
အိုလီဂန်းနားဆိုးလ်ရှားကမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်နှင့်
အင်္ဂလန်ကစားသမားဘဝအပေါ်တွင်လည်းအပြည့်အဝအာရုံစိုက်မှုပြုလုပ်ရန်
တိုက်တွန်းပြောကြားလာပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာဆင်းရဲနွမ်းပါးတဲ့ကလေးငယ်များအား
အဟာရပြည့်အစားအစာများအခမဲ့စားခွင့်ရရှိအောင်ရှေ့တန်းမှကူညီခဲ့သလိုအစိုးရကိုလည်း
ပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်ကျောင်းပိတ်စဉ်အတွင်းကလေးများအတွက်
အခမဲ့စားသောက်ခွင့်ဘောင်ချာပေးလာအောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာသူ့ရဲ့ပရဟိတလုပ်ရပ်များကြောင့်ဗြိတိန်ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့
ချီးမြှင့်ခြင်းခံခဲ့ရသလိုမကြာသေးမီတုန်းကမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆိုးလ်ရှားဟာအသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ရဲ့
ပရဟိတလုပ်ဆောင်မှုများအပေါ်ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။
ဒါပေမယ့်မန်ယူနည်းပြက ရပ်ရှိဖို့ဒ်အနေဖြင့်သူ့ရဲ့အရေးအကြီးဆုံးအလုပ်ဖြစ်တဲ့
ဘောလုံးအပေါ်တွင်လည်း အာရုံစိုက်ရန်တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာဩဂုတ်လတုန်းကခွဲစိတ်ကုသမှု
ပြုလုပ်ခဲ့တဲ့ပုခုံးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့်ယနေ့ညတွင်
လက်စတာနှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပထမဆုံးအနေဖြင့်
မန်ယူလူစာရင်းမှာပါဝင်လာပါတယ်။ ဆိုးလ်ရှားက “လာမယ့်နှစ်တွေမှာမားကပ်စ်ရဲ့
အကောင်းဆုံးပုံစံကိုကျွန်တော်တို့မြင်တွေ့ရမယ်ဆိုတာကျွန်တော်သိနေပါတယ်။
သူဟာငယ်ငယ်လေးနဲ့အများကြီးလုပ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်အခုသူဟာ
ဘောလုံးသမားတစ်ဦးအတွက်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားသို့
ရောက်နေပါတယ်။ကွင်းပြင်ပမှာသူလုပ်ပြခဲ့တာတွေကတကယ့်ကိုကောင်းမွန်
လွန်းလှပါတယ်။အခုသူ့အတွက်အရေးအကြီးကဘောလုံးဖြစ်ရပါမယ်။
ဘောလုံးအပေါ်မှာဘဲအာရုံစိုက်ရပါမယ်။မန်ချက်စတာယူနိုက်တက်မှာ
သူ့မှာစိန်ခေါ်မှုကြုံနေရပါတယ်။အင်္ဂလန်မှာကစားခွင့်ရဖို့စိန်ခေါ်မှုရှိပါတယ်။
မားကပ်စ်ကယင်းစိန်ခေါ်မှုတွေကိုရင်ဆိုင်မယ့်သူမျိုးပါ။သူ့ဆီကအများကြီး
လိုချင်တာလည်းသူသိထားပြီးသားပါ။ဒါပေမယ့်ကျွန်တော်တို့အနေနဲ့
သူ့အကောင်းဆုံးပုံစံရောက်လာဖို့အချိန်တော့ပေးရပါမယ်”လို့ပြောကြားသွားပါတယ်။
မန်ယူဟာအနာဂတ်တွင်မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေဖြင့်ကြွက်သားဒဏ်ရာများရရှိမှုမှ
ရှောင်လွဲနိုင်ရန်အတွက်ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားကို၄၀ကီလိုအထိ
မြှင့်တက်နေစေလိုနေပြီးခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားကိုလည်း
ပိုမိုတောင့်တင်းလာစေလိုနေကြောင်း သိရပါတယ်။
zawgyi
ဆိုးလ္ရွားက ရပ္ရွိဖို႔ဒ္အေနျဖင့္ သူ႔ရဲ႕အေရးအႀကီးဆုံးအလုပ္ျဖစ္တဲ့ေဘာလုံးအေပၚတြင္လည္း အာ႐ုံစိုက္ရန္တိုက္တြန္း
အိုလီဂန္းနားဆိုးလ္ရွားကမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္
အဂၤလန္ကစားသမားဘဝအေပၚတြင္လည္းအျပည့္အဝအာ႐ုံစိုက္မႈျပဳလုပ္ရန္
တိုက္တြန္းေျပာၾကားလာပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာဆင္းရဲႏြမ္းပါးတဲ့ကေလးငယ္မ်ားအား
အဟာရျပည့္အစားအစာမ်ားအခမဲ့စားခြင့္ရရွိေအာင္ေရွ႕တန္းမွကူညီခဲ့သလိုအစိုးရကိုလည္း
ၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္ေက်ာင္းပိတ္စဥ္အတြင္းကေလးမ်ားအတြက္
အခမဲ့စားေသာက္ခြင့္ေဘာင္ခ်ာေပးလာေအာင္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာသူ႔ရဲ႕ပရဟိတလုပ္ရပ္မ်ားေၾကာင့္ၿဗိတိန္ဘုရင္မႀကီးခ်ီးျမႇင့္တဲ့ MBE ဘြဲ႕
ခ်ီးျမႇင့္ျခင္းခံခဲ့ရသလိုမၾကာေသးမီတုန္းကမန္ခ်က္စတာတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္
ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။ ဆိုးလ္ရွားဟာအသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ရဲ႕
ပရဟိတလုပ္ေဆာင္မႈမ်ားအေပၚခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ပါတယ္။ဒါေပမယ့္မန္ယူနည္းျပက
ရပ္ရွိဖို႔ဒ္အေနျဖင့္သူ႔ရဲ႕အေရးအႀကီးဆုံးအလုပ္ျဖစ္တဲ့ေဘာလုံးအေပၚတြင္လည္း
အာ႐ုံစိုက္ရန္တိုက္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာဩဂုတ္လတုန္းကခြဲစိတ္ကုသမႈ
ျပဳလုပ္ခဲ့တဲ့ပုခုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ယေန႔ညတြင္
လက္စတာႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပထမဆုံးအေနျဖင့္
မန္ယူလူစာရင္းမွာပါဝင္လာပါတယ္။ ဆိုးလ္ရွားက “လာမယ့္ႏွစ္ေတြမွာမားကပ္စ္ရဲ႕
အေကာင္းဆုံးပုံစံကိုကြၽန္ေတာ္တို႔ျမင္ေတြ႕ရမယ္ဆိုတာကြၽန္ေတာ္သိေနပါတယ္။
သူဟာငယ္ငယ္ေလးနဲ႔အမ်ားႀကီးလုပ္ျပခဲ့ၿပီးျဖစ္ပါတယ္။ဒါေပမယ့္အခုသူဟာ
ေဘာလုံးသမားတစ္ဦးအတြက္အေကာင္းဆုံးအသက္အ႐ြယ္အပိုင္းအျခားသို႔
ေရာက္ေနပါတယ္။ကြင္းျပင္ပမွာသူလုပ္ျပခဲ့တာေတြကတကယ့္ကိုေကာင္းမြန္
လြန္းလွပါတယ္။အခုသူ႔အတြက္အေရးအႀကီးကေဘာလုံးျဖစ္ရပါမယ္။
ေဘာလုံးအေပၚမွာဘဲအာ႐ုံစိုက္ရပါမယ္။မန္ခ်က္စတာယူႏိုက္တက္မွာ
သူ႔မွာစိန္ေခၚမႈႀကဳံေနရပါတယ္။အဂၤလန္မွာကစားခြင့္ရဖို႔စိန္ေခၚမႈရွိပါတယ္။
မားကပ္စ္ကယင္းစိန္ေခၚမႈေတြကိုရင္ဆိုင္မယ့္သူမ်ိဳးပါ။သူ႔ဆီကအမ်ားႀကီး
လိုခ်င္တာလည္းသူသိထားၿပီးသားပါ။ဒါေပမယ့္ကြၽန္ေတာ္တို႔အေနနဲ႔
သူ႔အေကာင္းဆုံးပုံစံေရာက္လာဖို႔အခ်ိန္ေတာ့ေပးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။
မန္ယူဟာအနာဂတ္တြင္မားကပ္စ္ရပ္ရွ္ဖို႔ဒ္အေနျဖင့္ႂကြက္သားဒဏ္ရာမ်ားရရွိမႈမွ
ေရွာင္လြဲႏိုင္ရန္အတြက္ခႏၶာကိုယ္ေအာက္ပိုင္းႂကြက္သားကို၄၀ကီလိုအထိ
ျမႇင့္တက္ေနေစလိုေနၿပီးခႏၶာကိုယ္အေပၚပိုင္းႂကြက္သားကိုလည္း
ပိုမိုေတာင့္တင္းလာေစလိုေနေၾကာင္း သိရပါတယ္။