
ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ
ဆိုးလ်ရှားအတွက် နောက်ထပ်စိတ်ပျက်စရာမှတ်တမ်းအဖြစ် သူ့လက်ထက်မှာ
မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာက(၁၃)ပွဲအထိရှိပြီး
(၂၁%)အထိရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဆိုးတစ်ခုပိုင်ဆိုင်ခဲ့ပြန်ပါပြီ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက မန်စီးတီးအသင်းကို
အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း(၄)ပွဲဆက်
နိုင်ပွဲပျောက်ခဲ့သလို (၃)ပွဲရှုံး၊ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
အခုဆိုရင် ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝတစ်လျှောက် ပရီးမီးယားလိဂ်
အိမ်ကွင်းပွဲပေါင်း(၅၅)ပွဲသာကိုင်တွယ်ခဲ့ချိန်မှာ (၁၃)ပွဲအထိရှုံးနိမ့်ခဲ့ပြီး
ရာခိုင်နှုန်းအရ(၂၁%)ရှိတာကြောင့် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ပြီးရင်
အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒါပေမဲ့ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းနည်းပြဘဝ ပရီးမီးယားလိဂ်
အိမ်ကွင်းပွဲပေါင်း(၄၀၅)ပွဲအထိကိုင်တွယ်ခဲ့ချိန်မှာ (၃၄)ပွဲသာရှုံးနိမ့်ခဲ့ပြီး
ရှုံးပွဲရာခိုင်နှုန်း(၅၄%)ရှိခဲ့ပေမယ့် ပျမ်းမျှပြန်တွက်ကြည့်ရင် ဖာဂူဆန်လက်ထက်
ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း(၇၅%)မှာ
(၈%)သာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဘဝမှာတုန်းက
ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရလို့ (၈)လအကြာမှာပဲရာထူးကအထုတ်ခံခဲ့ရတဲ့
ဒေးဗစ်မွိုက်စ်လက်ထက်မှာတောင် ယူနိုက်တက်အသင်းရဲ့အိမ်ကွင်း
ရှုံးပွဲရာခိုင်နှုန်းက(၉.၅%)သာရှိခဲ့ပြီး (၁၆)ပွဲမှာ (၆)ပွဲရှုံးနိမ့်ခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြတွေထဲမှာ အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်း
တတိယမြောက်အများဆုံးဖြစ်ခဲ့တာက နည်းပြဟောင်းမော်ရင်ဟိုဖြစ်ပြီး
(၄၆)ပွဲမှာ၊ (၄)ပွဲရှုံးနိမ့်ခဲ့တာကြောင့် ရာခိုင်နှုန်းအနေနဲ့(၆%)ရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် FA ဖလားရယူခဲ့တဲ့ နာမည်ကျော်နည်းပြဟောင်း
ဗန်ဟားလ်လက်ထက်မှာတော့ အိမ်ကွင်း(၃၈)ပွဲမှာ (၅)ပွဲရှုံးခဲ့တဲ့အတွက်
ရာခိုင်နှုန်းအရ(၈%)ရှိခဲ့တာဖြစ်ပါတယ်။
zawgyi
ဆာအဲလက္စ္ၿပီးရင္ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္ ဆိုးလ္ရွား မွတ္တမ္းဝင္ခဲ့တဲ့
ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ
ဆိုးလ္ရွားအတြက္ ေနာက္ထပ္စိတ္ပ်က္စရာမွတ္တမ္းအျဖစ္ သူ႔လက္ထက္မွာ
မန္ခ်က္စတာယူႏိုက္တက္အသင္း အိမ္ကြင္းရႈံးပြဲေတြ႕ခဲ့တာက(၁၃)ပြဲအထိရွိၿပီး
(၂၁%)အထိရႈံးနိမ့္ခဲ့တယ္ဆိုတဲ့ မွတ္တမ္းဆိုးတစ္ခုပိုင္ဆိုင္ခဲ့ျပန္ပါၿပီ။
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက မန္စီးတီးအသင္းကို
အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္အိမ္ကြင္း(၄)ပြဲဆက္
ႏိုင္ပြဲေပ်ာက္ခဲ့သလို (၃)ပြဲရႈံး၊ (၁)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။
အခုဆိုရင္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္
အိမ္ကြင္းပြဲေပါင္း(၅၅)ပြဲသာကိုင္တြယ္ခဲ့ခ်ိန္မွာ (၁၃)ပြဲအထိရႈံးနိမ့္ခဲ့ၿပီး
ရာခိုင္ႏႈန္းအရ(၂၁%)ရွိတာေၾကာင့္ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ၿပီးရင္
အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္မွတ္တမ္းဝင္ခဲ့ပါၿပီ။
ဒါေပမဲ့ ဖာဂူဆန္ဟာ ယူႏိုက္တက္အသင္းနည္းျပဘဝ ပရီးမီးယားလိဂ္
အိမ္ကြင္းပြဲေပါင္း(၄၀၅)ပြဲအထိကိုင္တြယ္ခဲ့ခ်ိန္မွာ (၃၄)ပြဲသာရႈံးနိမ့္ခဲ့ၿပီး
ရႈံးပြဲရာခိုင္ႏႈန္း(၅၄%)ရွိခဲ့ေပမယ့္ ပ်မ္းမွ်ျပန္တြက္ၾကည့္ရင္ ဖာဂူဆန္လက္ထက္
ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၇၅%)မွာ
(၈%)သာရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပဘဝမွာတုန္းက
ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔ (၈)လအၾကာမွာပဲရာထူးကအထုတ္ခံခဲ့ရတဲ့
ေဒးဗစ္မြိဳက္စ္လက္ထက္မွာေတာင္ ယူႏိုက္တက္အသင္းရဲ႕အိမ္ကြင္း
ရႈံးပြဲရာခိုင္ႏႈန္းက(၉.၅%)သာရွိခဲ့ၿပီး (၁၆)ပြဲမွာ (၆)ပြဲရႈံးနိမ့္ခဲ့တာပါ။
ယူႏိုက္တက္အသင္းနည္းျပေတြထဲမွာ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္း
တတိယေျမာက္အမ်ားဆုံးျဖစ္ခဲ့တာက နည္းျပေဟာင္းေမာ္ရင္ဟိုျဖစ္ၿပီး
(၄၆)ပြဲမွာ၊ (၄)ပြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ရာခိုင္ႏႈန္းအေနနဲ႔(၆%)ရွိခဲ့ပါတယ္။
ယူႏိုက္တက္အသင္းအတြက္ FA ဖလားရယူခဲ့တဲ့ နာမည္ေက်ာ္နည္းျပေဟာင္း
ဗန္ဟားလ္လက္ထက္မွာေတာ့ အိမ္ကြင္း(၃၈)ပြဲမွာ (၅)ပြဲရႈံးခဲ့တဲ့အတြက္
ရာခိုင္ႏႈန္းအရ(၈%)ရွိခဲ့တာျဖစ္ပါတယ္။