
မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာ အနည်းဆုံး
လာမယ့်ဝက်ဖို့ဒ်နှင့်ပွဲစဉ်အထိဆက်လက်ရှိနေဦးမှာဖြစ်ကြောင်းသိရပါတယ်။
မန်ယူပရိသတ်များဟာခါးသီးလှတဲ့မဟာပြိုင်ဘက်မန်စီးတီးကို
အိုးထရက်ဖို့ဒ်တွင်၂-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားကိုထုတ်ပယ်ရန်
တောင်းဆိုမှုမြင့်မားလာပါတယ်။တကယ်တော့ဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်မှာ
လီဗာပူးကို၅-ဝဂိုးဖြင့်အရှက်တကွဲရှုံးပြီးကတည်းကထုတ်ပယ်ခြင်းခံရလုနီးပါး
ဖြစ်ခဲ့ပေမယ့်စပါးစ်၊အတ္တလန္တာတို့နှင့်ပွဲစဉ်များတွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့
ကယ်တင်မှုနဲ့အတူ ဖိအားကျသွားခဲ့ပါတယ်။ဒါပေမယ့်မန်စီးတီးကိုရှုံးနိမ့်တဲ့ပွဲတွင်
အားရစရာမရှိတဲ့ခြေစွမ်းကြောင့်ဆိုးလ်ရှားမှာထုတ်ပယ်ခံရရန်နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
သို့ပေမယ့် The Athletic ရဲ့ဖော်ပြချက်အရမန်ယူဘုတ်အဖွဲ့ဝင်များကို
ချက်ချင်းနည်းပြအပြောင်းအလဲပြုလုပ်ရန်အစီအစဉ်မရှိသေးကြောင်းသိရပါတယ်။
ဒါကြောင့်နော်ဝေလူမျိုးနည်းပြဟာနိုဝင်ဘာလ၂၀ရက်နေ့မှာဝက်ဖို့ဒ်ကိုအဝေးကွင်းသို့
သွားရောက်ရင်ဆိုင်ရမယ့်မန်ယူရဲ့ပရီးမီးယားလိဂ်ပွဲအထိ ကိုင်တွယ်နေဖို့သေချာနေပါတယ်။
မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုဟာဆိုးလ်ရှားလက်အောက်တွင်
အောင်မြင်မှုများရယူလာမယ်လို့ယုံကြည်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့်ဂလေဇာမိသားစုရဲ့စိတ်ရှည်မှုမှာတချိန်တွင်အဆုံးသတ်လာဖို့ရှိနေပါတယ်။
ဒါ့အပြင်မန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်ကမန်ယူအမှုဆောင်ချုပ်
အက်ဒ်ဝုဒ်ဝတ်မှာဇူလိုင်လတုန်းကမှသုံးနှစ်စာချုပ်သစ်ချုပ်ဆိုထားတဲ့ဆိုးလ်ရှားကို
ထုတ်ပယ်ပြီးသူ့ရဲ့နောက်ဆုံးမန်ယူကာလများတွင်နည်းပြတစ်ဦးကိုထုတ်ပယ်ပြီး
အဆုံးမသတ်လိုမှုကြောင့်မန်ယူကစားဖော်ဟောင်းမှာအနည်းဆုံးဇန်နဝါရီလအထိ
မန်ယူနည်းပြအဖြစ်ဆက်ရှိနေမယ်လို့ဆိုသွားပါတယ်။အက်ဒ်ဝုဒ်ဝတ်မှာ
ယခုနှစ်အကုန်တွင်မန်ယူစီအီးအိုရာထူးမှနုတ်ထွက်မယ်လို့ကြေညာထားပါတယ်။
zawgyi
ဆိုးလ္ရွားကို ဝက္ဖို႔ဒ္ႏွင့္ပြဲအထိ အခြင့္အေရး ေပးသြားမယ့္ သရဲနီ
မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာ အနည္းဆုံး
လာမယ့္ဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္အထိဆက္လက္ရွိေနဦးမွာျဖစ္ေၾကာင္းသိရပါတယ္။
မန္ယူပရိသတ္မ်ားဟာခါးသီးလွတဲ့မဟာၿပိဳင္ဘက္မန္စီးတီးကို
အိုးထရက္ဖို႔ဒ္တြင္၂-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဆိုးလ္ရွားကိုထုတ္ပယ္ရန္
ေတာင္းဆိုမႈျမင့္မားလာပါတယ္။တကယ္ေတာ့ဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္မွာ
လီဗာပူးကို၅-ဝဂိုးျဖင့္အရွက္တကြဲရႈံးၿပီးကတည္းကထုတ္ပယ္ျခင္းခံရလုနီးပါး
ျဖစ္ခဲ့ေပမယ့္စပါးစ္၊အတၱလႏၲာတို႔ႏွင့္ပြဲစဥ္မ်ားတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕
ကယ္တင္မႈနဲ႔အတူ ဖိအားက်သြားခဲ့ပါတယ္။ဒါေပမယ့္မန္စီးတီးကိုရႈံးနိမ့္တဲ့ပြဲတြင္
အားရစရာမရွိတဲ့ေျခစြမ္းေၾကာင့္ဆိုးလ္ရွားမွာထုတ္ပယ္ခံရရန္နီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။
သို႔ေပမယ့္ The Athletic ရဲ႕ေဖာ္ျပခ်က္အရမန္ယူဘုတ္အဖြဲ႕ဝင္မ်ားကို
ခ်က္ခ်င္းနည္းျပအေျပာင္းအလဲျပဳလုပ္ရန္အစီအစဥ္မရွိေသးေၾကာင္းသိရပါတယ္။
ဒါေၾကာင့္ေနာ္ေဝလူမ်ိဳးနည္းျပဟာႏိုဝင္ဘာလ၂၀ရက္ေန႔မွာဝက္ဖို႔ဒ္ကိုအေဝးကြင္းသို႔
သြားေရာက္ရင္ဆိုင္ရမယ့္မန္ယူရဲ႕ပရီးမီးယားလိဂ္ပြဲအထိ ကိုင္တြယ္ေနဖို႔ေသခ်ာေနပါတယ္။
မန္ယူအသင္းပိုင္ရွင္ဂေလဇာမိသားစုဟာဆိုးလ္ရွားလက္ေအာက္တြင္
ေအာင္ျမင္မႈမ်ားရယူလာမယ္လို႔ယုံၾကည္ေနဆဲျဖစ္ပါတယ္။
ဒါေပမယ့္ဂေလဇာမိသားစုရဲ႕စိတ္ရွည္မႈမွာတခ်ိန္တြင္အဆုံးသတ္လာဖို႔ရွိေနပါတယ္။
ဒါ့အျပင္မန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္ကမန္ယူအမႈေဆာင္ခ်ဳပ္
အက္ဒ္ဝုဒ္ဝတ္မွာဇူလိုင္လတုန္းကမွသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ဆိုးလ္ရွားကို
ထုတ္ပယ္ၿပီးသူ႔ရဲ႕ေနာက္ဆုံးမန္ယူကာလမ်ားတြင္နည္းျပတစ္ဦးကိုထုတ္ပယ္ၿပီး
အဆုံးမသတ္လိုမႈေၾကာင့္မန္ယူကစားေဖာ္ေဟာင္းမွာအနည္းဆုံးဇန္နဝါရီလအထိ
မန္ယူနည္းျပအျဖစ္ဆက္ရွိေနမယ္လို႔ဆိုသြားပါတယ္။အက္ဒ္ဝုဒ္ဝတ္မွာ
ယခုႏွစ္အကုန္တြင္မန္ယူစီအီးအိုရာထူးမွႏုတ္ထြက္မယ္လို႔ေၾကညာထားပါတယ္။