ဆိုးရှားအနေနဲ့ စဉ်းစားရမယ့်မေးခွန်းကတော့ “မာရှယ်ရဲ့ စုတ်ပြတ်သတ်နေတဲ့ခြေစွမ်းကို ဘယ်လောက်အထိသည်းခံမလဲ…? “

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းရှုံးနိမ့်နေချိန်မှာ သွင်းဂိုတစ်ဂိုးရယူနိုင်ဖို့အရေးကြီးနေတဲ့အချိန်မှာ မာရှယ်ဟာ ကွင်းထဲမှာလမ်းလျှောက်နေခဲ့တာကို ယူနိုက်တက်ပရိသတ်တွေက ဒေါသထွက်နေပါတယ်။ ပွဲချိန် (၈၈)မိနစ်မှာ ဗန်ဒီဘိခ်၊ကာဗာနီတိုအပြေးအလွှားတိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ကြိုးစားနေချိန်မှာ မာရှယ်ဟာ ရှက်ဖီးကွင်းရဲ့ ဂိုးဧရိယာအစပ်မှာ အသင်းရဲ့ကစားကွက်ထဲမပါဝင်ဘဲ လမ်းလျှောက်နေခဲ့တာဖြစ်ပါတယ်။ မာရှယ်ကတော့ ယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ မက်လောက်စရာ ခြေစွမ်းမျိုးကို ပြသထားနိုင်ခြင်းမရှိသေးတဲ့ အပြင် သူ့ကြောင့် ယူနိုက်တက်အသင်း ရသင့်တဲ့သွင်းဂိုးတွေမရရှိခဲ့တာတွေဟာလည်း ယူနိုက်တက်အသင်း ရှုံးနိမ့်မှုတွေရဲ့ အကြောင်းအရာတွေထဲကတစ်ခုဖြစ်နေပါတယ်။

အခုအချိန်မှာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို ရှက်ဖီးယူနိုက်တက် နဲ့ ပွဲစဉ်က သူ့ရဲ့ ခြေစွမ်းကြောင့် ပရိတ်သတ်တွေကြားမှာ ဝေဖန်မှု မြင့်တက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ရှက်ဖီးအသင်း နဲ့ ပွဲစဉ်မှာပွဲထွက်ပါဝင်ခွင့်ရတဲ့အပြင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရပေမယ့်လည်း တိုက်စစ်မှာလူပို တစ်ယောက်လိုသာဖြစ်နေခဲ့ပြီး ဘာမှ လောက်လောက်လားလား လုပ်မပြနိုင်ခဲ့ပါဘူး။ သူ့ရဲ့ အားကြိုးမာန်တက်မရှိတဲ့ကစားဟန်ကြောင့် ပရိတ်သတ်တွေက ကြိတ်မနိုင်ခဲမကျေ ဖြစ်နေကြပြီး မာရှယ်ကိုပွဲထွက်ကစားခွင့်ပေးနေတဲ့ နည်းပြဆိုးလ်ရှားကိုလည်း ဝေဖန်နေကြပါတယ်။

ဆိုးလ်ရှား အနေနဲ့ မာရှယ်ကို ရာသီအစမှာကတည်းက ပထမဦးစားပေး ကစားသမားအဖြစ် ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးတွေပေးခဲ့သလို သူ့ရဲ့ခြေစွမ်းအပေါ်အားမရဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။ အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ် ၊ဖရက်ဒ် တို့အပြင် ပုံမှန် ခြေစွမ်းအောက် အချိန်အတော်ကြာ ရောက်ခဲ့ပြီး အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ပေါ့ဘာလည်း ခြေစွမ်းပြန်လည် ကောင်းမွန်လာချိန်မှာတောင် မာရှယ်ရဲ့ ခြေစွမ်းကတော့ တိုးတက်လာမှုမရှိခဲ့ဘဲ ဒုံရင်းက ဒုံရင်းဖြစ်နေခဲ့ပါတယ်။

တောင်ပံမှာ ကစားနေကျ ကစားသမားကို တိုက်စစ်အထောင်အဖြစ် အသုံးပြုတဲ့ နည်းပြရဲ့အမှားကြောင့်လို့ ပြောရအောင်လည်း မာရှယ်ကို တောင်ပံကစားသမားအဖြစ် အသုံးပြုခဲ့တဲ့ ပွဲစဉ်တွေမှာလည်း သူ့အနေနဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဘောလုံးဖြုန်းတီးနေခဲ့တာသာများပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကိုရောက်ရှိလာတဲ့ ကာဗာနီဟာ အသက်အရွယ်အရလည်း သူ့ထက် ပိုကြီးပေမယ့် ပွဲစဉ်တိုင်းမှာ အားကြိုးမာန်တက်နဲ့ မခိုမကပ် ကစားနေချိန် မာရှယ်ရဲ့ စိတ်မပါ တပါ ကစားဟန်တွေက နည်းပြ ဆိုးလ်ရှားရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်နေသလို ဖြစ်နေခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ မာရှယ် ကစားခွင့်ရထားတဲ့ ပွဲချိန်တွေရဲ့ လေးပုံ တစ်ပုံလောက်သာ ကစားခွင့်ရထားတဲ့ ကာဗာနီအနေနဲ့ မာရှယ်ထက် ဂိုးပိုသွင်းထားတာကလည်း မာရှယ်ရဲ့ခြေစွမ်းနိမ့်ကျမှုကို မီးမောင်းထိုးပေးနေသလိုဖြစ်လို့နေပါတယ်။

ရာသီကုန်အထိသာ ဒီခြေစွမ်းအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ယူနိုက်တက်မှာ မာရှယ်ရဲ့ အနာဂါတ်ဟာ ပျောက်ကွယ်သွားတော့မယ်ဆိုတာ အသေချာပါပဲ။

မာရှယ် ကစားတတ်မယ်နေရာကို နည်းစနစ်ပိုင်းအရ လိုက်လံရှာဖွေနေတဲ့ ဆိုးရှားအနေနဲ့ဒီအချိန်မှာ စဉ်းစားရမယ့်မေးခွန်းကတော့ မာရှယ်ရဲ့ စုတ်ပြတ်သတ်နေတဲ့ခြေစွမ်းကို ဘယ်လောက်အထိသည်းခံပြီး ဆက်လက်ပွဲထုတ်မလဲဆိုတာပါပဲ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးရွားအေနနဲ႕ စဥ္းစားရမယ့္ေမးခြန္းကေတာ့ “မာရွယ္ရဲ႕ စုတ္ျပတ္သတ္ေနတဲ့ေျခစြမ္းကို ဘယ္ေလာက္အထိသည္းခံမလဲ…? ”

အသင္းရႈံးနိမ့္ေနခ်ိန္မွာ သြင္းဂိုတစ္ဂိုးရယူႏိုင္ဖို႕အေရးၾကီးေနတဲ့အခ်ိန္မွာ မာရွယ္ဟာ ကြင္းထဲမွာလမ္းေလွ်ာက္ေနခဲ့တာကို ယူႏိုက္တက္ပရိသတ္ေတြက ေဒါသထြက္ေနပါတယ္။ ပြဲခ်ိန္ (၈၈)မိနစ္မွာ ဗန္ဒီဘိခ္၊ကာဗာနီတိုအေျပးအလႊားတိုက္စစ္ဆင္ၿပီး ဂိုးသြင္းဖို႕ၾကိဳးစားေနခ်ိန္မွာ မာရွယ္ဟာ ရွက္ဖီးကြင္းရဲ႕ ဂိုးဧရိယာအစပ္မွာ အသင္းရဲ႕ကစားကြက္ထဲမပါဝင္ဘဲ လမ္းေလွ်ာက္ေနခဲ့တာျဖစ္ပါတယ္။ မာရွယ္ကေတာ့ ယူႏိုက္တက္အသင္းအတြက္ ဒီရာသီမွာ မက္ေလာက္စရာ ေျခစြမ္းမ်ိဳးကို ျပသထားႏိုင္ျခင္းမရွိေသးတဲ့ အျပင္ သူ႕ေၾကာင့္ ယူႏိုက္တက္အသင္း ရသင့္တဲ့သြင္းဂိုးေတြမရရွိခဲ့တာေတြဟာလည္း ယူႏိုက္တက္အသင္း ရႈံးနိမ့္မႈေတြရဲ႕ အေၾကာင္းအရာေတြထဲကတစ္ခုျဖစ္ေနပါတယ္။

အခုအခ်ိန္မွာ ယူႏိုက္တက္ တိုက္စစ္မွဴး မာရွယ္ကို ရွက္ဖီးယူႏိုက္တက္ နဲ႔ ပြဲစဥ္က သူ႔ရဲ႕ ေျခစြမ္းေၾကာင့္ ပရိတ္သတ္ေတြၾကားမွာ ေဝဖန္မႈ ျမင့္တက္လာခဲ့ၿပီလည္း ျဖစ္ပါတယ္။

ရွက္ဖီးအသင္း နဲ႔ ပြဲစဥ္မွာပြဲထြက္ပါဝင္ခြင့္ရတဲ့အျပင္ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခဲ့ရေပမယ့္လည္း တိုက္စစ္မွာလူပို တစ္ေယာက္လိုသာျဖစ္ေနခဲ့ၿပီး ဘာမွ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ခဲ့ပါဘူး။ သူ႕ရဲ႕ အားႀကိဳးမာန္တက္မရွိတဲ့ကစားဟန္ေၾကာင့္ ပရိတ္သတ္ေတြက ႀကိတ္မႏိုင္ခဲမေက် ျဖစ္ေနၾကၿပီး မာရွယ္ကိုပြဲထြက္ကစားခြင့္ေပးေနတဲ့ နည္းျပဆိုးလ္ရွားကိုလည္း ေဝဖန္ေနၾကပါတယ္။

ဆိုးလ္ရွား အေနနဲ႔ မာရွယ္ကို ရာသီအစမွာကတည္းက ပထမဦးစားေပး ကစားသမားအျဖစ္ ယုံယုံၾကည္ၾကည္နဲ႕ အခြင့္အေရးေတြေပးခဲ့သလို သူ႕ရဲ႕ေျခစြမ္းအေပၚအားမရျဖစ္ခဲ့ၾကတဲ့ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြကိုလည္း ကာကြယ္ေပးခဲ့ပါတယ္။ အသင္းေဖာ္ေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္ ၊ဖရက္ဒ္ တို႔အျပင္ ပုံမွန္ ေျခစြမ္းေအာက္ အခ်ိန္အေတာ္ၾကာ ေရာက္ခဲ့ၿပီး အသင္းနဲ႔အဆင္မေျပျဖစ္ေနတဲ့ ေပါ့ဘာလည္း ေျခစြမ္းျပန္လည္ ေကာင္းမြန္လာခ်ိန္မွာေတာင္ မာရွယ္ရဲ႕ ေျခစြမ္းကေတာ့ တိုးတက္လာမႈမရွိခဲ့ဘဲ ဒုံရင္းက ဒုံရင္းျဖစ္ေနခဲ့ပါတယ္။

ေတာင္ပံမွာ ကစားေနက် ကစားသမားကို တိုက္စစ္အေထာင္အျဖစ္ အသုံးျပဳတဲ့ နည္းျပရဲ႕အမွားေၾကာင့္လို႔ ေျပာရေအာင္လည္း မာရွယ္ကို ေတာင္ပံကစားသမားအျဖစ္ အသုံးျပဳခဲ့တဲ့ ပြဲစဥ္ေတြမွာလည္း သူ႔အေနနဲ႔ ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ ေဘာလုံးျဖဳန္းတီးေနခဲ့တာသာမ်ားပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႕ အသင္းကိုေရာက္ရွိလာတဲ့ ကာဗာနီဟာ အသက္အ႐ြယ္အရလည္း သူ႕ထက္ ပိုႀကီးေပမယ့္ ပြဲစဥ္တိုင္းမွာ အားႀကိဳးမာန္တက္နဲ႔ မခိုမကပ္ ကစားေနခ်ိန္ မာရွယ္ရဲ႕ စိတ္မပါ တပါ ကစားဟန္ေတြက နည္းျပ ဆိုးလ္ရွားရဲ႕ ယုံၾကည္မႈကို အလြဲသုံးစားလုပ္ေနသလို ျဖစ္ေနခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ မာရွယ္ ကစားခြင့္ရထားတဲ့ ပြဲခ်ိန္ေတြရဲ႕ ေလးပုံ တစ္ပုံေလာက္သာ ကစားခြင့္ရထားတဲ့ ကာဗာနီအေနနဲ႔ မာရွယ္ထက္ ဂိုးပိုသြင္းထားတာကလည္း မာရွယ္ရဲ႕ေျခစြမ္းနိမ့္က်မႈကို မီးေမာင္းထိုးေပးေနသလိုျဖစ္လို႔ေနပါတယ္။

ရာသီကုန္အထိသာ ဒီေျခစြမ္းအတိုင္းဆက္သြားေနမယ္ဆိုရင္ေတာ့ယူႏိုက္တက္မွာ မာရွယ္ရဲ႕ အနာဂါတ္ဟာ ေပ်ာက္ကြယ္သြားေတာ့မယ္ဆိုတာ အေသခ်ာပါပဲ။ မာရွယ္ ကစားတတ္မယ္ေနရာကို နည္းစနစ္ပိုင္းအရ လိုက္လံရွာေဖြေနတဲ့ ဆိုးရွားအေနနဲ႕ဒီအခ်ိန္မွာ စဥ္းစားရမယ့္ေမးခြန္းကေတာ့ မာရွယ္ရဲ႕ စုတ္ျပတ္သတ္ေနတဲ့ေျခစြမ္းကို ဘယ္ေလာက္အထိသည္းခံၿပီး ဆက္လက္ပြဲထုတ္မလဲဆိုတာပါပဲ….