ဆိုးလ်ရှားရဲ့ စကားတစ်ခွန်းကြောင့် မျှော်လင့်ချက်တွေထပ်ရှိပြန်တဲ့ ဗန်ဒီဘိခ်နဲ့ သူ့မန်နေဂျာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ဟာ ယခုနွေရာသီဈေးကွက်မှာ အသင်းပြောင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် ၎င်းကိုယ်တိုင်ကအသင်းမှာ ဆက်နေပြီး ပွဲထွက် ခွင့်ရဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့်များမှ တစ်ဆင့် ၎င်းကို ကမ်းလှမ်းမှုအချို့ရှိခဲ့ ပေမယ့် ကစားသမားက ပယ်ချခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ ရာသီသစ်စချိန် ပွဲထွက်ခွင့်ရဖို့ အသင်းနဲ့ မပူးပေါင်းခင်မှာ ကြွက်သားလေ့ကျင့်ခန်းတွေ နဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေကို အဓိက ထားပြီး သေချာပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ ပြီးသွားပေမယ့် ဆိုးလ်ရှားဟာ ဗန်ဒီဘိခ်ကို ပွဲထွက်ကစားသမား အဖြစ်မရွေးချယ်သေးပါဘူး။

အဲဒါနဲ့ ပတ်သက်တဲ့ ဝေဖန်သံတွေကိုလည်း ဆိုးလ်ရှားကဆောက်သမ်တန် နှင့်ပွဲအပြီး မှာ ” ဗန်ဒီဘိခ်ဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ကစား သမားဖြစ်လာပါလိမ့်မယ်” လို့ ချွေးသိပ် ဖြေကြားထားပါတယ်။

ဗန်ဒီဘိခ်၏ကိုယ်စားလှယ် Guido Albers က “အသင်းမှာရှိတဲ့လူတိုင်းက ဒွန်နီအတွက်မနှစ်ကရာသီလို ထပ်ဖြစ်လို့ မရတော့ဘူးဆိုတာ သိပါတယ်။

အရေးကြီးဆုံးကတော့ အသင်းနည်းပြကိုယ်တိုင်က အခွင့်အရေးပိုပေးမယ်လို့ အင်္ဂလန်မီဒီယာတွေကို ပြောလိုက်တာပါပဲ။”

“အဲ့လိုပြောလိုက်တဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ်။

လာမယ့်ပွဲတွေမှာ ကွင်းလယ်မှာ ဒွန်နီနေရာတစ်နေရာရပြီး ကြာကြာကစားခွင့်ရလိမ့်မယ်လို့ ကျွန်တော်တို့ယူဆထားပါတယ်။” ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ပြောထားပါတယ်။

တစ်ဖက်မှာတော့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ ပွဲကစားချိန် နည်းပါးလွန်းနေတဲ့ အတွက် နယ်သာလန်လက်ရွေးစင် အသင်း၌ ရွေးချယ်ခံရမှုအားဆုံးရှုံးရဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားတစ်ယောက် ဗန်ဒီဘိခ်ကို နှစ်ခါမသတ်ဖို့ မျှော်လင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ စကားတစ္ခြန္းေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြထပ္ရွိျပန္တဲ့ ဗန္ဒီဘိခ္နဲ႔ သူ႔မန္ေနဂ်ာ

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ဟာ ယခုေႏြရာသီေဈးကြက္မွာ အသင္းေျပာင္းဖို႔ အခြင့္အေရး ရခဲ့ေပမယ့္ ၎ကိုယ္တိုင္ကအသင္းမွာ ဆက္ေနၿပီး ပြဲထြက္ ခြင့္ရဖို႔ ဆုံးျဖတ္ခဲ့တာပါ။ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္မ်ားမွ တစ္ဆင့္ ၎ကို ကမ္းလွမ္းမႈအခ်ိဳ႕ရွိခဲ့ ေပမယ့္ ကစားသမားက ပယ္ခ်ခဲ့တာပါ။

ဗန္ဒီဘိခ္ဟာ ရာသီသစ္စခ်ိန္ ပြဲထြက္ခြင့္ရဖို႔ အသင္းနဲ႔ မပူးေပါင္းခင္မွာ ႂကြက္သားေလ့က်င့္ခန္းေတြ နဲ႔ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာေတြကို အဓိက ထားၿပီး ေသခ်ာျပင္ဆင္ခဲ့ပါတယ္။ ဒါ​ေပမယ့္ လက္ရွိ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ပြဲဲ ၿပီးသြား​​ေပမယ့္ ဆိုးလ္ရွားဟာ ဗန္ဒီဘိခ္ကို ပြဲထြက္ကစားသမား အျဖစ္မ​ေ႐ြးခ်ယ္​​ေသးပါဘူး။

အဲဒါနဲ႔ ပတ္သက္တဲ့ ​​ေ၀ဖန္သံ​ေတြကိုလည္း ဆိုးလ္ရွားကေဆာက္သမ္တန္ ႏွင့္ပြဲအၿပီး မွာ ” ဗန္ဒီဘိခ္ဟာ ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ကစား သမားျဖစ္လာပါလိမ့္မယ္” လို႔ ​​ေခြၽးသိပ္ ​ေျဖၾကားထားပါတယ္။

ဗန္ဒီဘိခ္၏ကိုယ္စားလွယ္ Guido Albers က “အသင္းမွာရွိတဲ့လူတိုင္းက ဒြန္နီအတြက္မႏွစ္ကရာသီလို ထပ္ျဖစ္လို႔ မရေတာ့ဘူးဆိုတာ သိပါတယ္။ အေရးႀကီးဆုံးကေတာ့ အသင္းနည္းျပကိုယ္တိုင္က အခြင့္အေရးပိုေပးမယ္လို႔ အဂၤလန္မီဒီယာေတြကို ေျပာလိုက္တာပါပဲ။”

“အဲ့လိုေျပာလိုက္တဲ့အတြက္ ကြၽန္ေတာ္တို႔ဝမ္းသာပါတယ္။ လာမယ့္ပြဲေတြမွာ ကြင္းလယ္မွာ ဒြန္နီေနရာတစ္ေနရာရၿပီး ၾကာၾကာကစားခြင့္ရလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ယူဆထားပါတယ္။” ဆိုၿပီး ​​ေမွ်ာ္လင့္ခ်က္​ေတြနဲ႔ ​ေျပာထားပါတယ္။

တစ္ဖက္မွာ​ေတာ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ ပြဲကစားခ်ိန္ နည္းပါးလြန္းေနတဲ့ အတြက္ နယ္သာလန္လက္ေ႐ြးစင္ အသင္း၌ ေ႐ြးခ်ယ္ခံရမႈအားဆုံးရႈံးရဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားတစ္​ေယာက္ ဗန္ဒီဘိခ္ကို ႏွစ္ခါမသတ္ဖို႔ ​​​ေမွ်ာ္လင့္ပါတယ္။