ဆာလာကို လစာတိုးပေးပြီး သက်တမ်းတိုးဖို့ လီဗာပူးအသင်း သေချာပေါက်ကမ်းလှမ်းလာနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ငြင်းဆန်ခဲ့ခြင်းမရှိတဲ့ တိုက်စစ်မှူး ဆာလာကို လီဗာပူးအသင်းက လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သေချာပေါက်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။


အီဂျစ်လက်ရွေးစင် ဆာလာရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီကျမှကုန်ဆုံးမှာဖြစ်ပြီး အသင်းရဲ့လုပ်ခလစာအများဆုံးရရှိသူတစ်ဦးအဖြစ် တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းရရှိနေပါတယ်။


ဆာလာဟာ ပြီးခဲ့တဲ့အပတ်က စပိန်သတင်းစာ အေအက်စ်နဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူ့အနာဂတ်နဲ့ပတ်သက်လို့ မသေမချာဖြစ်နေတယ်လို့ အံ့အားသင့်ဖွယ်ဝန်ခံခဲ့ပေမယ့် Goal သတင်းဌာနကတော့ လီဗာပူးက သူ့ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှာ သေချာကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။


အေအက်စ်သတင်းစာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆာလာက မစ်ဂျေလန်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်မခံခဲ့ရမှုအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

”အရိုးသားဆုံးပြောရရင် ကျွန်တော် အရမ်းပဲစိတ်ပျက်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော့်ဘက်ကလည်း ဒီဆုံးဖြတ်ချက်ကို လက်သင့်ခံရမှာပါ”လို့ ဆာလာက ပြောခဲ့ပါတယ်။


အသက် ၂၈ နှစ်အရွယ်ရှိ ဆာလာက အနာဂတ်မှာ ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာအသင်း တစ်သင်းသင်းထံ ရောက်နိုင်မလားဆိုတဲ့မေးခွန်းကို ”ရီးရဲလ်နဲ့ ဘာစီလိုနာတို့က ထိပ်တန်းကလပ်တွေဖြစ်တယ်လု့ိ ထင်ပါတယ်”


”အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှ မသိပေမယ့် လက်ရှိအချိန်မှာတော့ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ထပ်မံဗိုလ်စွဲဖို့ အာရုံစိုက်ထားပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။


သူ့အနာဂတ်နဲ့ပတ်သက်လို့ ဆာလာက အရာအားလုံးဟာ လီဗာပူးရဲ့လက်ထဲမှာပဲရှိကြောင်း ”ဒီမေးခွန်းက ပြန်ဖြေရတာ ခက်ပေမယ့် အခုချိန်မှာပြောနိုင်တာကတော့ အားလုံးက လီဗာပူးအပေါ်မှာပဲ မူတည်နေတယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။


လီဗာပူးနည်းပြ ကလော့ပ်ဟာ အဲဒီလိုဆာလာရဲ့အင်တာဗျူးထွက်ပေါ်လာပြီးနောက် စနေညက ပဲလေ့စ်နဲ့ပွဲမှာ ဆာလာကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပေမယ့် သူ့အနေနဲ့ ဆာလာကို လိုအပ်ချက်အရ အနားပေးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

ဆာလာဟာ ဒုတိယပိုင်းမှာ လူစားဝင်လာပြီးနောက် ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဗာပူးကလည်း ပဲလေ့စ်ကို ဝ-၇ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဆာလာဟာ ၂၀၁၇ နွေရာသီက ရိုးမားအသင်းကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး နောက်ဆုံး ၃ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၉၄ဂိးအထိ သွင်းယူနိုင်ခဲ့သလို ယခုရာသီမှာလည်း ၂၁ပွဲကစား ၁၆ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဆာလာကို လစာတုိးေပးၿပီး သက္တမ္းတုိးဖို႔ လီဗာပူးအသင္း ေသခ်ာေပါက္ကမ္းလွမ္းလာႏိုင္
ၿပီးခဲ့တဲ့အပတ္က ဘာစီလုိနာ ဒါမွမဟုတ္ ရီးရဲလ္အသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိေနတယ္ဆုိတဲ့သတင္းေတြနဲ႔ပတ္သက္လုိ႔ ျငင္းဆန္ခဲ့ျခင္းမရွိတဲ့ တုိက္စစ္မွဴး ဆာလာကို လီဗာပူးအသင္းက လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ေသခ်ာေပါက္ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

အီဂ်စ္လက္ေရြးစင္ ဆာလာရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၃ ေႏြရာသီက်မွကုန္ဆုံးမွာျဖစ္ၿပီး အသင္းရဲ႕လုပ္ခလစာအမ်ားဆုံးရရွိသူတစ္ဦးအျဖစ္ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းရရွိေနပါတယ္။
ဆာလာဟာ ၿပီးခဲ့တဲ့အပတ္က စပိန္သတင္းစာ ေအအက္စ္နဲ႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ မေသမခ်ာျဖစ္ေနတယ္လုိ႔ အံ့အားသင့္ဖြယ္၀န္ခံခဲ့ေပမယ့္ Goal သတင္းဌာနကေတာ့ လီဗာပူးက သူ႕ကို လစာတုိးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ကမ္းလွမ္းမွာ ေသခ်ာေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။
ေအအက္စ္သတင္းစာနဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဆာလာက မစ္ေဂ်လန္းနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္မခံခဲ့ရမႈအေပၚ စိတ္ပ်က္မိတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။
”အ႐ိုးသားဆုံးေျပာရရင္ ကၽြန္ေတာ္ အရမ္းပဲစိတ္ပ်က္ခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမဲ့ ဒါက နည္းျပရဲ႕ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ကၽြန္ေတာ့္ဘက္ကလည္း ဒီဆုံးျဖတ္ခ်က္ကို လက္သင့္ခံရမွာပါ”လုိ႔ ဆာလာက ေျပာခဲ့ပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ ဆာလာက အနာဂတ္မွာ ရီးရဲလ္ ဒါမွမဟုတ္ ဘာစီလုိနာအသင္း တစ္သင္းသင္းထံ ေရာက္ႏိုင္မလားဆုိတဲ့ေမးခြန္းကို ”ရီးရဲလ္နဲ႔ ဘာစီလုိနာတုိ႔က ထိပ္တန္းကလပ္ေတြျဖစ္တယ္လု႔ိ ထင္ပါတယ္”

”အနာဂတ္မွာ ဘာေတြျဖစ္မလဲဆုိတာ ဘယ္သူမွ မသိေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ထပ္မံဗိုလ္စြဲဖို႔ အာ႐ုံစုိက္ထားပါတယ္”လုိ႔ ျပန္ေျဖခဲ့ပါတယ္။
သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ဆာလာက အရာအားလုံးဟာ လီဗာပူးရဲ႕လက္ထဲမွာပဲရွိေၾကာင္း ”ဒီေမးခြန္းက ျပန္ေျဖရတာ ခက္ေပမယ့္ အခုခ်ိန္မွာေျပာႏုိင္တာကေတာ့ အားလုံးက လီဗာပူးအေပၚမွာပဲ မူတည္ေနတယ္ဆုိတာပါပဲ”လုိ႔ ေျပာပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္ဟာ အဲဒီလိုဆာလာရဲ႕အင္တာဗ်ဴးထြက္ေပၚလာၿပီးေနာက္ စေနညက ပဲေလ့စ္နဲ႔ပဲြမွာ ဆာလာကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့ေပမယ့္ သူ႕အေနနဲ႔ ဆာလာကို လုိအပ္ခ်က္အရ အနားေပးခ့ဲတာျဖစ္ေၾကာင္း ဆုိပါတယ္။
ဆာလာဟာ ဒုတိယပိုင္းမွာ လူစား၀င္လာၿပီးေနာက္ ၂ဂိုးသြင္းယူႏုိင္ခဲ့ၿပီး လီဗာပူးကလည္း ပဲေလ့စ္ကို ၀-၇ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ဆာလာဟာ ၂၀၁၇ ေႏြရာသီက ႐ိုးမားအသင္းကေန ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး ေနာက္ဆုံး ၃ရာသီအတြင္း အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉၄ဂိးအထိ သြင္းယူနိုင္ခဲ့သလုိ ယခုရာသီမွာလည္း ၂၁ပြဲကစား ၁၆ဂိုးသြင္းယူထားပါတယ္။