
မန်ချက်စတာယူနိုက်တက်ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဗန်ဒီဘိခ်နဲ
နောက်ခံလူဘာယီတို့ဟာ ဆိုးလ်ရှားက သူတို့နှစ်ဦးကို အသင်းမှာ သိသိသာသာ
နေရာမပေးဘဲချန်လှပ်ထားတဲ့အပေါ် ဒေါသပေါက်ကွဲနေပြီး သူတို့အနာဂတ်နဲ့
ပတ်သက်လို့ အဖြေတစ်ခုရှင်းရှင်းလင်းလင်းထွက်လာအောင် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယ်သာလန်ကွင်းလယ်လူ
ဗန်ဒီဘိခ်ဟာ ၂၀၂၀ ခုနှစ်တုန်းက အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ
ပြောင်းရွှေ့ခဲ့ပြီးကတည်းက အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ(၄)ပွဲသာ
ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဒီရာသီမှာလည်း တစ်ပွဲသာလူစားဝင်အဖြစ်ကစားခဲ့ရပါတယ်။
ဒါ့အပြင် အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံလူဘာယီဟာလည်း ဝက်စ်ဟမ်းနဲ့
ကစားခဲ့တဲ့လိဂ်ဖလားတစ်ပွဲသာ ပါဝင်ကစားခဲ့ရပြီး လက်စတာကို (၄-၂)ဂိုးနဲ့
ရှုံးခဲ့တဲ့ပွဲမှာ သူ့အစား ဒဏ်ရာကရာနှုန်းပြည့်မသက်သာသေးတဲ့ မက်ဂွိုင်းယားကို
ပွဲထုတ်ခဲ့တာကြောင့် ဆိုးလ်ရှားအပေါ် မကျေမနပ်ဖြစ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဧပြီလက ဘာယီကို ၂၀၂၄ ခုနှစ်အထိ
စာချုပ်သက်တမ်းတိုးခဲ့ပြီး အရန်ခုံမှာထိုင်ခိုင်းထားတာက အံ့အားသင့်စရာပါပဲ။
ဒီကစားသမားနှစ်ဦးဟာ အခုလိုပဲ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေဦးမယ်ဆိုရင်
ဇန်နဝါရီမှာ အသင်းနဲ့လမ်းခွဲဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
Zawgyi
ဆိုးလ္ရွားကို ေပါက္ကြဲေနတဲ့ ဗန္ဒီဘိခ္နဲ႔ဘာယီ
မန္ခ်က္စတာယူႏိုက္တက္ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူဗန္ဒီဘိခ္နဲ႔
ေနာက္ခံလူဘာယီတို႔ဟာ ဆိုးလ္ရွားက သူတို႔ႏွစ္ဦးကို အသင္းမွာ သိသိသာသာ
ေနရာမေပးဘဲခ်န္လွပ္ထားတဲ့အေပၚ ေဒါသေပါက္ကြဲေနၿပီး သူတို႔အနာဂတ္နဲ႔
ပတ္သက္လို႔ အေျဖတစ္ခုရွင္းရွင္းလင္းလင္းထြက္လာေအာင္ ေဆာင္႐ြက္သြားမွာ
ျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ နယ္သာလန္ကြင္းလယ္လူ
ဗန္ဒီဘိခ္ဟာ ၂၀၂၀ ခုႏွစ္တုန္းက ေအဂ်က္စ္အသင္းကေန ယူႏိုက္တက္အသင္းဆီ
ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ(၄)ပြဲသာ
ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ဒီရာသီမွာလည္း တစ္ပြဲသာလူစားဝင္အျဖစ္ကစားခဲ့ရပါတယ္။
ဒါ့အျပင္ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေနာက္ခံလူဘာယီဟာလည္း ဝက္စ္ဟမ္းနဲ႔
ကစားခဲ့တဲ့လိဂ္ဖလားတစ္ပြဲသာ ပါဝင္ကစားခဲ့ရၿပီး လက္စတာကို (၄-၂)ဂိုးနဲ႔
ရႈံးခဲ့တဲ့ပြဲမွာ သူ႔အစား ဒဏ္ရာကရာႏႈန္းျပည့္မသက္သာေသးတဲ့ မက္ဂြိဳင္းယားကို
ပြဲထုတ္ခဲ့တာေၾကာင့္ ဆိုးလ္ရွားအေပၚ မေက်မနပ္ျဖစ္ေနတာပါ။
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ဧၿပီလက ဘာယီကို ၂၀၂၄ ခုႏွစ္အထိ
စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး အရန္ခုံမွာထိုင္ခိုင္းထားတာက အံ့အားသင့္စရာပါပဲ။
ဒီကစားသမားႏွစ္ဦးဟာ အခုလိုပဲ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနဦးမယ္ဆိုရင္
ဇန္နဝါရီမွာ အသင္းနဲ႔လမ္းခြဲဖို႔ျပင္ဆင္ေနၿပီျဖစ္ပါတယ္။