ဆိုးရွားတဲ့ Own Goal နဲ့အတူ ပြိုင်ဘက်အတွက် ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးသလိုဖြစ်သွားတဲ့ ရီဂူလွန်

စပါးဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်အတွက်တော့ ဗီလာနဲ့ပွဲက အမြန်ဆုံးမေ့ပျောက်ချင်တဲ့ပွဲဖြစ်လာပြီး ဆိုးရွားတဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် လူပြောများစရာဖြစ်လာပါတယ်။ဥရောပဝင်ခွင့်အတွက် အမှတ်လိုအပ်နေတဲ့ စပါးဟာ ပွဲချိန် ၈မိနစ်မှာပဲ ဘာ့ဗင်းရဲ့ဂိုးကြောင့် ၁-ဝဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်မိနစ် ၂၀ မှာ ရီဂူလွန်ရဲ့ဆိုးရွားလွန်းတဲ့ဖျက်ထုတ်မှုကနေ ဗီလာအတွက် ချေပဂိုးဖြစ်သွားပါတယ်။

ဗီလာကစားသမား နာကမ်ဘာက ဘယ်တောင်ပံကနေ ဂိုးရှေ့ဖြတ်တင်ပေးလိုက်တာကို ရီဂူလွန်က ခြေမကျရှင်းထုတ်ရာမှာ ချော်သွားပြီး ကိုယ့်ဂိုးထဲ တန်းဝင်သွားတာပါ။ရီဂူလွန်က သိပ်မသန်တဲ့ညာခြေနဲ့ အဆင်ခြင်မဲ့ရှင်းထုတ်လိုက်တာဖြစ်ပြီး ဂိုးသမား လိုရစ်လည်း ဒိုင်ဗင်ထိုးလှမ်းဖမ်းပေမယ့် မမီဘဲ ဂိုးပေးလိုက်ရပါတယ်။

ရီဂူလွန်ရဲ့ Own Goal အပေါ် ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။”ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ပရိသတ်ရှေ့ ကစားရတဲ့ပွဲမှာမှ ဒီလိုဖြစ်သွားရတယ်လို့ကွာ။ သိပ်ဆိုးတာပဲ””ရီဂူလွန်ဟာ ဗီလာအတွက် တစ်ပွဲမှမကစားပေးဘဲနဲ့ ဗီလာတိုက်စစ်မှူး ဆမက်သာနဲ့ လိဂ်သွင်းဂိုးတူသွားပါပြီ”

”ရီဂူလွန်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးစာရင်းဝင်ဂိုးပါပဲ။ တစ်ခုတော့ရှိပါတယ်။ သူက Own Goal ပါ””ရီဂူလွန်က ဝါနာထက် အဆုံးသတ်ပိုင်းပိုကောင်းနေပါလား””ဘယ်အသင်းကများ ဟယ်ရီကိန်းကို လိုအပ်သေးလဲ။ ရီဂူလွန်ကို ခေါ်လိုက်လေ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

ရီဂူလွန်အတွက် အဆိုးပေါ် အဆိုးဆင့်ဆိုသလို ဗီလာရဲ့အနိုင်ဂိုးကလည်း သူ့အမှားကနေ ပေးလိုက်ရတာပါ။ပွဲချိန် ၃၉ မိနစ်မှာ သူ့ရဲ့ပေးပို့မှုက ထရာအိုရေးနဲ့ထိကာ ဝက်ကင်းစ်ဆီ ရောက်သွားပြီး ဝက်ကင်းစ်က အနိုင်ဂိုးသွင်းခဲ့တာပါ။

Zawgyi

ဆိုးရြားတဲ့ Own Goal နဲ႔အတူ ၿပိဳင္ဘက္အတြက္ ဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးသလိုျဖစ္သြားတဲ့ ရီဂူလြန္

စပါးဘယ္ေနာက္ခံလူ ဆာဂ်ီယိုရီဂူလြန္အတြက္ေတာ့ ဗီလာနဲ႔ပြဲက အျမန္ဆုံးေမ့ေပ်ာက္ခ်င္တဲ့ပြဲျဖစ္လာၿပီး ဆိုးရြားတဲ့ကိုယ့္ဂိုးကိုယ္သြင္းမိမႈေၾကာင့္ လူေျပာမ်ားစရာျဖစ္လာပါတယ္။ဥေရာပ၀င္ခြင့္အတြက္ အမွတ္လိုအပ္ေနတဲ့ စပါးဟာ ပြဲခ်ိန္ ၈မိနစ္မွာပဲ ဘာ့ဗင္းရဲ႕ဂိုးေၾကာင့္ ၁-၀ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ပြဲခ်ိန္မိနစ္ ၂၀ မွာ ရီဂူလြန္ရဲ႕ဆိုးရြားလြန္းတဲ့ဖ်က္ထုတ္မႈကေန ဗီလာအတြက္ ေခ်ပဂိုးျဖစ္သြားပါတယ္။ဗီလာကစားသမား နာကမ္ဘာက ဘယ္ေတာင္ပံကေန ဂိုးေရွ႕ျဖတ္တင္ေပးလိုက္တာကို ရီဂူလြန္က ေျခမက်ရွင္းထုတ္ရာမွာ ေခ်ာ္သြားၿပီး ကိုယ့္ဂိုးထဲ တန္း၀င္သြားတာပါ။

ရီဂူလြန္က သိပ္မသန္တဲ့ညာေျခနဲ႔ အဆင္ျခင္မဲ့ရွင္းထုတ္လိုက္တာျဖစ္ၿပီး ဂိုးသမား လိုရစ္လည္း ဒိုင္ဗင္ထိုးလွမ္းဖမ္းေပမယ့္ မမီဘဲ ဂိုးေပးလိုက္ရပါတယ္။ရီဂူလြန္ရဲ႕ Own Goal အေပၚ ပရိသတ္ေတြကလည္း လူမႈမီဒီယာမွာ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။”ဒီရာသီ ပထမဆုံးအႀကိမ္အျဖစ္ ကိုယ့္ပရိသတ္ေရွ႕ ကစားရတဲ့ပြဲမွာမွ ဒီလိုျဖစ္သြားရတယ္လို႔ကြာ။ သိပ္ဆိုးတာပဲ””ရီဂူလြန္ဟာ ဗီလာအတြက္ တစ္ပြဲမွမကစားေပးဘဲနဲ႔ ဗီလာတိုက္စစ္မွဴး ဆမက္သာနဲ႔ လိဂ္သြင္းဂိုးတူသြားပါၿပီ””ရီဂူလြန္ရဲ႕ တစ္ရာသီအတြင္း အေကာင္းဆုံးသြင္းဂိုးစာရင္း၀င္ဂိုးပါပဲ။ တစ္ခုေတာ့ရွိပါတယ္။ သူက Own Goal ပါ”

”ရီဂူလြန္က ဝါနာထက္ အဆုံးသတ္ပိုင္းပိုေကာင္းေနပါလား””ဘယ္အသင္းကမ်ား ဟယ္ရီကိန္းကို လိုအပ္ေသးလဲ။ ရီဂူလြန္ကို ေခၚလိုက္ေလ”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။ရီဂူလြန္အတြက္ အဆိုးေပၚ အဆိုးဆင့္ဆိုသလို ဗီလာရဲ႕အႏိုင္ဂိုးကလည္း သူ႕အမွားကေန ေပးလိုက္ရတာပါ။ပြဲခ်ိန္ ၃၉ မိနစ္မွာ သူ႕ရဲ႕ေပးပို႔မႈက ထရာအိုေရးနဲ႔ထိကာ ၀က္ကင္းစ္ဆီ ေရာက္သြားၿပီး ၀က္ကင္းစ္က အႏိုင္ဂိုးသြင္းခ့ဲတာပါ။