ဆာလာ မပျော်တော့လို့ လီဗာပူးကလည်း ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးက ခရစ္စတယ်ပဲလေ့စ်ကို ၇ ဂိုးပြတ်နဲ့နိုင်တဲ့ပွဲစဉ်မှာ ဆာလာ ဟာအရန်အဖြစ်သာရှိခဲ့ပြီးနောက် သူ့ အနာဂတ်မသေချာတော့ဘူးဆိုတဲ့ သတင်းတွေထွက်လာစဉ်မှာ သူနဲ့အီဂျစ်အသင်းကစားဖော်ဖြစ်ခဲ့ဘူးတဲ့ မိုဟာမက်အဘူထရီကာ က ဆာလာဟာ လီဗာပူးမှာမပျော်တော့သလို ကလပ်ဘက်ကလည်း သူ့ကိုရောင်းဖို့ ပြင်ဆင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဒီဇင်ဘာလအစောပိုင်းက မစ်ဂျီလန်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နည်းပြ ကလော့ပ်က အာနိုးလ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့မှုကို ဆာလာက မကျေမနပ်ဖြစ်နေပြီး သူ့ကိုပေးသင့်တယ်လို့ ယူဆခဲ့လို့ ဒေါသထွက်နေတယ်လို့ အဘူထရီကာ ကဆိုပါတယ်။

ဆာလာ ကိုယ်တိုင်ကလည်း စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဘာစီလိုနာ နဲ့ ရီးရဲလ် တို့ကိုပြောင်းဖို့ရှိလားဆိုတဲ့ မေးမြန်းမှုကို ငြင်းပယ်ခြင်းမရှိခဲ့ပါဘူး။

သူက ” ဘာဖြစ် လာမလဲဆိုတာ ဘယ်သူသိမှာလဲ။ လောလောဆယ်တော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို လီဗာပူးနဲ့အတူ ထပ်မံရယူနိုင်ဖို့ဘဲ အာရုံစိုက်ထားပါတယ်။ လက်ရှိမှာကျွန်တော်ပြောနိုင်တာကတော့ အရာရာဟာ ကလပ်ရဲ့လက်ထဲမှာပါဘဲ” လို့ပြောသွားပါတယ်။

ဒီလိုအချိန်မှာ အဘူထရီကာက” လီဗာပူးက အခြေအနေနဲ့ပတ်သက်ပြီး သူ့ကိုကျွန်တော်ဖုန်းခေါ်တဲ့အခါ သူတော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းထဲကသူ့စွမ်းဆောင်ရည်ကို တော့အထိခံမယ့်သူမဟုတ်ပါဘူး။ လီဗာပူးမှာ သူမပျော်တော့တာကို ကျွန်တော်သိပါတယ်။

ဘာကြောင့်လဲဆိုတာကတော့ ပြောလို့မဖြစ်ဘူးပေါ့ဗျာ။ အကြောင်းပြချက်တွေထဲမှာ မစ်ဂျီလန်းနဲ့ပွဲမှာ အသင်း ခေါင်းဆောင်အဖြစ် သူ့ကိုတာဝန်ပေးသင့်ရက်နဲ့ အာနိုးလ် ရသွားတာလဲပါတာပေါ့။ ဒါကိုသူဒေါသထွက်နေပါတယ်။ လက်ရှိ လီဗာပူးကခြေစွမ်းအတိုင်း ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာမှာ သူကစားမယ်ဆိုရင် Ballon d’Or ကလည်း အခန့်သားရောက်လာမှာပါ။

စပိန်သတင်းစာတွေက ရီးရဲလ်နဲ့ ဘာစီလိုနာအကြောင်းမေးတာ မဆန်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်အမြင်ပြောရရင် လီဗာပူးအနေနဲ့ စီးပွားရေးအရတွက်ချက်ပြီး ဆာလာ ကိုရောင်းဖို့ စဉ်းစားနေမှာပါ” လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆာလာ မေပ်ာ္ေတာ့လို႔ လီဗာပူးကလည္း ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ဆို

လီဗာပူးက ခရစၥတယ္ပဲေလ့စ္ကို ၇ ဂိုးျပတ္နဲ႔ႏိုင္တဲ့ပြဲစဥ္မွာ ဆာလာ ဟာအရန္အျဖစ္သာရွိခဲ့ၿပီးေနာက္ သူ႔ အနာဂတ္မေသခ်ာေတာ့ဘူးဆိုတဲ့ သတင္းေတြထြက္လာစဥ္မွာ သူနဲ႔အီဂ်စ္အသင္းကစားေဖာ္ျဖစ္ခဲ့ဘူးတဲ့ မိုဟာမက္အဘူထရီကာ က ဆာလာဟာ လီဗာပူးမွာမေပ်ာ္ေတာ့သလို ကလပ္ဘက္ကလည္း သူ႔ကိုေရာင္းဖို႔ ျပင္ဆင္လိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။

ဒီဇင္ဘာလအေစာပိုင္းက မစ္ဂ်ီလန္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ နည္းျပ ကေလာ့ပ္က အာႏိုးလ္ကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးခဲ့မႈကို ဆာလာက မေက်မနပ္ျဖစ္ေနၿပီး သူ႔ကိုေပးသင့္တယ္လို႔ ယူဆခဲ့လို႔ ေဒါသထြက္ေနတယ္လို႔ အဘူထရီကာ ကဆိုပါတယ္။ ဆာလာ ကိုယ္တိုင္ကလည္း စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ AS နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာဘာစီလိုနာ နဲ႔ ရီးရဲလ္ တို႔ကိုေျပာင္းဖို႔ရွိလားဆိုတဲ့ ေမးျမန္းမႈကို ျငင္းပယ္ျခင္းမရွိခဲ့ပါဘူး။

သူက ” ဘာျဖစ္ လာမလဲဆိုတာ ဘယ္သူသိမွာလဲ။ ေလာေလာဆယ္ေတာ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို လီဗာပူးနဲ႔အတူ ထပ္မံရယူႏိုင္ဖို႔ဘဲ အာ႐ုံစိုက္ထားပါတယ္။ လက္ရွိမွာကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ အရာရာဟာ ကလပ္ရဲ႕လက္ထဲမွာပါဘဲ” လို႔ေျပာသြားပါတယ္။ ဒီလိုအခ်ိန္မွာ အဘူထရီကာက” လီဗာပူးက အေျခအေနနဲ႔ပတ္သက္ၿပီး သူ႔ကိုကြၽန္ေတာ္ဖုန္းေခၚတဲ့အခါ သူေတာ္ေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ေနတာကို သိခဲ့ရပါတယ္။ ဒါေပမယ့္ ကြင္းထဲကသူ႔စြမ္းေဆာင္ရည္ကို ေတာ့အထိခံမယ့္သူမဟုတ္ပါဘူး။ လီဗာပူးမွာ သူမေပ်ာ္ေတာ့တာကို ကြၽန္ေတာ္သိပါတယ္။

ဘာေၾကာင့္လဲဆိုတာကေတာ့ ေျပာလို႔မျဖစ္ဘူးေပါ့ဗ်ာ။ အေၾကာင္းျပခ်က္ေတြထဲမွာ မစ္ဂ်ီလန္းနဲ႔ပြဲမွာ အသင္း ေခါင္းေဆာင္အျဖစ္ သူ႔ကိုတာဝန္ေပးသင့္ရက္နဲ႔ အာႏိုးလ္ ရသြားတာလဲပါတာေပါ့။ ဒါကိုသူေဒါသထြက္ေနပါတယ္။ လက္ရွိ လီဗာပူးကေျခစြမ္းအတိုင္း ရီးရဲလ္ ဒါမွမဟုတ္ ဘာစီလိုနာမွာ သူကစားမယ္ဆိုရင္ Ballon d’Or ကလည္း အခန႔္သားေရာက္လာမွာပါ။ စပိန္သတင္းစာေတြက ရီးရဲလ္နဲ႔ ဘာစီလိုနာအေၾကာင္းေမးတာ မဆန္းဘူးေပါ့ဗ်ာ။ ဒါေပမယ့္ ကြၽန္ေတာ့္အျမင္ေျပာရရင္ လီဗာပူးအေနနဲ႔ စီးပြားေရးအရတြက္ခ်က္ၿပီး ဆာလာ ကိုေရာင္းဖို႔ စဥ္းစားေနမွာပါ” လို႔ ေျပာသြားပါတယ္။