ဆိုစီဒက်တိုက်စစ်မှူး ဝီလျံဟိုဆေးကို ကနဦးအငှားစာချုပ်နဲ့ ဝုဗ်အသင်း ခေါ်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ ဆိုစီဒက်တိုက်စစ်မှူး ဝီလျံဟိုဆေးကို ယခုရာသီကုန်အထိ ၆လအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီး အငှားသက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်လည်း ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။


ဟိုဆေးဟာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လက်ရွေးစင်ပွဲအရေအတွက်ကိစ္စတွေ အဆင်ပြေသွားပြီးနောက် ကနဦး ၆လအငှားစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းတဲ့အချိန်မှာ ကျောနံပါတ် ၁၂ ဂျာစီ ဝတ်ဆင်ကစားရမှာဖြစ်ပါတယ်။


ဝုဗ်အသင်းဟာ နိုဝင်ဘာလအတွင်း အဓိကတိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ် ဦးခေါင်းဒဏ်ရာရရှိသွားခဲ့ပြီးနောက် အသင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တိုက်စစ်မှူး ဖေဘီယိုဆေးလ်ဗားတစ်ဦးတည်း တိုက်စစ်မှူးစစ်စစ်ရှိတော့လို့ ယခုလအတွင်း တိုက်စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားခဲ့တာပါ။


ဟိုဆေးအနေနဲ့ ဝုဗ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ဆေးလ်ဗားနဲ့ အဓိကအားပြိုင်ရဖွယ်ရှိနေပြီး ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမယ့် ချဲလ်ဆီးနဲ့အဝေးကွင်းပွဲမှာ အသင်းသစ်အတွက် ပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။

ဘရာဇီးသား ဝီလျံဟိုဆေးဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ဆိုစီဒက်အသင်း အဆင့် ၆ နေရာရရှိတဲ့အနက် သူက ၃၇ပွဲကစား ၁၁ဂိုးသွင်းယူကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီပထမရာသီဝက်မှာ ၁၃ပွဲကစား ၃ဂိုးပဲသွင်းယူကာ မနှစ်ကလိုဂိုးများများမသွင်းယူနိင်သေးပေမယ့် သူက သွင်းဂိုးတွေအတွက်သာမက ဝုဗ်အသင်း လိုအပ်နေတဲ့အရာတွေအတွက်လည်း အဖြေဖြစ်လာနိုင်ပါတယ်။


ဟိုဆေးက target man အဖြစ် ပြိုင်ဘက်ခံစစ်မှူးတွေကို မျှားခေါ်ကစားနိုင်သလို ကိုယ်ခန္ဓာကြံ့ခိုင်မှုအားကိုးကစားတတ်လို့လည်း ဂျီမီနက်ဇ် မကစားနိုင်ချိန်ကတည်းက ဝုဗ်အသင်း လိုအပ်နေတဲ့ကွက်လပ်တွေအတွက် အံဝင်ခွင်ကျဖြစ်လာနိုင်ပါတယ်။

ဝုဗ်အသင်းဟာ မက္ကဆီကိုလက်ရွေးစင် ဂျီမီနက်ဇ် မကစားနိုင်ချိန်ကတည်းက ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၈ပွဲကစားထားတဲ့အနက် ၁ပွဲပဲအနိုင်ရခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဆုိစီဒက္တုိက္စစ္မွဴး ၀ီလ်ံဟိုေဆးကို ကနဦးအငွားစာခ်ဳပ္နဲ႔ ၀ုဗ္အသင္း ေခၚယူ
ပရီးမီးယားလိဂ္ကလပ္ ၀ုဗ္အသင္းဟာ ဆုိစီဒက္တုိက္စစ္မွဴး ၀ီလ်ံဟိုေဆးကို ယခုရာသီကုန္အထိ ၆လအငွားစာခ်ဳပ္နဲ႔ ေခၚယူလုိက္ၿပီး အငွားသက္တမ္းကုန္ဆုံးခ်ိန္မွာ အၿပီးသတ္ေခၚယူႏုိင္မယ့္အခ်က္လည္း ထည့္သြင္းခဲ့တယ္လုိ႔ သိရပါတယ္။
ဟုိေဆးဟာ အလုပ္လုပ္ခြင့္ပါမစ္နဲ႔ လက္ေရြးစင္ပြဲအေရအတြက္ကိစၥေတြ အဆင္ေျပသြားၿပီးေနာက္ ကနဦး ၆လအငွားစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး အသင္းေဖာ္သစ္ေတြနဲ႔ ပူးေပါင္းတဲ့အခ်ိန္မွာ ေက်ာနံပါတ္ ၁၂ ဂ်ာစီ ၀တ္ဆင္ကစားရမွာျဖစ္ပါတယ္။

၀ုဗ္အသင္းဟာ ႏို၀င္ဘာလအတြင္း အဓိကတုိက္စစ္မွဴး ရာအူးလ္ဂ်ီမီနက္ဇ္ ဦးေခါင္းဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ အသင္းမွာ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ အသက္ ၁၈ ႏွစ္အရြယ္ရွိ လူငယ္တုိက္စစ္မွဴး ေဖဘီယိုေဆးလ္ဗားတစ္ဦးတည္း တုိက္စစ္မွဴးစစ္စစ္ရွိေတာ့လုိ႔ ယခုလအတြင္း တုိက္စစ္အင္အားျဖည့္တင္းဖို႔ ႀကိဳးစားခဲ့တာပါ။
ဟိုေဆးအေနနဲ႔ ၀ုဗ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိေရးအတြက္ ေဆးလ္ဗားနဲ႔ အဓိကအားၿပိဳင္ရဖြယ္ရွိေနၿပီး ဗုဒၶဟူးေန႔မွာ ပရီးမီးယားလိဂ္ပဲြစဥ္အျဖစ္ ကစားရမယ့္ ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပဲြမွာ အသင္းသစ္အတြက္ ပြဲထြက္ခြင့္ရဖြယ္ရွိေနပါတယ္။
ဘရာဇီးသား ၀ီလ်ံဟိုေဆးဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါမွာ ဆုိစီဒက္အသင္း အဆင့္ ၆ ေနရာရရွိတဲ့အနက္ သူက ၃၇ပြဲကစား ၁၁ဂိုးသြင္းယူကာ အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
သူဟာ ယခုရာသီပထမရာသီ၀က္မွာ ၁၃ပြဲကစား ၃ဂိုးပဲသြင္းယူကာ မႏွစ္ကလုိဂိုးမ်ားမ်ားမသြင္းယူနိင္ေသးေပမယ့္ သူက သြင္းဂိုးေတြအတြက္သာမက ၀ုဗ္အသင္း လုိအပ္ေနတဲ့အရာေတြအတြက္လည္း အေျဖျဖစ္လာႏုိင္ပါတယ္။
ဟုိေဆးက target man အျဖစ္ ၿပိဳင္ဘက္ခံစစ္မွဴးေတြကို မွ်ားေခၚကစားႏိုင္သလုိ ကိုယ္ခႏၶာႀကံ့ခုိင္မႈအားကိုးကစားတတ္လို႔လည္း ဂ်ီမီနက္ဇ္ မကစားႏိုင္ခ်ိန္ကတည္းက ၀ုဗ္အသင္း လိုအပ္ေနတဲ့ကြက္လပ္ေတြအတြက္ အံ၀င္ခြင္က်ျဖစ္လာနုိင္ပါတယ္။

၀ုဗ္အသင္းဟာ မကၠဆီကိုလက္ေရြးစင္ ဂ်ီမီနက္ဇ္ မကစားႏိုင္ခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ စုစုေပါင္း ၈ပြဲကစားထားတဲ့အနက္ ၁ပြဲပဲအႏိုင္ရခဲ့ၿပီး အသင္းကလည္း အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ ေနရာအထိ က်ဆင္းသြားခဲ့ရပါတယ္။