ဆိုးလ်ရှားနေရာကို မျက်စောင်းထိုးနေတဲ့ ဘာဘာတော့ဗ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူ့ထိုင်ခုံကို တော်တော်မြဲအောင် လုပ်ဆောင်ထားရပါတော့မယ်။ ဘာကြောင့်လဲဆိုရင် ဆိုးလ်ရှားနေရာကို လိုချင်သူတွေများနေပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကလည်း ဆိုးလ်ရှားနေရာကို မျက်စောင်းထိုးနေတဲ့ အကြောင်း ပြောဆိုလာနေပါပြီ။ ဘာဘာတော့ဗ်က အသင်းဟောင်းမှာ နည်းပြရာထူးတာဝန်ထမ်းဆောင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

ဘူလ်ဂေးရီးယားသား ဘာဘာတော့ဗ်ဟာ လေဗာကူဆင်၊ စပါး၊ မန်ယူ၊ ဖူလ်ဟမ်း၊ မိုနာကို စတဲ့ ဥရောပဘောလုံးလောကမှာသာမက နောက်ဆုံးအိန္ဒိယ ဘောလုံးလောကမှာပါ ကစားသွားခဲ့ပြီး၂၀၁၈ ခုနှစ်က အနားယူခဲ့တာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ဘောလုံး အရေးဝေဖန်သုံးသပ်သူကြီးဟာ မီဒီယာတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က မနေ့ က ပရိသတ်များနှင့် အင်စတာဂရမ်မှာ အမေး အဖြေများ ပြုလုပ်ခဲ့ရာမှာတော့ နည်းပြနေရာကိစ္စကို ပြောဆိုလာခဲ့တာပါ။

ယူနိုက်တက်အသင်းဆီကို နည်းပြ တစ်ယောက် အဖြစ်နဲ့ပြန်လည်ရောက်ရှိလာဖို့ ဖြစ်နိုင်ချေ ရှိမရှိ မေးခွန်းအပေါ် ဘာဘာတော့ဗ် က ” ပထမဆုံးအနေနဲ့ အသင်း ရဲ့ ဖိတ်ခေါ်မှု လိုပါတယ်။ အဲဒီလိုသာမရှိဘူးဆိုရင် တော့ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ကစားသမားတွေ အတွက် နည်းပြသစ် အဖြစ် စိတ်ကူးလို့ ရမှာ မဟုတ်ဘူး။တကယ်လို့ ခေါ်မယ်ဆိုရင်တော့ ကျွန်တော့်အတွက် က ဆုံးဖြတ်ချက်ချရတာ လွယ်ကူပါတယ် ” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်နဲ့ ပတ်သက်ပြီးတော့လည်း “ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ယူနိုက်တက်ကပရီးမီးယားလိဂ်မှာ အဆင်ပြေနေဆဲပါပဲ။ သူတို့လက်ထဲမှာ တစ်ပွဲအပိုရှိနေပါသေးတယ်။ အဲဒီပွဲစဉ်သာနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ပိုင်းကို ရောက်နိုင်ပြီး တော့ ချန်ပီယံဆုအတွက် ပိုပြီး အားဖြစ်စေနိုင်ပါတယ်။ ယူနိုက်တက်အသင်းက ဒီနှစ်မှာ မထင်မှတ်တာတွေ လုပ်ပြလာနိုင်အုံးမှာသေချာပါတယ်။”

“ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်ဂိုးသွင်းခံရပြီး နောက်မှာ come back အနေအထားနဲ့ နောက်ကနေပြန်လိုက်ကစားတာ အရမ်းကောင်းပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုတာက မလွယ်ကူပါဘူး။ လက်ထဲမှာ ကျန်ရှိနေတဲ့တစ်ပွဲကလည်း ဘန်လေအသင်းနဲ့ဖြစ်တာကြောင့် အသာလေးပဲ ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်”ဆိုပြီး ဘာဘာတော့ဗ်ကပြောပါတယ်။

ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲတွေဆက်ကာ ရလဒ်တွေကောင်းနေပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လက်ကျန်တစ်ပွဲလည်း ကစားဖို့ကျန်ပါသေးတယ်။

နဂို ရလဒ်တွေဆိုးရွားနေတဲ့ အချိန်တုန်းကတော့ ဆိုးလ်ရှားတစ်ယောက် ရာထူးကအထုတ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး၊ ဆိုးလ်ရှားရဲ့ နေရာကို ရယူနိုင်တဲ့ သူအဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းစားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားေနရာကို မ်က္ေစာင္းထိုး​​ေနတဲ့ ဘာဘာေတာ့ဗ္

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက​ေတာ့ သူ႔ထိုင္ခုံကို ​ေတာ္​ေတာ္ၿမဲ​ေအာင္ လုပ္​ေဆာင္ထားရပါေတာ့မယ္။ ဘာ​ေၾကာင့္လဲဆိုရင္ ဆိုးလ္ရွား​ေနရာကို လိုခ်င္သူ​ေတြမ်ား​ေနပါတယ္။ ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က​လည္း ဆိုးလ္ရွား​ေနရာကို မ်က္​ေစာင္းထိုး​ေနတဲ့ အ​ေၾကာင္း ​ေျပာဆိုလာေနပါၿပီ။ ဘာဘာ​ေတာ့ဗ္က အသင္းေဟာင္းမွာ နည္းျပရာထူးတာဝန္ထမ္းေဆာင္ခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာပါတယ္။

ဘူလ္ေဂးရီးယားသား ဘာဘာ​ေတာ့ဗ္ဟာ ေလဗာကူဆင္၊ စပါး၊ မန္ယူ၊ ဖူလ္ဟမ္း၊ မိုနာကို စတဲ့ ဥေရာပေဘာလံုးေလာကမွာသာမက ေနာက္ဆံုးအိႏိၵယ ေဘာလံုးေလာကမွာပါ ကစားသြားခဲ့ၿပီး၂၀၁၈ ခုႏွစ္က အနားယူခဲ့တာျဖစ္ပါတယ္။အသက္ ၃၉ ႏွစ္အ႐ြယ္​ေဘာလုံး အ​ေရး​ေ၀ဖန္သုံးသပ္သူႀကီးဟာ မီဒီယာေတြမွာလည္း တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ က မေန႔ က ပရိသတ္မ်ားႏွင့္ အင္စတာဂရမ္မွာ အေမး အေျဖမ်ား ျပဳလုပ္ခဲ့ရာမွာ​ေတာ့ နည္းျပ​ေနရာကိစၥကို ​ေျပာဆိုလာခဲ့တာပါ။

ယူႏိုက္တက္အသင္းဆီကို နည္းျပ တစ္ေယာက္ အျဖစ္နဲ႔ျပန္လည္ေရာက္ရွိလာဖို႔ ျဖစ္ႏိုင္ေခ် ရွိမရွိ ေမးခြန္းအေပၚ ဘာဘာေတာ့ဗ္ က ” ပထမဆုံးအေနနဲ႕ အသင္း ရဲ႕ ဖိတ္ေခၚမႈ လိုပါတယ္။ အဲဒီလိုသာမရွိဘူးဆိုရင္ ​ေတာ့ ခင္ဗ်ားတို႔အ​ေနနဲ႔ ကြၽန္ေတာ့္ကို ကစားသမားေတြ အတြက္ နည္းျပသစ္ အျဖစ္ စိတ္ကူးလို႔ ရမွာ မဟုတ္ဘူး။တကယ္လို႔ ေခၚမယ္ဆိုရင္​ေတာ့ ကြၽန္ေတာ့္အတြက္ က ဆုံးျဖတ္ခ်က္ခ်ရတာ လြယ္ကူပါတယ္ ” ဆိုၿပီး ျပန္လည္ ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္နဲ႔ ပတ္သက္ၿပီး​ေတာ့လည္း “ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရေပမယ့္ ယူႏိုက္တက္ကပရီးမီးယားလိဂ္မွာ အဆင္ေျပေနဆဲပါပဲ။ သူတို႔လက္ထဲမွာ တစ္ပြဲအပိုရွိေနပါ​ေသးတယ္။ အဲဒီပြဲစဥ္သာႏိုင္ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ပိုင္းကို ေရာက္ႏိုင္ၿပီး ​ေတာ့ ခ်န္ပီယံဆုအတြက္ ပိုၿပီး အားျဖစ္ေစႏိုင္ပါတယ္။ ယူႏိုက္တက္အသင္းက ဒီႏွစ္မွာ မထင္မွတ္တာေတြ လုပ္ျပလာႏိုင္အံုးမွာေသခ်ာပါတယ္။”

“ၿပိဳင္ဘက္အသင္း​ေတြရဲ႕ ဦးေဆာင္ဂိုးသြင္းခံရၿပီး ​ေနာက္မွာ come back အ​​ေနအထားနဲ႔ ေနာက္ကေနျပန္လိုက္ကစားတာ အရမ္းေကာင္းပါတယ္။ အဲဒီလိုလုပ္ဖို႔ဆိုတာက မလြယ္ကူပါဘူး။ လက္ထဲမွာ က်န္ရွိေနတဲ့တစ္ပြဲကလည္း ဘန္ေလအသင္းနဲ႔ျဖစ္တာေၾကာင့္ အသာ​ေလးပဲ ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ထင္ပါတယ္”ဆိုၿပီး ဘာဘာေတာ့ဗ္က​ေျပာပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိပရီးမီးယားလိဂ္မွာေတာ့ ႏိုင္ပြဲ​ေတြဆက္ကာ ရလဒ္ေတြေကာင္းေနၿပီး အဆင့္ ၃ ေနရာမွာ ရပ္တည္​ေနပါတယ္။ လက္က်န္တစ္ပြဲလည္း ကစားဖို႔က်န္ပါ​ေသးတယ္။ နဂို ရလဒ္​ေတြဆိုး႐ြား​ေနတဲ့ အခ်ိန္တုန္းက​ေတာ့ ဆိုးလ္ရွားတစ္​ေယာက္ ရာထူးကအထုတ္ခံရႏိုင္တယ္ဆိုတဲ့ သတင္း​ေတြထြက္​ေပၚခဲ့ၿပီး၊ ဆိုးလ္ရွားရဲ႕ ​ေနရာကို ရယူႏိုင္တဲ့ သူအျဖစ္ စပါးနည္းျပ​​ေဟာင္း ပိုခ်က္တီႏိုက ​ေရပန္းစားခဲ့ပါေသးတယ္။