
မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ ရလဒ်ပိုင်း
ယိမ်းယိုင်နေချိန်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားရတဲ့ နည်းပြဆိုးလ်ရှားဘက်ကနေ
ကာကွယ်ပြောဆိုမှု ပြလုပ်ခဲ့ပါတယ်။ အသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေဟာ
နည်းပြတစ်ယောက်တည်း တာဝန်ရှိတာမျိုး မဟုတ်ဘဲ မိမိတို့ ကစားသမားများရဲ့
တာဝန်လည်း မကင်းကြောင်း ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
” နည်းပြဆိုးလ်ရှားက စိတ်သဘောထား ကောင်းမွန်တဲ့ လူတစ်ယောက်ပါ။
အသင်းတစ်သင်း ရလဒ်ဆိုးတဲ့အခါ နည်းပြကို ဝေဖန်ပြီး အပြစ်ပုံချဖို့ဆိုတာ
လွယ်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ တကယ်ကန်နေရတဲ့ ကျွန်တော်တို့ကလည်း
အသင်းရဲ့ ရလဒ်တွေ ကောင်းမွန်အောင် စွမ်းဆောင်ဖို့ တာဝန်ရှိပြီး အစွမ်းကုန် ကြိုးစားရမှာပါ”
” ဆိုးလ်ရှားက သူ့အလုပ်ကို သူ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။
သူဒီအသင်းကို ရောက်လာပြီးနောက်ပိုင်း အသင်းဟာ သူမရောက်ခင်တုန်းကထက်
တိုးတက်မှုရှိလာတာကို အားလုံးလည်း မြင်တာပဲလေ။ ကျွန်တော်တို့တွေဟာ
အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။
ဒါက ကျွန်တော်တို့ ကစားသမားတွေမှာလုံလောက်တဲ့ ခြေစွမ်းကောင်းမျိုး
မရှိတာကြောင့်လည်း ပါ ပါတယ်။ နည်းပြ တစ်ယောက်တည်းရဲ့ အမှားတော့
မဟုတ်ပါဘူး” လို့ ဖာနန်ဒက်စ်ကပြောဆိုပါတယ်။
ဖာနန်ဒက်စ်ဟာ နည်းပြဆိုးလ်ရှားလက်ထက် မန်ယူအသင်းကို ရောက်ရှိလာပြီးနောက်ပိုင်းမှာ
ပွဲတိုင်းလိုလို ပုံမှန်ပွဲထွက်ခွင့်ရထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
zawgyi
ဆိုးလ္ရွားတစ္ေယာက္တည္း တာဝန္ရွိတာမ်ိဳးမဟုတ္ဘဲ ကစားသမားမ်ားရဲ႕ တာဝန္လည္း မကင္းေၾကာင္း ဖာနန္ဒက္စ္က ဆို
မန္ယူအသင္းရဲ႕ ကြင္းလယ္လူ ဖာနန္ဒက္စ္ကေတာ့ အသင္းရဲ႕ ရလဒ္ပိုင္း
ယိမ္းယိုင္ေနခ်ိန္မွာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ထားရတဲ့ နည္းျပဆိုးလ္ရွားဘက္ကေန
ကာကြယ္ေျပာဆိုမႈ ျပလုပ္ခဲ့ပါတယ္။ အသင္းရဲ႕ ရလဒ္ပိုင္းဆိုး႐ြားမႈေတြဟာ
နည္းျပတစ္ေယာက္တည္း တာဝန္ရွိတာမ်ိဳး မဟုတ္ဘဲ မိမိတို႔ ကစားသမားမ်ားရဲ႕
တာဝန္လည္း မကင္းေၾကာင္း ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။
” နည္းျပဆိုးလ္ရွားက စိတ္သေဘာထား ေကာင္းမြန္တဲ့ လူတစ္ေယာက္ပါ။
အသင္းတစ္သင္း ရလဒ္ဆိုးတဲ့အခါ နည္းျပကို ေဝဖန္ၿပီး အျပစ္ပုံခ်ဖို႔ဆိုတာ
လြယ္ပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာ တကယ္ကန္ေနရတဲ့ ကြၽန္ေတာ္တို႔ကလည္း
အသင္းရဲ႕ ရလဒ္ေတြ ေကာင္းမြန္ေအာင္ စြမ္းေဆာင္ဖို႔ တာဝန္ရွိၿပီး အစြမ္းကုန္ ႀကိဳးစားရမွာပါ”
” ဆိုးလ္ရွားက သူ႔အလုပ္ကို သူ အေကာင္းဆုံး ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။
သူဒီအသင္းကို ေရာက္လာၿပီးေနာက္ပိုင္း အသင္းဟာ သူမေရာက္ခင္တုန္းကထက္
တိုးတက္မႈရွိလာတာကို အားလုံးလည္း ျမင္တာပဲေလ။ ကြၽန္ေတာ္တို႔ေတြဟာ
အိမ္ကြင္းပြဲစဥ္ေတြမွာ ရလဒ္ေတြ မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးေနရတယ္။
ဒါက ကြၽန္ေတာ္တို႔ ကစားသမားေတြမွာလုံေလာက္တဲ့ ေျခစြမ္းေကာင္းမ်ိဳး
မရွိတာေၾကာင့္လည္း ပါ ပါတယ္။ နည္းျပ တစ္ေယာက္တည္းရဲ႕ အမွားေတာ့
မဟုတ္ပါဘူး” လို႔ ဖာနန္ဒက္စ္ကေျပာဆိုပါတယ္။
ဖာနန္ဒက္စ္ဟာ နည္းျပဆိုးလ္ရွားလက္ထက္ မန္ယူအသင္းကို ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာ
ပြဲတိုင္းလိုလို ပုံမွန္ပြဲထြက္ခြင့္ရထားတဲ့ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။