ဆာလက်ဂိုးသွင်းယူမှုကိုကြည့်ပြီး အကြီးအကျယ်အံ့ဩနေခဲ့တဲ့ ကလော့ပ်

ဂျာဂင်ကလော့ပ်ဟာဝက်ဖို့ဒ်အား၅-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှမိုဟာမက်ဆာလက်ရဲ့

တကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးအပေါ်အံမခန်းတုံ့ပြန်မှုပြုလုပ်လာပါတယ်။

အီဂျစ်စူပါစတားမိုဟာမက်ဆာလက်ဟာဝက်ဖို့ဒ်အား၅-ဝဂိုးဖြင့်အနိုင်ရရှိတဲ့

ပွဲစဉ်မှာလီဗာပူးအတွက်အဖွင့်ဂိုးအားဆာဒေယိုမာနေးသွင်းယူနိုင်အောင်လှပတဲ့

ပေးပို့ချက်ဖြင့် ဖန်တီးမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒုတိယပိုင်းမှာယခုရာသီရဲ့

အကောင်းဆုံးဂိုးများထဲမှတစ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဝက်ဖို့ဒ်ဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်ဝိုင်းရံထားတဲ့

ဝက်ဖို့ဒ်နောက်ခံလူများအကြားမှအနီးကပ်ဘောလုံးအထိမ်းအသိမ်း၊

အလိမ်အခေါက်များဖြင့်ကျော်ဖြတ်ကာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီမန်စီးတီးနှင့်ပွဲတုန်းကမန်စီးတီး

နောက်ခံလူများကိုအရှုးလုပ်ကာတကိုယ်တော်အစွမ်းဖြင့်အံ့မခန်း

ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဆက်တိုက်ဆိုသလိုနောက်ထပ်

တကိုယ်တော်အစွမ်းဖြင့်ဂိုးတစ်ဂိုးထပ်မံသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဂျာဂင်ကလော့ပ်ဟာမိုဟာမက်ဆာလက်ဂိုးသွင်းယူမှုကိုကြည့်ပြီးနောက်

အကြီးအကျယ်အံ့ဩနေခဲ့တာတွေ့ရပါတယ်။ ယင်းပွဲမှာဖာမီနိုက

ဟက်ထရစ်သွင်းယူကာဘောလုံးကိုအိမ်အပြန်မှာယူဆောင်သွားခဲ့ပေမယ့်လည်း

မိုဟာမက်ဆာလက်ကိုလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်

ငြင်းခုန်နေကြပြီဖြစ်ပါတယ်။ ကလော့ပ်ကလက်ရှိဘောလုံးလောကတွင်

ဆာလက်လောက်ကောင်းတဲ့ကစားသမားမရှိကြောင်းရှင်းရှင်းလင်းလင်း

ပြသနေပြီဖြစ်ကြောင်းပြောကြားသွားပါတယ်။

ဆာလက်ဟာယခုရာသီမှာလီဗာပူးအတွက်ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားရာမှာ

၇ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဝက်ဖို့ဒ်နှင့်ပွဲမှဂိုးနဲ့ပတ်သက်ပြီးအင်တာဗျူးတွင် ယင်းဂိုးကသူသွင်းသမျှ

ဂိုးများတွင်အကောင်းဆုံးဂိုးလားလို့မေးခွန်းထုတ်လာမှုကိုဆာလက်ကလည်း

“အခုသွင်းလိုက်တဲ့ဂိုးလား၊စီးတီးနဲ့ပွဲမှာသွင်းတဲ့ဂိုးကိုပြောတာလား။

အရေးအကြီးဆုံးကအသင်းအတွက်ပါ။ အရေးအကြီးဆုံးကဂိုးကောင်းတွေ

သွင်းနေတာပါ။ကျွန်တော့်ဘက်ကတော့ရာနှုန်းပြည့် ပေးဆပ်ဖို့ကြိုးစားနေပါတယ်။

အခုအချိန်မှာယုံကြည်မှုလည်းမြင့်နေပါတယ်။အသင်းကိုလည်းအရေးပါတဲ့

အမှတ်တွေရအောင်ကူညီနေပါတယ်။ဒါကအရေးအကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။

zawgyi

ဆာလက္ဂိုးသြင္းယူမႈကိုၾကည့္ၿပီး အႀကီးအက်ယ္အံ့ဩေနခဲ့တဲ့ ကေလာ့ပ္

ဂ်ာဂင္ကေလာ့ပ္ဟာဝက္ဖို႔ဒ္အား၅-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွမိုဟာမက္ဆာလက္ရဲ႕

တကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးအေပၚအံမခန္းတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

အီဂ်စ္စူပါစတားမိုဟာမက္ဆာလက္ဟာဝက္ဖို႔ဒ္အား၅-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့

ပြဲစဥ္မွာလီဗာပူးအတြက္အဖြင့္ဂိုးအားဆာေဒယိုမာေနးသြင္းယူႏိုင္ေအာင္လွပတဲ့

ေပးပို႔ခ်က္ျဖင့္ ဖန္တီးမႈျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ဒုတိယပိုင္းမွာယခုရာသီရဲ႕

အေကာင္းဆုံးဂိုးမ်ားထဲမွတစ္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဝက္ဖို႔ဒ္ဧရိယာအတြင္းမွာေဘာလုံးရရွိၿပီးေနာက္ဝိုင္းရံထားတဲ့

ဝက္ဖို႔ဒ္ေနာက္ခံလူမ်ားအၾကားမွအနီးကပ္ေဘာလုံးအထိမ္းအသိမ္း၊

အလိမ္အေခါက္မ်ားျဖင့္ေက်ာ္ျဖတ္ကာလွပတဲ့ဂိုးတစ္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

သူဟာႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီမန္စီးတီးႏွင့္ပြဲတုန္းကမန္စီးတီး

ေနာက္ခံလူမ်ားကိုအရႈးလုပ္ကာတကိုယ္ေတာ္အစြမ္းျဖင့္အံ့မခန္း

ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဆက္တိုက္ဆိုသလိုေနာက္ထပ္

တကိုယ္ေတာ္အစြမ္းျဖင့္ဂိုးတစ္ဂိုးထပ္မံသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာဂင္ကေလာ့ပ္ဟာမိုဟာမက္ဆာလက္ဂိုးသြင္းယူမႈကိုၾကည့္ၿပီးေနာက္

အႀကီးအက်ယ္အံ့ဩေနခဲ့တာေတြ႕ရပါတယ္။ ယင္းပြဲမွာဖာမီႏိုက

ဟက္ထရစ္သြင္းယူကာေဘာလုံးကိုအိမ္အျပန္မွာယူေဆာင္သြားခဲ့ေပမယ့္လည္း

မိုဟာမက္ဆာလက္ကိုလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္

ျငင္းခုန္ေနၾကၿပီျဖစ္ပါတယ္။ ကေလာ့ပ္ကလက္ရွိေဘာလုံးေလာကတြင္

ဆာလက္ေလာက္ေကာင္းတဲ့ကစားသမားမရွိေၾကာင္းရွင္းရွင္းလင္းလင္

းျပသေနၿပီျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဆာလက္ဟာယခုရာသီမွာလီဗာပူးအတြက္ပရီးမီးယားလိဂ္ပြဲ၈ပြဲကစားရာမွာ

၇ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဝက္ဖို႔ဒ္ႏွင့္ပြဲမွဂိုးနဲ႔ပတ္သက္ၿပီးအင္တာဗ်ဴးတြင္ ယင္းဂိုးကသူသြင္းသမွ်

ဂိုးမ်ားတြင္အေကာင္းဆုံးဂိုးလားလို႔ေမးခြန္းထုတ္လာမႈကိုဆာလက္ကလည္း

“အခုသြင္းလိုက္တဲ့ဂိုးလား၊စီးတီးနဲ႔ပြဲမွာသြင္းတဲ့ဂိုးကိုေျပာတာလား။

အေရးအႀကီးဆုံးကအသင္းအတြက္ပါ။ အေရးအႀကီးဆုံးကဂိုးေကာင္းေတြ

သြင္းေနတာပါ။ကြၽန္ေတာ့္ဘက္ကေတာ့ရာႏႈန္းျပည့္ ေပးဆပ္ဖို႔ႀကိဳးစားေနပါတယ္။

အခုအခ်ိန္မွာယုံၾကည္မႈလည္းျမင့္ေနပါတယ္။အသင္းကိုလည္းအေရးပါတဲ့

အမွတ္ေတြရေအာင္ကူညီေနပါတယ္။ဒါကအေရးအႀကီးဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။