
မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဥ်မှာတော့
အိမ်ကွင်း အိုးလ်ထရက်ဒ်ဖို့ဒ်မှာ (၀−၅) ဂိုး နဲ့ အရှက်ရဖွယ် ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။
ဗာရန်းက လွဲရင် ပုံမှန် ပွဲထွက်နေကျ ကစားသမား အစုံအလင် ပွဲထွက်လာခဲ့ပြီး
ခံစစ်ကစားသမားတွေ အမှားများခဲ့သလို အသင်းလိုက် စုစည်းမှု အားနည်းပြီး
နိုင်လိုစိတ်ပျောက်ဆုံးနေခဲ့ပါတယ်။ ပထမပိုင်းမှာတင် (၄) ဂိုး ပြတ် အရေးနိမ့်ခဲ့ရလို့
ပရိသတ်အချို့ဟာလည်း ပွဲမပြီးခင် အိမ်ပြန်သွားခဲ့ကြပြီး ကွင်းထဲမှာ ကိုယ်တိုင်
လာရောက်အားပေးတဲ့ ဂန္တဝင် နည်းပြကြီး ဖာဂူဆန်အတွက်လည်း
စိတ်ပျက်စရာ ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ မန်ယူအသင်း ဦးဆောင်ဂိုး တစ်ဂိုး ထပ်ပေးခဲ့ရပြီး ရော်နာလ်ဒိုက
ချေပဂိုး တစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ဒိုင်လူကြီး VAR ပြန်ကြည့်ကာ လူကျွံဘောအဖြစ်
သတ်မှတ်ခဲ့ပါတယ်။
လူစားဝင်လာတဲ့ ပေါ့ဘာ ကစားပုံကြမ်းတမ်းမှုကိုလည်းဒိုင်လူကြီးက VAR ပြန်ကြည့်ကာ
အနီကဒ် သတ်မှတ်ခဲ့တာကြောင့် မန်ယူအသင်းဟာလက်ကျန်ပွဲကစားချိန်မှာ (၁၀)
ယောက်တည်း နဲ့ နောက်ထပ် ဂိုးတွေထပ်မပေးရရေးကိုသာ ဦးစားပေး ကစားသွားခဲ့ရပါတယ်။
မန်ယူအသင်းနည်းပြဆိုးလ်ရှားရဲ့ အနာဂါတ်ကလည်း လတ်တလောမှာ
လူပြောများနေပြီး နောက်လာမယ့် စနေနေ့မှာ ကစားမယ့် စပါးအသင်းနဲ့
အဝေးကွင်းပွဲစဥ်မတိုင်ခင်မှာ နည်းပြ အပြောင်းအလဲဖြစ်မလား ဆိုးလ်ရှားနဲ့ပဲ
ခရီးဆက်မလားဆိုတာကလည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ်လို့နေပါပြီ။
Zawgyi
ဆိုးလ္ရွားကို မရွက္တတ္ဘူးလားလို႔ ေမးရမယ့္ ယူႏိုက္တက္ရဲ႕ ဂိုးျပတ္အရႈံး
မန္ယူအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပြဲစဥ္မွာေတာ့
အိမ္ကြင္း အိုးလ္ထရက္ဒ္ဖို႔ဒ္မွာ (၀−၅) ဂိုး နဲ႔ အရွက္ရဖြယ္ ဂိုးျပတ္ အေရးနိမ့္သြားခဲ့ပါတယ္။
ဗာရန္းက လြဲရင္ ပုံမွန္ ပြဲထြက္ေနက် ကစားသမား အစုံအလင္ ပြဲထြက္လာခဲ့ၿပီး
ခံစစ္ကစားသမားေတြ အမွားမ်ားခဲ့သလို အသင္းလိုက္ စုစည္းမႈ အားနည္းၿပီး
ႏိုင္လိုစိတ္ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ပထမပိုင္းမွာတင္ (၄) ဂိုး ျပတ္ အေရးနိမ့္ခဲ့ရလို႔
ပရိသတ္အခ်ိဳ႕ဟာလည္း ပြဲမၿပီးခင္ အိမ္ျပန္သြားခဲ့ၾကၿပီး ကြင္းထဲမွာ ကိုယ္တိုင္
လာေရာက္အားေပးတဲ့ ဂႏၲဝင္ နည္းျပႀကီး ဖာဂူဆန္အတြက္လည္း
စိတ္ပ်က္စရာ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ရပါတယ္။
ဒုတိယပိုင္းမွာ မန္ယူအသင္း ဦးေဆာင္ဂိုး တစ္ဂိုး ထပ္ေပးခဲ့ရၿပီး ေရာ္နာလ္ဒိုက
ေခ်ပဂိုး တစ္ဂိုးျပန္သြင္းခဲ့ေပမယ့္ ဒိုင္လူႀကီး VAR ျပန္ၾကည့္ကာ လူကြၽံေဘာအျဖစ္
သတ္မွတ္ခဲ့ပါတယ္။ လူစားဝင္လာတဲ့ ေပါ့ဘာ ကစားပုံၾကမ္းတမ္းမႈကိုလည္း
ဒိုင္လူႀကီးက VAR ျပန္ၾကည့္ကာ အနီကဒ္ သတ္မွတ္ခဲ့တာေၾကာင့္ မန္ယူအသင္းဟာ
လက္က်န္ပြဲကစားခ်ိန္မွာ (၁၀) ေယာက္တည္း နဲ႔ ေနာက္ထပ္ ဂိုးေတြ
ထပ္မေပးရေရးကိုသာ ဦးစားေပး ကစားသြားခဲ့ရပါတယ္။
မန္ယူအသင္းနည္းျပဆိုးလ္ရွားရဲ႕ အနာဂါတ္ကလည္း လတ္တေလာမွာ
လူေျပာမ်ားေနၿပီး ေနာက္လာမယ့္ စေနေန႔မွာ ကစားမယ့္ စပါးအသင္းနဲ႔
အေဝးကြင္းပြဲစဥ္မတိုင္ခင္မွာ နည္းျပ အေျပာင္းအလဲျဖစ္မလား ဆိုးလ္ရွားနဲ႔ပဲ
ခရီးဆက္မလားဆိုတာကလည္း ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္လို႔ေနပါၿပီ။