
ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ဘရာဇီး
ကွင်းလယ်လူ ဖရက်ဒ်ဟာ နိုင်ငံအသင်းမှာတော့ အကောင်းဆုံး
ခြေစွမ်းတစ်ခုကို ပြသထားနိုင်ခဲ့ပါတယ်။ မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီး နဲ့
အာဂျင်တီးနား တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲဟာ ဂိုးမရှိ သရေ ရလဒ်
ထွက်ပေါ်ခဲ့ပြီး အဆိုပါ ပွဲမှာ ဖရက်ဒ်က ပွဲချိန်ပြည့် ပါဝင်ကစားပေးသွားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားရဲ့ (၄−၂−၃−၁) ကစားကွက်မှာ ကွင်းလယ် နှစ်ယောက်တွဲ
နေရာမှာ တော်မီနေး နဲ့တွဲဖက် ကစားခဲ့ရတဲ့ ဖရက်ဒ်ဟာ ဘရာဇီးအသင်းရဲ့
(၄−၂−၃−၁) ကစားကွက်မှာလည်း ဖာဘင်ညို နဲ့ အတူ ကွင်းလယ်
နှစ်ယောက်တွဲနေရာမှာ ပါဝင်ကစားပေးခဲ့ပါတယ်။
ကစားကွက်တူ ၊ နေရာတူ မှာပဲ ကစားရပေမယ့် ဖရက်ဒ်ရဲ့ ခြေစွမ်းဟာ
ဘရာဇီး အသင်းမှာတော့ ယူနိုက်တက်အသင်းက ခြေစွမ်းထက်
သိသိသာသာ ကောင်းမွန်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်မှာ ခံစစ်ကိုသာ အားပြုကစားနေရတဲ့ ဖရက်ဒ်ဟာ
ဘရာဇီး အသင်းမှာ တိုက်စစ်ကိုသာ အများဆုံး လိုက်ပါ ကစားပေးခဲ့ရပြီး
ခံစစ်ပိုင်းကို ၎င်းရဲ့တွဲဖက် ဖာဘင်ညိုက အကောင်းဆုံး ထိန်းကျောင်း
ကစားပေးခဲ့တာဖြစ်ပါတယ်။ ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာလည်း
အဆိုပါ ကစားကွက်မှာပဲ တိုက်စစ်အထိ လိုက်ပါ ပံ့ပိုးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေပါ
ပြုလုပ်နိုင်ခဲ့တာပါ။ အာဂျင်တီးနား နဲ့ ပွဲစဉ်မှာလည်း ဖရက်ဒ်ဟာ ဘောလုံးလုယူမှု
(၁၁) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးလိမ်ခေါက်မှု (၄) ကြိမ်ပြုလုပ်နိုင်ခဲ့ကာ
တိကျတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု (၁) ကြိမ်လည်း ပြုလုပ်ခဲ့ပြီး ပွဲစဉ်တစ်လျှောက်
စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။
ယူနိုက်တက်မှာ ဖရက်ဒ် စွမ်းဆောင်ရည် ကျဆင်းနေတာဟာ ကစားသမားရဲ့
အမှားမဟုတ်ဘဲ နည်းပြ ညံ့ဖျင်းမှုကြောင့် လို့ ဘရာဇီး ခံစစ်ကစားသမား
ဒန်နီယယ် အဲလ်ဗက်စ် မကြာသေးခင်က ပြောဆိုခဲ့ဖူးတဲ့အတိုင်းပဲ
လက်ရှိ ဘရာဇီးအသင်းမှာ ပြသနေတဲ့ ဖရက်ဒ်ရဲ့ ခြေစွမ်းမျိုးကို ယူနိုက်တက်
အသင်းမှာ ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင်တဲ့ ယူနိုက်တက်
နည်းပြဆိုးလ်ရှားရဲ့ အားနည်းချက်ကတော့ အတော်လေး မေးခွန်း
ထုတ်ချင်စရာကောင်းတဲ့အနေအထားဖြစ်လို့နေပါတယ်။
zawgyi
ဆိုးလ္ရွားရဲ႕ ညံ့ဖ်င္းမႈေတြကို ပိုၿပီး သိသာထင္ရွားေစခဲ့တဲ့ ဖရက္ဒ္ရဲ႕ ေျခစြမ္း
ယူႏိုက္တက္မွာ ေျခစြမ္းမျပႏိုင္တာေၾကာင့္ ေဝဖန္မႈေတြ ခံေနရတဲ့ ဘရာဇီး
ကြင္းလယ္လူ ဖရက္ဒ္ဟာ ႏိုင္ငံအသင္းမွာေတာ့ အေကာင္းဆုံး
ေျခစြမ္းတစ္ခုကို ျပသထားႏိုင္ခဲ့ပါတယ္။ မေန႔က ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဘရာဇီး နဲ႔
အာဂ်င္တီးနား တို႔ ကမာၻ႔ဖလား ေျခစစ္ပြဲဟာ ဂိုးမရွိ သေရ ရလဒ္
ထြက္ေပၚခဲ့ၿပီး အဆိုပါ ပြဲမွာ ဖရက္ဒ္က ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးသြားခဲ့ပါတယ္။
နည္းျပဆိုးလ္ရွားရဲ႕ (၄−၂−၃−၁) ကစားကြက္မွာ ကြင္းလယ္ ႏွစ္ေယာက္တြဲ
ေနရာမွာ ေတာ္မီေနး နဲ႔တြဲဖက္ ကစားခဲ့ရတဲ့ ဖရက္ဒ္ဟာ ဘရာဇီးအသင္းရဲ႕
(၄−၂−၃−၁) ကစားကြက္မွာလည္း ဖာဘင္ညိဳ နဲ႔ အတူ ကြင္းလယ္
ႏွစ္ေယာက္တြဲေနရာမွာ ပါဝင္ကစားေပးခဲ့ပါတယ္။
ကစားကြက္တူ ၊ ေနရာတူ မွာပဲ ကစားရေပမယ့္ ဖရက္ဒ္ရဲ႕ ေျခစြမ္းဟာ
ဘရာဇီး အသင္းမွာေတာ့ ယူႏိုက္တက္အသင္းက ေျခစြမ္းထက္
သိသိသာသာ ေကာင္းမြန္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။
ယူႏိုက္တက္မွာ ခံစစ္ကိုသာ အားျပဳကစားေနရတဲ့ ဖရက္ဒ္ဟာ
ဘရာဇီး အသင္းမွာ တိုက္စစ္ကိုသာ အမ်ားဆုံး လိုက္ပါ ကစားေပးခဲ့ရၿပီး
ခံစစ္ပိုင္းကို ၎ရဲ႕တြဲဖက္ ဖာဘင္ညိဳက အေကာင္းဆုံး ထိန္းေက်ာင္း
ကစားေပးခဲ့တာျဖစ္ပါတယ္။ ဖရက္ဒ္ဟာ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာလည္း
အဆိုပါ ကစားကြက္မွာပဲ တိုက္စစ္အထိ လိုက္ပါ ပံ့ပိုးႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈေတြပါ
ျပဳလုပ္ႏိုင္ခဲ့တာပါ။ အာဂ်င္တီးနား နဲ႔ ပြဲစဥ္မွာလည္း ဖရက္ဒ္ဟာ ေဘာလုံးလုယူမႈ
(၁၁) ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဘာလုံးလိမ္ေခါက္မႈ (၄) ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ကာ
တိက်တဲ့ ဂိုးေပါက္ ၿခိမ္းေျခာက္မႈ (၁) ႀကိမ္လည္း ျပဳလုပ္ခဲ့ၿပီး ပြဲစဥ္တစ္ေလွ်ာက္
စြမ္းေဆာင္ရည္ အျမင့္ဆုံး ကစားသမားေတြထဲမွာ ပါဝင္လာခဲ့ပါတယ္။
ယူႏိုက္တက္မွာ ဖရက္ဒ္ စြမ္းေဆာင္ရည္ က်ဆင္းေနတာဟာ ကစားသမားရဲ႕
အမွားမဟုတ္ဘဲ နည္းျပ ညံ့ဖ်င္းမႈေၾကာင့္ လို႔ ဘရာဇီး ခံစစ္ကစားသမား
ဒန္နီယယ္ အဲလ္ဗက္စ္ မၾကာေသးခင္က ေျပာဆိုခဲ့ဖူးတဲ့အတိုင္းပဲ
လက္ရွိ ဘရာဇီးအသင္းမွာ ျပသေနတဲ့ ဖရက္ဒ္ရဲ႕ ေျခစြမ္းမ်ိဳးကို ယူႏိုက္တက္
အသင္းမွာ ထြက္ေပၚလာေအာင္ မစြမ္းေဆာင္ႏိုင္တဲ့ ယူႏိုက္တက္
နည္းျပဆိုးလ္ရွားရဲ႕ အားနည္းခ်က္ကေတာ့ အေတာ္ေလး ေမးခြန္း
ထုတ္ခ်င္စရာေကာင္းတဲ့အေနအထားျဖစ္လို႔ေနပါတယ္။