ဆိုးလ်ရှားက သူ့ဆရာ ဖာဂူဆန်ရဲ့ နည်းအတိုင်း လူငယ်တွေကို ပရီမီးယားလိဂ်စင်မြင့်ပေါ် တင်နိုင်အောင် အားထုတ် လာပြီ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူရဲ့ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ လူငယ်တွေကိုနေရာပေးလေ့ရှိသူအဖြစ် ထင်ရှား ကျော်ကြားခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၉၂ တုန်းက ၉၂ မျိုးဆက်လို့ခေါ်ကြတဲ့ ဘက်ခမ်း၊ စခိုးလ်၊ နစ်ကီဘတ်၊ နဗီးလ်ညီနောင်၊ ဂစ် အစရှိသူတွေကို အသင်းကြီးဆီခေါ်ယူခဲ့ပြီးနောက် ဝေဖန်မေးခွန်းထုတ်မှုအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီတုန်းက ဘောလုံးဝေဖန်ရေးသမားဖြစ်တဲ့ အလန်ဟန်ဆန်က ”ခင်ဗျားရဲ့ချာတိတ်တစ်သိုက်နဲ့ ဘာအလုပ်မှဖြစ်မှာမဟုတ်ဘူး” လို့ ဖာဂူဆန်ကိုတိုက်ခိုက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အဲဒီစကော့သားကြီးဟာ ဝေဖန်သူတွေကိုအသံတိတ်အောင်လုပ်ပြခဲ့ပြီး ၉၂ မျိုးဆက်နဲ့အတူ ၁၉၉၉ မှာ ဖလား ၃ လုံးရယူပြနိုင်ခဲ့တဲ့အထိ‌အောင်မြင်ခဲ့ပါတယ်။

အခုလည်း သူ့တပည့်တစ်ဦးဖြစ်တဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ဝုဗ်နဲ့ပွဲအတွက် လူငယ်အသင်းက ကစားသမား ၅ ဦးကိုခေါ်ယူခဲ့ပြီး သူ့ဆရာနည်းတူလူငယ်တွေကို ပရီမီးယားလိဂ်စင်မြင့်ပေါ် တင်နိုင်အောင် အားထုတ် လာခဲ့ပါတယ်။

Manchester Evening News ရဲ့ဖော်ပြချက်အရ လူငယ်အသင်းက ဖာကန်ဒိုပယ်လစ္စထရီ၊ အီသန်လာ့ဒ်၊ အန်သိုနီအယ်လန်ဂါ၊ ရှိုလာရှိုရီတိုင်ယာ နဲ့ ဝီလ်ဖစ်ရှ် တို့ကိုခေါ်ယူခဲ့ပြီး စီနီယာအသင်းသားတွေနဲ့အတူ လေ့ကျင့်စေခဲ့တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရဖို့မသေချာပေမယ့် ပွဲစဉ်များပြားတဲ့ကာလမှာ အလှည့်ကျစနစ်အသုံးပြုဖို့ လိုအပ်လာရင် သူတို့ကိုအသုံးချလို့ရမှာဖြစ်ပါတယ်။

အယ်လန်ဂါဟာ အသက် ၁၈ နှစ်ဘဲရှိသေးတဲ့ ဆွီဒင်တိုက်စစ်မှူး ဖြစ်ပြီး၊

ဒီနွေရာသီအပြောင်းအရွှေ့နောက်ဆုံးချိန်မှခေါ်ယူလိုက်တဲ့ ဥရုဂွေးတောင်ပံကစားသမား ပယ်လစ္စထရီကလည်း အသက် ၁၈ နှစ်သာရှိပါသေးတယ်။

ရှိုရီတိုင်ယာကတော့ အသက် ၁၆ နှစ်သာရှိသေးတဲ့ အင်္ဂလန်သားဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ အသက် ၁၇ နှစ်စီအသီးသီးရှိကြတဲ့ လာ့ဒ်နဲ့ ဝီလ်ဖစ်ရှ် တို့ကတော့ မန်ယူလူငယ်အသင်းတွေမှာ ခြေစွမ်းပြနေကြတဲ့ အင်္ဂလန်နောက်ခံလူတွေဖြစ်ပါတယ်။

သူတို့အားလုံးဟာ မန်ယူ ယူ-၂၃ အသင်းအတွက် အားထားရတဲ့သူတွေဖြစ်ပြီး တိုက်စစ်မှူးရှိုရီတိုင်ယာ ဆိုရင် မန်ယူလူငယ်တွေထဲမှာ ခြေစွမ်းအမှန်ဆုံး၊ အထူးချွန်ဆုံးနဲ့ အတောက်ပဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီကနေ့ည ဝုဗ်နဲ့ ကစားရမယ့်ပွဲဟာ မန်ယူအတွက် ၉ ရက်အတွင်း ၄ ပွဲမြောက်ဖြစ်ပြီး နှစ်သစ်ကူးကာလမှာ အိမ်ကွင်း ၄ ပွဲဆက်ကစားရမှုရဲ့ ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

မန်ယူဟာ ဝုဗ်၊ ဗီလာ၊ မန်စီးတီး(လိဂ်ဖလားဆီမီး)နဲ့ ဝက်ဖို့ဒ်(အက်ဖ်အေဖလား)ပွဲတွေကို အိမ်ကွင်းမှာဘဲ ဆက်တိုက်ကစားရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားက သူ႔ဆရာ ဖာဂူဆန္ရဲ႕ နည္းအတိုင္း လူငယ္ေတြကို ပရီမီးယားလိဂ္စင္ျမင့္ေပၚ တင္ႏိုင္ေအာင္ အားထုတ္ လာၿပီ…

မန္ယူရဲ႕ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ လူငယ္ေတြကိုေနရာေပးေလ့ရွိသူအျဖစ္ ထင္ရွား ေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။ သူဟာ ၁၉၉၂ တုန္းက ၉၂ မ်ိဳးဆက္လို႔ေခၚၾကတဲ့ ဘက္ခမ္း၊ စခိုးလ္၊ နစ္ကီဘတ္၊ နဗီးလ္ညီေနာင္၊ ဂစ္ အစရွိသူေတြကို အသင္းႀကီးဆီေခၚယူခဲ့ၿပီးေနာက္ ေဝဖန္ေမးခြန္းထုတ္မႈအမ်ိဳးမ်ိဳးနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီတုန္းက ေဘာလုံးေဝဖန္ေရးသမားျဖစ္တဲ့ အလန္ဟန္ဆန္က ”ခင္ဗ်ားရဲ႕ခ်ာတိတ္တစ္သိုက္နဲ႔ ဘာအလုပ္မွျဖစ္မွာမဟုတ္ဘူး” လို႔ ဖာဂူဆန္ကိုတိုက္ခိုက္ခဲ့ဘူးပါတယ္။ ဒါေပမယ့္ အဲဒီစေကာ့သားႀကီးဟာ ေဝဖန္သူေတြကိုအသံတိတ္ေအာင္လုပ္ျပခဲ့ၿပီး ၉၂ မ်ိဳးဆက္နဲ႔အတူ ၁၉၉၉ မွာ ဖလား ၃ လုံးရယူျပႏိုင္ခဲ့တဲ့အထိ‌ေအာင္ျမင္ခဲ့ပါတယ္။

အခုလည္း သူ႔တပည့္တစ္ဦးျဖစ္တဲ့ လက္ရွိနည္းျပ ဆိုးလ္ရွားဟာ ဝုဗ္နဲ႔ပြဲအတြက္ လူငယ္အသင္းက ကစားသမား ၅ ဦးကိုေခၚယူခဲ့ၿပီး သူ႔ဆရာနည္းတူလူငယ္ေတြကို ပရီမီးယားလိဂ္စင္ျမင့္ေပၚ တင္ႏိုင္ေအာင္ အားထုတ္ လာခဲ့ပါတယ္။ Manchester Evening News ရဲ႕ေဖာ္ျပခ်က္အရ လူငယ္အသင္းက ဖာကန္ဒိုပယ္လစၥထရီ၊ အီသန္လာ့ဒ္၊ အန္သိုနီအယ္လန္ဂါ၊ ရႈိလာရႈိရီတိုင္ယာ နဲ႔ ဝီလ္ဖစ္ရွ္ တို႔ကိုေခၚယူခဲ့ၿပီး စီနီယာအသင္းသားေတြနဲ႔အတူ ေလ့က်င့္ေစခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ေတြဟာ ဝုဗ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ရဖို႔မေသခ်ာေပမယ့္ ပြဲစဥ္မ်ားျပားတဲ့ကာလမွာ အလွည့္က်စနစ္အသုံးျပဳဖို႔ လိုအပ္လာရင္ သူတို႔ကိုအသုံးခ်လို႔ရမွာျဖစ္ပါတယ္။ အယ္လန္ဂါဟာ အသက္ ၁၈ ႏွစ္ဘဲရွိေသးတဲ့ ဆြီဒင္တိုက္စစ္မႉး ျဖစ္ၿပီး၊ ဒီေႏြရာသီအေျပာင္းအေရႊ႕ေနာက္ဆံုးခ်ိန္မွေခၚယူလိုက္တဲ့ ဥ႐ုေဂြးေတာင္ပံကစားသမား ပယ္လစၥထရီကလည္း အသက္ ၁၈ ႏွစ္သာရွိပါေသးတယ္။

ရႈိရီတိုင္ယာကေတာ့ အသက္ ၁၆ ႏွစ္သာရွိေသးတဲ့ အဂၤလန္သားျဖစ္ၿပီး အသက္ ၁၉ ႏွစ္နဲ႔ အသက္ ၁၇ ႏွစ္စီအသီးသီးရွိၾကတဲ့ လာ့ဒ္နဲ႔ ဝီလ္ဖစ္ရွ္ တို႔ကေတာ့ မန္ယူလူငယ္အသင္းေတြမွာ ေျခစြမ္းျပေနၾကတဲ့ အဂၤလန္ေနာက္ခံလူေတြျဖစ္ပါတယ္။ သူတို႔အားလုံးဟာ မန္ယူ ယူ-၂၃ အသင္းအတြက္ အားထားရတဲ့သူေတြျဖစ္ၿပီး တိုက္စစ္မႉးရႈိရီတိုင္ယာ ဆိုရင္ မန္ယူလူငယ္ေတြထဲမွာ ေျခစြမ္းအမွန္ဆုံး၊ အထူးခြၽန္ဆုံးနဲ႔ အေတာက္ပဆုံးအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ဒီကေန႔ည ဝုဗ္နဲ႔ ကစားရမယ့္ပြဲဟာ မန္ယူအတြက္ ၉ ရက္အတြင္း ၄ ပြဲေျမာက္ျဖစ္ၿပီး ႏွစ္သစ္ကူးကာလမွာ အိမ္ကြင္း ၄ ပြဲဆက္ကစားရမႈရဲ႕ ပထမဆုံးပြဲလည္းျဖစ္ပါတယ္။ မန္ယူဟာ ဝုဗ္၊ ဗီလာ၊ မန္စီးတီး(လိဂ္ဖလားဆီမီး)နဲ႔ ဝက္ဖို႔ဒ္(အက္ဖ္ေအဖလား)ပြဲေတြကို အိမ္ကြင္းမွာဘဲ ဆက္တိုက္ကစားရမွာ ျဖစ္ပါတယ္။