ဆိုးလ်ရှားရဲ့မှတ်ချက်နဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေတွစ်တာမှာ ပေါက်ကွဲနေ


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ပရိသတ်တွေကတော့ ဆိုးဝါးတဲ့ရာသီအစကာလကိုဖြတ်သန်းနေရတဲ့အပေါ်စိတ်ပျက်နေသလို ဆိုးလ်ရှားဥရဲ့မှတ်ချက်နဲ့ပတ်သက်ပြီးလည်း ဒေါသထွက်ပေါက်ကွဲနေကြပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီအိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ရှိအချိန်အထိ နိုင်ပွဲမရသေးဘဲ ၄ ပွဲမြောက်အိမ်ကွင်းပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ပဲလေ့စ် နဲ့ အာဆင်နယ်ကိုအရေးနိမ့်ခဲ့ပြီး ချဲလ်ဆီး နဲ့ တော့တင်ဟမ်ကို သရေကျခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း ယူနိုက်တက်ဟာ ၂ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။


ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ရာသီကလည်း အခုလိုပဲရာသီအစ အထနှေးခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်အမှတ်ပေးဇယားမှာ အမှတ်တွေရဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆို ၁၀ ပွဲမှာ ၃ ပွဲတောင်မနိုင်သေးပါဘူး။ ဒီရာသီမှာတော့ ၆ ပွဲမှာ ၂ ပွဲအထိ အနိုင်ရရှိထားပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ပရိသတ်တွေကတော့ ဆိုးလ်ရှားရဲ့မှတ်ချက်စကားကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၁၉၇၃ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာ အဆိုးဝါးဆုံးရာသီအစနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ “ဆိုးလ်ရှားပြောနေတာက အသင်းကတန်းဆင်းဇုန်တိုက်ပွဲဝင်နေရသလိုမျိုးဖြစ်နေပါတယ်”လို့ တွစ်တာအသုံးပြုသူ ယူနိုက်တက်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။


“ယူနိုက်တက်အသင်းပါ။ ကာဒစ်ဖ်အသင်းမဟုတ်ပါဘူး”လို့လည်း နောက်ထပ်ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဆိုးလ်ရှားရဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီး ပေါက်ကွဲနေကာ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူစေချင်နေကြပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ယန်ကိန်းကလည်း ယူနိုက်တက်အသင်းသားတွေဟာ ဆိုးလ်ရှားရဲ့အလုပ်ကို အဆုံးသတ်စေလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “အိုလီက ဒီအုပ်စုနဲ့ဆိုရင် သူ့ရဲ့ယူနိုက်တက်နည်းပြအလုပ်က အဆုံးသတ်နိုင်ပါတယ်။ အိုလီက နည်းပြကောင်းတစ်ဦးပါ။

အခုတော့ သူ့မှာဖိအားတွေရှိလာပါပြီ။ ယူနိုက်တက်က အထနှေးနေခဲ့တာပါ။ အခုအချိန်က အခက်အခဲဆုံးအခြေအနြေဖ်စ်နေပါတယ်”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုးလ္ရွားရဲ႕မွတ္ခ်က္နဲ႔ ပတ္သက္လို႔ ယူႏိုက္တက္ပရိသတ္ေတြတြစ္တာမွာ ေပါက္ကြဲေန

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဆိုး၀ါးတဲ့ရာသီအစကာလကိုျဖတ္သန္းေနရတဲ့အေပၚစိတ္ပ်က္ေနသလို ဆိုးလ္ရွားဥရဲ႕မွတ္ခ်က္နဲ႔ပတ္သက္ျပီးလည္း ေဒါသထြက္ေပါက္ကြဲေနၾကပါတယ္။ ယူႏိုက္တက္ဟာ ဒီရာသီအိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လက္ရွိအခ်ိန္အထိ ႏုိင္ပြဲမရေသးဘဲ ၄ ပြဲေျမာက္အိမ္ကြင္းပြဲျဖစ္တဲ့့ အာဆင္နယ္နဲ႔ပြဲမွာလည္း အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ပဲေလ့စ္ နဲ႔ အာဆင္နယ္ကိုအေရးနိမ့္ခဲ့ျပီး ခ်ဲလ္ဆီး နဲ႔ ေတာ့တင္ဟမ္ကို သေရက်ခဲ့တာျဖစ္ပါတယ္။ လက္ရွိရာသီမွာလည္း ယူႏိုက္တက္ဟာ ၂ ပြဲသာ အႏိုင္ရရွိထားျပီး အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနပါတယ္။

ဆိုးလ္ရွားကေတာ့ ျပီးခဲ့တဲ့ရာသီကလည္း အခုလိုပဲရာသီအစ အထေႏွးခဲ့တယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ္အမွတ္ေပးဇယားမွာ အမွတ္ေတြရဖို႔ လိုအပ္ပါတယ္။ ျပီးခဲ့တဲ့ရာသီကဆို ၁၀ ပြဲမွာ ၃ ပြဲေတာင္မႏုိင္ေသးပါဘူး။ ဒီရာသီမွာေတာ့ ၆ ပြဲမွာ ၂ ပြဲအထိ အႏိုင္ရရွိထားပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဆိုးလ္ရွားရဲ႕မွတ္ခ်က္စကားကို ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ၁၉၇၃ ခုႏွစ္ေနာက္ပိုင္း အိမ္ကြင္းမွာ အဆိုး၀ါးဆံုးရာသီအစနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ “ဆိုးလ္ရွားေျပာေနတာက အသင္းကတန္းဆင္းဇုန္တိုက္ပြဲ၀င္ေနရသလိုမ်ိဳးျဖစ္ေနပါတယ္”လို႔ တြစ္တာအသံုးျပဳသူ ယူႏိုက္္တက္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

“ယူႏိုက္တက္အသင္းပါ။ ကာဒစ္ဖ္အသင္းမဟုတ္ပါဘူး”လို႔လည္း ေနာက္ထပ္ယူႏိုက္တက္ပရိသတ္တစ္ဦးကလည္း ေရးသားခဲ့ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဆိုးလ္ရွားရဲ႕မွတ္ခ်က္စကားနဲ႔ပတ္သက္ျပီး ေပါက္ကြဲေနကာ ေတာ့တင္ဟမ္နည္းျပေဟာင္း ပိုခ်က္တီႏိုကို ေခၚယူေစခ်င္ေနၾကပါတယ္။

ယူႏိုက္တက္္အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ယန္ကိန္းကလည္း ယူႏိုက္တက္အသင္းသားေတြဟာ ဆိုးလ္ရွားရဲ႕အလုပ္ကို အဆံုးသတ္ေစလိမ့္မယ္လုိ႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။ “အုိလီက ဒီအုပ္စုနဲ႔ဆိုရင္ သူ႕ရဲ႕ယူႏိုက္တက္နည္းျပအလုပ္က အဆံုးသတ္ႏိုင္ပါတယ္။

အိုလီက နည္းျပေကာင္းတစ္ဦးပါ။ အခုေတာ့ သူ႕မွာဖိအားေတြရွိလာပါျပီ။ ယူႏိုက္တက္က အထေႏွးေနခဲ့တာပါ။ အခုအခ်ိန္က အခက္အခဲဆံုးအေျခအေနျဖ္စ္ေနပါတယ္”လို႔ ရိြဳင္ကိန္းက ေျပာၾကားခဲ့ပါတယ္။