ဆိုးရှား ကာဗာနီကို ဘာကြောင့် ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုတာလဲဆိုတဲ့ကိစ္စကိုရှင်းပြီ…

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်ဒီဆင် ကာဗာနီအနေနဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ အလှည့်ကျ ကစားခွင့်သာရမယ်လို့ သိရပါတယ်။

ဒီနှစ် နွေရာသီ အပြောင်းအရွေ့ နောက်ဆုံးနေ့မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာတဲ့ အသက် ( ၃၃ ) နှစ်အရွယ် တိုက်စစ်မှူး ကာဗာနီဟာ ယူနိုကတက်အသင်းရဲ့ အစဉ်အလာကြီးပြီး ဝတ်ဆင်ရဲသူမရှိတော့တဲ့ ကျော်နံပါတ် (၇)ဂျာစီကို ဝတ်ဆင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဗာတန်အသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ လက်စတာ အသင်းနဲ့ ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ လူစားလဲ ပါဝင်ခွင့်ရခဲ့ပြီး ဘရူနို ဖာနန်ဒက် ရဲ့ သွင်းဂိုးကို ဖန်တီးပေးကာ ယူနိုက်တက်ကို ပြန်လည်ဦးဆောင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ကာဗာနီဟာ ပေါင်ခြံဒဏ်ရာကြောင့် ဒီလမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ RB လိုက်ဇစ်၊ ပရီမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ မန်စီးတီး ၊ နှင့် ရှက်ဖီးယူနိုက်တက် ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

ကာဗာနီနဲ့ပတ်သက်ပြီး နည်းပြ ဆိုးရှားကလည်း “ကာဗာနီက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က အဲဗာတန် ပွဲစဉ်မှာ မိနစ် ( ၉၀ ) လုံး အင်တိုက်အားတိုက် ကစားခဲ့ရတဲ့အတွက် သူ့ကို လက်စတာနဲ့ပွဲမှာ အရံခုံမှာလူစားဝင်ကစား သမား အနေနဲ့ပဲ ထားခဲ့တာပါ။ သူက လူစားဝင်ကစားပြီး ချက်ချင်းဆိုသလို ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ အသင်းကို အကျိုးပြုနိုင်ခဲ့ ပါတယ်။ ”

“သူ့အနေနဲ့ အင်္ဂလိပ် ဘောလုံးကစားဟန်ကို အသားကျဖို့တော့ လိုအပ်နေပါသေးတယ်။ အမြဲတမ်းပွဲထွက်ကစားသမားအဖြစ်တော့တွေ့မြင်နေရမှာမဟုတ်ပါဘူး။ အသင်းကလည်း ( ၃ ) ရက်တစ်ပွဲနီးပါးကစားနေရတဲ့အတွက် လက်ရှိမှာတော့ အသင်းမှာရှိတဲ့ကစားသမားတွေကိုအလှည့်ကျပွဲထွက် ပုံစံပဲ အသုံးပြုနေရအုံးမှာပါ။” လို့ ပြောသွားခဲ့ပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးရွား ကာဗာနီကို ဘာေၾကာင့္ ပြဲထြက္ကစားသမားအျဖစ္ အသုံးမျပဳတာလဲဆိုတဲ့ကိစၥကိုရွင္းၿပီ…

အက္ဒီဆင္ ကာဗာနီအေနနဲ႔ လက္ရွိ မန္ခ်က္စတာ ယူႏိုက္တက္မွာ အလွည့္က် ကစားခြင့္သာရမယ္လို႔ သိရပါတယ္။

ဒီႏွစ္ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေနာက္ဆုံးေန႔မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ အသက္ ( ၃၃ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉး ကာဗာနီဟာ ယူႏိုကတက္အသင္းရဲ႕ အစဥ္အလာႀကီးၿပီး ဝတ္ဆင္ရဲသူမရွိေတာ့တဲ့ ေက်ာ္နံပါတ္ (၇)ဂ်ာစီကို ဝတ္ဆင္ထားတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အဲဗာတန္အသင္းနဲ႔ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ ပြဲစဥ္မွာ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တစ္ပြဲသာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရထားပါတယ္။

သူဟာ ၿပီးခဲ့တဲ့ လက္စတာ အသင္းနဲ႔ ပြဲစဥ္အတြင္း ဒုတိယပိုင္းမွာ လူစားလဲ ပါဝင္ခြင့္ရခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္ ရဲ႕ သြင္းဂိုးကို ဖန္တီးေပးကာ ယူႏိုက္တက္ကို ျပန္လည္ဦးေဆာင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ကာဗာနီဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ ဒီလမွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ေနာက္ဆုံးပြဲစဥ္ ျဖစ္တဲ့ RB လိုက္ဇစ္၊ ပရီမီးယားလိဂ္ပြဲစဥ္ေတြျဖစ္တဲ့ မန္စီးတီး ၊ ႏွင့္ ရွက္ဖီးယူႏိုက္တက္ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ပါတယ္။ကာဗာနီနဲ႔ပတ္သက္ၿပီး နည္းျပ ဆိုးရွားကလည္း “ကာဗာနီက ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဗုဒၶဟူးေန႔က အဲဗာတန္ ပြဲစဥ္မွာ မိနစ္ ( ၉၀ ) လုံး အင္တိုက္အားတိုက္ ကစားခဲ့ရတဲ့အတြက္ သူ႔ကို လက္စတာနဲ႔ပြဲမွာ အရံခုံမွာလူစားဝင္ကစား သမား အေနနဲ႔ပဲ ထားခဲ့တာပါ။ သူက လူစားဝင္ကစားၿပီး ခ်က္ခ်င္းဆိုသလို ေကာင္းမြန္တဲ့ ေပးပို႔မႈနဲ႔ အသင္းကို အက်ိဳးျပဳႏိုင္ခဲ့ ပါတယ္။ ”

“သူ႔အေနနဲ႔ အဂၤလိပ္ ေဘာလုံးကစားဟန္ကို အသားက်ဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။ အၿမဲတမ္းပြဲထြက္ကစားသမားအျဖစ္ေတာ့ေတြ႕ျမင္ေနရမွာမဟုတ္ပါဘူး။ အသင္းကလည္း ( ၃ ) ရက္တစ္ပြဲနီးပါးကစားေနရတဲ့အတြက္ လက္ရွိမွာေတာ့ အသင္းမွာရွိတဲ့ကစားသမားေတြကိုအလွည့္က်ပြဲထြက္ ပုံစံပဲ အသုံးျပဳေနရအုံးမွာပါ။” လို႔ ေျပာသြားခဲ့ပါတယ္။