ဆာလက်အတွက် နှစ်သိမ့်ဆုလေလား..

မိုဟာမက်ဆာလက်ဟာ Ballon d’Or ဆုမှာလီယွန်နယ်မက်ဆီကို

မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဒါပေမယ့်သူဟာတနင်္လာနေ့ကကျင်းပတဲ့

အခြားဆုပေးပွဲတစ်ခုမှာတော့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

မိုနာကိုမှာကျင်းပတဲ့ Champions Gala မှာလီဗာပူးရဲ့အကောင်းဆုံးကစားသမားဟာ

Golden Foot Award ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းဆုပွဲကအသက်၂၈နှစ်နှင့်အထက်

ကစားသမားကို အသင်းလိုက်နှင့်တစ်ကိုယ်တော်စွမ်းဆောင်ရည်များအတွက်

ချီးမြှင်တဲ့ဆုပေးပွဲဖြစ်ပါတယ်။မိုဟာမက်ဆာလက်ဟာလီဗာပူးသို့

ပြောင်းရွှေ့လာပြီးနောက်ဆက်တိုက် အကောင်းဆုံးပုံစံဖြင့်ကစားလာခဲ့သူဖြစ်ပြီး

ချဲလ်ဆီးမှာတုန်းကအရှုံးသမားဘဝကိုဖယ်ရှားနိုင်လာခဲ့သူလည်းဖြစ်ပါတယ်။

ဆာလက်ဟာယင်းဆုကိုကိုယ်တိုင်သွားရောက်မရယူနိုင်ခဲ့ပါဘူး။

ဇနီးသည်ကသူ့ကိုယ်စားတက်ရောက်ရယူခဲ့ပါတယ်။

ယင်းဆုနှင့်ပတ်သက်ပြီးဆာလက်က “ဆုရတဲ့အခါအမြဲတမ်းအရမ်းပျော်ရပါတယ်။

The Golden Foot Award ကဘောလုံးလောကကဂန္ထဝင်ကစားသမားတွေဘဲ

ရယူလာခဲ့တဲ့ဆုဖြစ်လို့ကျွန်တော့်အထူးစပါယ်ရှယ်ဆုဖြစ်ပါတယ်။

ဒီအကြောင်းပြချက်ကြောင့်လည်းဒီဆုကိုအထူစပါယ်ရှယ်ဆုလို့သတ်မှတ်ပါတယ်”လို့

ပြောကြားသွားပါတယ်။Golden Foot Award ကိုအသက်၂၈နှစ်ပြည့်ပြီးတဲ့

ကစားသမားကိုသာချီးမြှင့်တာဖြစ်ပြီးတစ်ကြိမ်တည်းသာဆွတ်ခူးနိုင်ခွင့်ရှိတဲ့ဆုဖြစ်ပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့အသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီဟာ

ယင်းဆုကိုမဆွတ်ခူးခဲ့ဖူးပါဘူး။မိုဟာမက်ဆာလက်ဟာယခုနှစ်မှာ

မက်ဆီကိုကျော်ဖြတ်ပြီးယင်းဆုကိုဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်သူဟာနေမာ၊ရောဘတ်လီဝန်ဒေါ့စကီး၊ရာမို့စ်တို့ကိုလည်း

ကျော်ဖြတ်ကာဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

The Golden Foot Award ကို၂၀၀၃ခုနှစ်တုန်းကစတင်ချီးမြှင့်တာဖြစ်ပြီး

ပထဆုံးဆုကိုရောဘတ်တိုဘက်ဂီယိုကဆွတ်ခူးခဲ့ပါတယ်။ယင်းနောက်ပိုင်းတွ၍်

ရော်နယ်ဒို၊ကားဆီးလက်စ်၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ကဆွတ်ခူးခဲ့ဖူးပါတယ်။

၂၀၂၁ခုနှစ် The Golden Foot Award ဆုရှင်ဆာလက်ဟာ ယခုရာသီမှာ

ပရီးမီးယားလိဂ်ပွဲ၁၄ပွဲကစားထားရာမှာ၁၃ဂိုးသွင်းယူပြီး၈ကြိမ်ဖန်တီးထားပါတယ်။

The Golden Foot Award ဆုပေးပွဲတွင်ဘာစီလိုနာညာနောက်ခံလူ

ဒါနီအဲလ်ဗက်စ်နှင့်အေစီမီလန်ဂန္ထဝင်အသင်းခေါင်းဆောင်

ပေါလ်လိုမာလ်ဒီနီတို့ဟာလည်း The Golden Foot Legend Award တို့ဆွတ်ခူးခဲ့ကြပါတယ်။

zawgyi

ဆာလက္အတြက္ ႏွစ္သိမ့္ဆုေလလား..

မိုဟာမက္ဆာလက္ဟာ Ballon d’Or ဆုမွာလီယြန္နယ္မက္ဆီကို

မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ဒါေပမယ့္သူဟာတနလၤာေန႔ကက်င္းပတဲ့

အျခားဆုေပးပြဲတစ္ခုမွာေတာ့အသိအမွတ္ျပဳျခင္းခံခဲ့ရပါတယ္။

မိုနာကိုမွာက်င္းပတဲ့ Champions Gala မွာလီဗာပူးရဲ႕အေကာင္းဆုံးကစားသမားဟာ

Golden Foot Award ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းဆုပြဲကအသက္၂၈ႏွစ္ႏွင့္အထက္

ကစားသမားကို အသင္းလိုက္ႏွင့္တစ္ကိုယ္ေတာ္စြမ္းေဆာင္ရည္မ်ားအတြက္

ခ်ီးျမႇင္တဲ့ဆုေပးပြဲျဖစ္ပါတယ္။မိုဟာမက္ဆာလက္ဟာလီဗာပူးသို႔

ေျပာင္းေ႐ႊ႕လာၿပီးေနာက္ဆက္တိုက္ အေကာင္းဆုံးပုံစံျဖင့္ကစားလာခဲ့သူျဖစ္ၿပီး

ခ်ဲလ္ဆီးမွာတုန္းကအရႈံးသမားဘဝကိုဖယ္ရွားႏိုင္လာခဲ့သူလည္းျဖစ္ပါတယ္။

ဆာလက္ဟာယင္းဆုကိုကိုယ္တိုင္သြားေရာက္မရယူႏိုင္ခဲ့ပါဘူး။

ဇနီးသည္ကသူ႔ကိုယ္စားတက္ေရာက္ရယူခဲ့ပါတယ္။

ယင္းဆုႏွင့္ပတ္သက္ၿပီးဆာလက္က “ဆုရတဲ့အခါအၿမဲတမ္းအရမ္းေပ်ာ္ရပါတယ္။

The Golden Foot Award ကေဘာလုံးေလာကကဂႏၴဝင္ကစားသမားေတြဘဲ

ရယူလာခဲ့တဲ့ဆုျဖစ္လို႔ကြၽန္ေတာ့္အထူးစပါယ္ရွယ္ဆုျဖစ္ပါတယ္။

ဒီအေၾကာင္းျပခ်က္ေၾကာင့္လည္းဒီဆုကိုအထူစပါယ္ရွယ္ဆုလို႔သတ္မွတ္ပါတယ္”လို႔

ေျပာၾကားသြားပါတယ္။Golden Foot Award ကိုအသက္၂၈ႏွစ္ျပည့္ၿပီးတဲ့

ကစားသမားကိုသာခ်ီးျမႇင့္တာျဖစ္ၿပီးတစ္ႀကိမ္တည္းသာဆြတ္ခူးႏိုင္ခြင့္ရွိတဲ့ဆုျဖစ္ပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့အသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီဟာ

ယင္းဆုကိုမဆြတ္ခူးခဲ့ဖူးပါဘူး။မိုဟာမက္ဆာလက္ဟာယခုႏွစ္မွာ

မက္ဆီကိုေက်ာ္ျဖတ္ၿပီးယင္းဆုကိုဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္သူဟာေနမာ၊ေရာဘတ္လီဝန္ေဒါ့စကီး၊ရာမို႔စ္တို႔ကိုလည္း

ေက်ာ္ျဖတ္ကာဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

The Golden Foot Award ကို၂၀၀၃ခုႏွစ္တုန္းကစတင္ခ်ီးျမႇင့္တာျဖစ္ၿပီး

ပထဆုံးဆုကိုေရာဘတ္တိုဘက္ဂီယိုကဆြတ္ခူးခဲ့ပါတယ္။ယင္းေနာက္ပိုင္းတြ၍္

ေရာ္နယ္ဒို၊ကားဆီးလက္စ္၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကဆြတ္ခူးခဲ့ဖူးပါတယ္။

၂၀၂၁ခုႏွစ္ The Golden Foot Award ဆုရွင္ဆာလက္ဟာ ယခုရာသီမွာ

ပရီးမီးယားလိဂ္ပြဲ၁၄ပြဲကစားထားရာမွာ၁၃ဂိုးသြင္းယူၿပီး၈ႀကိမ္ဖန္တီးထားပါတယ္။

The Golden Foot Award ဆုေပးပြဲတြင္ဘာစီလိုနာညာေနာက္ခံလူ

ဒါနီအဲလ္ဗက္စ္ႏွင့္ေအစီမီလန္ဂႏၴဝင္အသင္းေခါင္းေဆာင္

ေပါလ္လိုမာလ္ဒီနီတို႔ဟာလည္း The Golden Foot Legend Award တို႔ဆြတ္ခူးခဲ့ၾကပါတယ္။