ဆာလာရဲ့ စံချိန်တင်ခဲ့တဲ့ဂိုးဟာ ရယ်စရာအဖြစ်ပျက်တွေနဲ့စခဲ့ပါတယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်အနေနဲ့ နောက်တဆင့် တက်ထားပြီးဖြစ်တဲ့ လီဗာပူးအသင်းကတော့ စီနီယာ ကစားသမား တော်တော်များများကို ဒီပွဲမှာ အနားပေးခဲ့ပြီး သက်သောင့်သက်သာကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားဖြစ်ရပ်တစ်ခုကတော့ ပွဲအစ စက္ကန့် လေးဆယ်မှာ အော်ရီဂီ နဲ့ ဆာလာတို့ရဲ့ ဘောလုံးပေးပို့မှုတစ်ခုပါပဲ။

တန်ပြန်တိုက်စစ်ကနေ အော်ရီဂီ က ဆာလာကို ဘောလုံးပေးပို့ခဲ့ပေမယ့် ဆာလာဟာ ဘောလုံးလာတာကိုမကြည့်ပဲ အရှေ့ကို ပြေးဖို့သာစိတ်ထက်သန်နေတာကြောင့် ဘောလုံးက ကျန်နေခဲ့ပြီး ဒီပေးပို့ခဲ့မှုဟာ အောင်မြင်မှုတစ်ခုမဖြစ်ခဲ့ပါဘူး

တွစ်တာမှာလည်း ပရိသတ်တွေက ရယ်စရာကောင်းတဲ့ ဗီဒီယိုတစ်ခု အဖြစ် မျှဝေနေကြပါတယ်။

ဒါပေမယ့် ဒီပေးပို့မှုဖြစ်ပြီး မကြာခင်မှပဲာ မစ်ဂျေလန်း က ကစားသမားက ဘောလုံးကို နောက်ပြန်ပေးပို့ခဲ့ရာမှာ အသင့်ရှိနေတဲ့ ဆာလာ တောက်လျှောက်ဆွဲပြေးသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးခြင်းအတွေ့မှာ ကန်သွင်းယူသွားခဲ့ပါတယ်။

ဒီဂိုးဟာ ဆာလာအတွက် မှတ်တမ်းကောင်းနှစ်ခုရစေခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းယူခဲ့ဖူးသမျှ ဂိုးတွေထဲမှာ အမြန်ဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို ဆာလာအနေနဲ့ လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၂၂)ဂိုးအထိ ရှိလာခဲ့ပြီး ဂျရတ်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားခဲ့ကာ အသင်းရဲ့ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

နည်းပြကလော့ပ်ကလည်းပွဲအပြီးမှာ ဆာလာနဲ့ပတ်သက်ပြီး”သူဒီညမှာ စံချိန်တစ်ခုကိုချိုးဖျက်နိုင်ခဲ့တယ်ဆိုတာကို ကျွန်တော်ကြို မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်သူ့အတွက် ဂုဏ်ယူခဲ့တာက သေချာပါတယ်။ ကျွန်တော်တို့ အတူတူအလုပ်စလုပ်ခဲ့ကတည်းက မှတ်တမ်းတွေ အတော်တော်များများကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူက အသင်းကို ကြီးကြီးမားမား ကူညီပေးပြီး အသင်းရဲ့အကူအညီကိုလည်း အသိအမှတ်ပြုလေးစားရမယ်ဆိုတာ သိပါတယ်”လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ဆာလာဟာ လက်ရှိမှာတော့ အသင်းရဲ့ချန်ပီယံလိဂ် ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ တစ်ခြားသူတွေနဲ့ သူ့ရဲ့ကြားမှာ ကိန်းဂဏန်းတွေ အတော်ကွာဝေးတဲ့အထိကြိုးစားချင်နေပါသေးတယ်။ ပွဲအပြီး BT sport နဲ့ အင်တာဗျူးမှာလည်း ဒါကိုသူထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

“အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာ အရမ်းကောင်းတဲ့ ခံစားချက်ပါ။ အဲဒါက ကျွန်တော့်အတွက် ဂုဏ်ယူရမယ့်အရာပါ။ ကျွန်တော် ဒီဂိုးသွင်းနှုန်းအတိုင်း ဆက်သွားဖို့ လိုပါတယ်။ ဂိုးတွေ ပိုသွင်းယူပြီး ကျွန်တော်နဲ့ တခြားသူတွေကြားထဲက ကွာဟချက်ကို ကြီးမားလာအောင် ပြုလုပ်ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆာလာရဲ႕ စံခ်ိန္တင္ခဲ့တဲ့ဂိုးဟာ ရယ္စရာအျဖစ္ပ်က္ေတြနဲ႕စခဲ့တာပါ….

ခ်န္ပီယံလိဂ္မွာ အုပ္စုဗိုလ္အေနနဲ႔ ေနာက္တဆင့္ တက္ထားၿပီးျဖစ္တဲ့ လီဗာပူးအသင္းကေတာ့ စီနီယာ ကစားသမား ေတာ္ေတာ္မ်ားမ်ားကို ဒီပြဲမွာ အနားေပးခဲ့ၿပီး သက္ေသာင့္သက္သာကစားသြားခဲ့ပါတယ္။ ဒီပြဲမွာ ထူးျခားျဖစ္ရပ္တစ္ခုကေတာ့ ပြဲအစ စကၠန႔္ ေလးဆယ္မွာ ေအာ္ရီဂီ နဲ႔ ဆာလာတို႔ရဲ႕ ေဘာလုံးေပးပို႔မႈတစ္ခုပါပဲ။ တန္ျပန္တိုက္စစ္ကေန ေအာ္ရီဂီ က ဆာလာကို ေဘာလုံးေပးပို႔ခဲ့ေပမယ့္ ဆာလာဟာ ေဘာလုံးလာတာကိုမၾကည့္ပဲ အေရွ႕ကို ေျပးဖို႔သာစိတ္ထက္သန္ေနတာေၾကာင့္ ေဘာလုံးက က်န္ေနခဲ့ၿပီး ဒီေပးပို႔ခဲ့မႈဟာ ေအာင္ျမင္မႈတစ္ခုမျဖစ္ခဲ့ပါဘူး တြစ္တာမွာလည္း ပရိသတ္ေတြက ရယ္စရာေကာင္းတဲ့ ဗီဒီယိုတစ္ခု အျဖစ္ မွ်ေဝေနၾကပါတယ္။ ဒါေပမယ့္ ဒီေပးပို႔မႈျဖစ္ၿပီး မၾကာခင္မွပဲာ မစ္ေဂ်လန္း က ကစားသမားက ေဘာလုံးကို ေနာက္ျပန္ေပးပို႔ခဲ့ရာမွာ အသင့္ရွိေနတဲ့ ဆာလာ ေတာက္ေလွ်ာက္ဆြဲေျပးသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးျခင္းအေတြ႕မွာ ကန္သြင္းယူသြားခဲ့ပါတယ္။ ဒီဂိုးဟာ ဆာလာအတြက္ မွတ္တမ္းေကာင္းႏွစ္ခုရေစခဲ့တဲ့ဂိုးလည္းျဖစ္ခဲ့ပါတယ္။ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ သြင္းယူခဲ့ဖူးသမွ် ဂိုးေတြထဲမွာ အျမန္ဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့သလို ဆာလာအေနနဲ႔ လီဗာပူးအသင္းအတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သြင္းဂိုး(၂၂)ဂိုးအထိ ရွိလာခဲ့ၿပီး ဂ်ရတ္ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္သြားခဲ့ကာ အသင္းရဲ႕ ခ်န္ပီယံလိဂ္ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။

နည္းျပကေလာ့ပ္ကလည္းပြဲအၿပီးမွာ ဆာလာနဲ႔ပတ္သက္ၿပီး”သူဒီညမွာ စံခ်ိန္တစ္ခုကိုခ်ိဳးဖ်က္ႏိုင္ခဲ့တယ္ဆိုတာကို ကြၽန္ေတာ္ႀကိဳ မသိခဲ့ပါဘူး။ ဒါေပမယ့္ ဒီလိုလုပ္ႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္သူ႔အတြက္ ဂုဏ္ယူခဲ့တာက ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔ အတူတူအလုပ္စလုပ္ခဲ့ကတည္းက မွတ္တမ္းေတြ အေတာ္ေတာ္မ်ားမ်ားကို လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ သူက အသင္းကို ႀကီးႀကီးမားမား ကူညီေပးၿပီး အသင္းရဲ႕အကူအညီကိုလည္း အသိအမွတ္ျပဳေလးစားရမယ္ဆိုတာ သိပါတယ္”လို႔ ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။

ဆာလာဟာ လက္ရွိမွာေတာ့ အသင္းရဲ႕ခ်န္ပီယံလိဂ္ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ တစ္ျခားသူေတြနဲ႔ သူ႔ရဲ႕ၾကားမွာ ကိန္းဂဏန္းေတြ အေတာ္ကြာေဝးတဲ့အထိႀကိဳးစားခ်င္ေနပါေသးတယ္။ ပြဲအၿပီး BT sport နဲ႔ အင္တာဗ်ဴးမွာလည္း ဒါကိုသူထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။ “အသင္းအတြက္ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ရတာ အရမ္းေကာင္းတဲ့ ခံစားခ်က္ပါ။ အဲဒါက ကြၽန္ေတာ့္အတြက္ ဂုဏ္ယူရမယ့္အရာပါ။ ကၽြန္ေတာ္ ဒီဂိုးသြင္းႏႈန္းအတိုင္း ဆက္သြားဖို႔ လိုပါတယ္။ ဂိုးေတြ ပိုသြင္းယူၿပီး ကြၽန္ေတာ္နဲ႔ တျခားသူေတြၾကားထဲက ကြာဟခ်က္ကို ႀကီးမားလာေအာင္ ျပဳလုပ္ရမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။