန္ေတာ့္ေဘာလုံးသမားဘဝ
ေနာက္ဆုံးရက္အထိဒီမွာဘဲကစားသြားခ်င္ပါတယ္။ ဒါေပမယ့္ကြၽန္ေတာ့္ဘက္က
မ်ားမ်ားစားစားေျပာလို႔မရပါဘူး။ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္အေပၚမွာလည္း
မမူတည္ပါဘူး။ကလပ္ကကြၽန္ေတာ့္ကိုအလိုရွိ/မရွိအေပၚမွာလည္းမူတည္ေနပါတယ္။
အခုအခ်ိန္မွာလီဗာပူးကိုၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ရဖို႔လမ္းမရွိပါဘူး။
ျဖစ္လာရင္စိတ္မေကာင္းျဖစ္လာမွာပါ။ဒါနဲ႔ပတ္သက္ၿပီးမေျပာခ်င္ပါဘူး။
ဒါေပမယ့္ျဖစ္လာရင္ေတာ့တကယ့္ကိုစိတ္မေကာင္းစရာျဖစ္လာမွာပါ။
ေနာက္ပိုင္းမွာဘာေတြျဖစ္လာမလဲဆိုတာၾကည့္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။
မိုဟာမက္ဆာလက္ဟာယခုရာသီမွာကစားသမားဘဝတစ္ေလွ်ာက္အေကာင္းဆုံးပုံစံကို
ရရွိေနၿပီး၁၁ပြဲကစားထားရာမွာ၁၂ဂိုးသြင္းယူထားႏိုင္ပါတယ္။သူဟာမၾကာေသးမီတုန္းက
လီဗာပူးအတြက္ဂိုးရာျပည့္အျမန္ဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။
သူဟာၾကားရက္တုန္းကအက္သလက္တီကိုအားအႏိုင္ရရွိတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး
ေနာက္လီဗာပူးသမိုင္းတြင္၉ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။