ဆာလာက နစ်နာသူပါ-အလန်ရှီးယား

ရေမိုဟာမက်ဆာလက်မှာဘောလုံးပရိသတ်များကခရစ္စတီယာနိုရော်နယ်ဒိုနှင့်

လီယွန်နယ်မက်ဆီတို့သာစွဲလန်းတကြီးပြောဆိုနေမှုနှင့်အတူ ကံဆိုးစွာ

ထိခိုက်နစ်နာလျက်ရှိကြောင်း နယူးကာဆယ်နှင့်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး

အလန်ရှီးယားကပြောကြားလာပါတယ်။

ပရီးမီးယားလိဂ်ဂန္ထဝင်ကမော်ဒန်ခေတ်အကောင်းဆုံးဘောလုံးသမားနှစ်ဦးတို့ရဲ့

ကာလရှည်ကြာယှဉ်ပြိုင်လာကမိုဟာမက်ဆာလက်ရဲ့ 2021 Ballon d’Or ဆု

ရရှိနိုင်မယ့်အခွင့်အရေးအလွန်နည်းပါးစေခဲ့ခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။

အလန်ရှီးယားက “လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားကမိုဟာမက်ဆာလက်ပါ။

အကောင်းဆုံးဂိုးသွင်းသမားနဲ့အကောင်းဆုံးကစားသမားပါ။မှော်ဆရာလေးဟာ

ကမ္ဘာ့အကောင်းဆုံးလိဂ်မှာသူ့အစွမ်းကိုပြသနေပါတယ်။သူဟာကမ္ဘာ့အကောင်းဆုံး

အသင်းတွေနဲ့ပွဲမှာ လုပ်ပြနေပါတယ်။အကြီးကျယ်ဆုံးပွဲတွေမှာလည်းလုပ်ပြနေပါတယ်။

အပတ်စဉ်အပတ်တိုင်း၊နှစ်စဉ်စဉ်တိုင်းပဉ္စလက်ခြေစွမ်းကိုပြသလာတာပါ။

ဒါတောင်နောက်ဆုံးBallon d’Or မှာအဆင့်၇ဘဲချိတ်တာဆိုတော့စဉ်းစားမရဘူး။

လီယွန်နယ်မက်ဆီနဲ့ခရစ္စတီယနိုရော်နယ်ဒိုတို့ရဲ့မော်ဒန်ခေတ်ကိုလွှမ်းမိုးလာတာနဲ့

ပတ်သက်ပြီးပြောဆိုမှုကအားလုံးကိုဖုံးလွှမ်းသွားစေခဲ့တာပါ။

တကယ်လို့ကျွန်တော့်အသင်းအတွက်ဘယ်ကစားသမားကိုမဆို

ရွေးချယ်ခွင့်ပေးမယ်ဆိုရင်ဆာလက်ကိုပဲရွေးပါမယ်”လို့ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလက်ဟာယခုရာသီမှာလီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ

၂၁ပွဲကစားထားရာမှာဂိုး၂၀သွင်းယူထားပါတယ်။သူနောက်ဆုံးဂိုးသွင်းနိုင်ခဲ့တာ

ကြားရက်တုန်းကအေစီမီလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဖြစ်ပါတယ်။

သူဟာလီဗာပူးတွင်အကောင်းဆုံးခြေစွမ်းပြကစားနေပေမယ့်စာချုပ်သစ်

ချုပ်ဆိုရေးသဘောတူညီမှုမရရှိသေးမှုနဲ့အတူအနာဂတ်မရေမရာဖြစ်နေ

သူလည်းဖြစ်ပါတယ်။သူဟာလီဗာပူးနှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

zawgyi

ဆာလာက နစ္နာသူပါ-အလန္ရွီးယား

ေရမိုဟာမက္ဆာလက္မွာေဘာလုံးပရိသတ္မ်ားကခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္

လီယြန္နယ္မက္ဆီတို႔သာစြဲလန္းတႀကီးေျပာဆိုေနမႈႏွင့္အတူ ကံဆိုးစြာ

ထိခိုက္နစ္နာလ်က္ရွိေၾကာင္း နယူးကာဆယ္ႏွင့္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး

အလန္ရွီးယားကေျပာၾကားလာပါတယ္။

ပရီးမီးယားလိဂ္ဂႏၴဝင္ကေမာ္ဒန္ေခတ္အေကာင္းဆုံးေဘာလုံးသမားႏွစ္ဦးတို႔ရဲ႕

ကာလရွည္ၾကာယွဥ္ၿပိဳင္လာကမိုဟာမက္ဆာလက္ရဲ႕ 2021 Ballon d’Or ဆု

ရရွိႏိုင္မယ့္အခြင့္အေရးအလြန္နည္းပါးေစခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အလန္ရွီးယားက “လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားကမိုဟာမက္ဆာလက္ပါ။

အေကာင္းဆုံးဂိုးသြင္းသမားနဲ႔အေကာင္းဆုံးကစားသမားပါ။ေမွာ္ဆရာေလးဟာ

ကမာၻ႔အေကာင္းဆုံးလိဂ္မွာသူ႔အစြမ္းကိုျပသေနပါတယ္။သူဟာကမာၻ႔အေကာင္းဆုံး

အသင္းေတြနဲ႔ပြဲမွာ လုပ္ျပေနပါတယ္။အႀကီးက်ယ္ဆုံးပြဲေတြမွာလည္းလုပ္ျပေနပါတယ္။

အပတ္စဥ္အပတ္တိုင္း၊ႏွစ္စဥ္စဥ္တိုင္းပၪၥလက္ေျခစြမ္းကိုျပသလာတာပါ။

ဒါေတာင္ေနာက္ဆုံးBallon d’Or မွာအဆင့္၇ဘဲခ်ိတ္တာဆိုေတာ့စဥ္းစားမရဘူး။

လီယြန္နယ္မက္ဆီနဲ႔ခရစၥတီယႏိုေရာ္နယ္ဒိုတို႔ရဲ႕ေမာ္ဒန္ေခတ္ကိုလႊမ္းမိုးလာတာနဲ႔

ပတ္သက္ၿပီးေျပာဆိုမႈကအားလုံးကိုဖုံးလႊမ္းသြားေစခဲ့တာပါ။

တကယ္လို႔ကြၽန္ေတာ့္အသင္းအတြက္ဘယ္ကစားသမားကိုမဆို

ေ႐ြးခ်ယ္ခြင့္ေပးမယ္ဆိုရင္ဆာလက္ကိုပဲေ႐ြးပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မိုဟာမက္ဆာလက္ဟာယခုရာသီမွာလီဗာပူးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ

၂၁ပြဲကစားထားရာမွာဂိုး၂၀သြင္းယူထားပါတယ္။သူေနာက္ဆုံးဂိုးသြင္းႏိုင္ခဲ့တာ

ၾကားရက္တုန္းကေအစီမီလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာျဖစ္ပါတယ္။

သူဟာလီဗာပူးတြင္အေကာင္းဆုံးေျခစြမ္းျပကစားေနေပမယ့္စာခ်ဳပ္သစ္

ခ်ဳပ္ဆိုေရးသေဘာတူညီမႈမရရွိေသးမႈနဲ႔အတူအနာဂတ္မေရမရာျဖစ္ေန

သူလည္းျဖစ္ပါတယ္။သူဟာလီဗာပူးႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။