ဆိုးလ်ရှားရဲ့ ပုံမှန်မရှိတဲ့ လူစာရင်းကြောင့် မန်ယူရဲ့ခြေစွမ်းအပြောင်းအလဲမြန်နေတာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြ ဆိုးလ်ရှားဟာ မန်ယူရဲ့အကောင်းဆုံး ၁၁ ဦးစာရင်းကိုအခုချိန်အထိမရွေးနိုင်သေးဘဲ လူစာရင်းအပြောင်းအလဲ တောက်လျှောက်လုပ်နေမှုဟာ ဒီရာသီမှာ မန်ယူခြေစွမ်းမတည်ငြိမ်မှုရဲ့အကြောင်းအရင်းဖြစ်နေမှာကို စီနီယာ ကစားသမားတွေကစိတ်ပူနေကြတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားဟာ ဒီရာသီမှာ မန်ယူဟာ ၁၈ ပွဲကစားခဲ့ပြီး ၂ ပွဲဆက်တိုက်တူညီတဲ့လူစာရင်း နဲ့ပွဲထုတ်တာတစ်ကြိမ်တောင်မရှိသေးပါဘူး။ Telegraph သတင်းစာကြီးရဲ့ဖော်ပြမှုအရ ဆိုးလ်ရှားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တူညီတဲ့လူစာရင်းနဲ့ပွဲထုတ်တာ တစ်ကြိမ်သာရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါကတော့ အောက်တိုဘာလအတွင်းမှာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၁-၄ နဲ့နိုင်ခဲ့တဲ့ပွဲနဲ့ အဲဒီပွဲအပြီး ချဲလ်ဆီးနဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေကျတဲ့ ပွဲတွေမှာသာရှိခဲ့တာပါ။

ဒါပေမယ့် ကြားထဲမှာ ပီအက်စ်ဂျီနဲ့ အဝေးကွင်းကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲ ရှိခဲ့တဲ့အတွက် ၂ ပွဲဆက်တူညီတဲ့ လူစာရင်းထုတ်ပြန်မှုမဟုတ်ခဲ့ပါဘူး။ မန်ယူက ၂-၁ နဲ့ နိုင်ခဲ့တဲ့အဲဒီပွဲမှာ ဆိုးလ်ရှားထုတ်ခဲ့တဲ့လူစာရင်းဟာ နယူးကာဆယ်နဲ့ပွဲက လူစာရင်းနဲ့ မတူညီခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီသတင်းစာကြီးက မန်ယူအသင်းမှာ လူနေရာချထားမှုရော နည်းစနစ်ပိုင်းပါ အပြောင်းလဲတွေသိပ်များခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါဟာကွင်းထဲကအခြေအနေကို မလွယ်ကူစေခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဆိုးလ်ရှားဟာ ၄-၂-၃-၁ ကစား ကွက်ကို အကြိုက်တွေ့ပေမယ့်လည်း ၄-၁-၂-၁-၂ နဲ့ ၃-၄-၁-၂ တို့ကိုလည်း မကြာခဏကျင့်သုံးပါတယ်။

မန်ယူကစားခဲ့တဲ့နောက်ဆုံး ၂ ပွဲကိုကြည့်ရင် ဝက်စ်ဟမ်းကို ၃-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်ကိုကျင့်သုံးခဲ့ပြီး လိုက်ပ်ဇစ်ကိုရှုံးခဲ့တဲ့ပွဲမှာကျတော့ ၃-၄-၁-၂ ကိုအသုံးပြုခဲ့ပါတယ်။ ဒါဟာဆိုးလ်ရှားရဲ့အပြောင်းအလဲ များမှုကိုသက်သေပြနေတာလည်းဖြစ်ပါတယ်။

ကွင်းလယ်မှာ ဆိုရင်လည်း ဆိုးလ်ရှားဟာ ဖာနန်ဒက်စ်ကိုပွဲအများစုမှာ ပွဲထွက်စာရင်းကနေပုံမှန်အသုံးပြုတာကလွဲလို့ ကျန်တဲ့သူတွေကိုကျတော့ ခန့်မှန်းရခက်နေတာပါ။ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ၁၆ ပွဲမှာ ကွင်းလယ်လူ ၁၁ ဦးအထိ(ဖာနန်ဒက်စ်မပါ) သုံးခဲ့ပြီး သူတို့ထဲက ၉ ဦးဟာ ၂ ပွဲဆက်ကစားရတယ်ဆိုတာမရှိခဲ့ပါဘူး။

ဝက်စ်ဟမ်းနဲ့ပွဲမှာ တွန်မီနေး၊ ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ်တို့ ပွဲထွက်လာပေမယ့် လိုက်ပ်ဇစ်နဲ့ပွဲမှာကျတော့ တွန်မီနေး၊ မာတစ်နဲ့ ဖာနန်ဒက်စ်တို့ ဖြစ်ခဲ့ပါတယ်။ တိုက်စစ်ကိုကြည့်ရင်လည်း ဆိုးလ်ရှားဟာ မတူညီတဲ့ တွဲဖက်မှု ၉ ကြိမ်ပြုလုပ်ထားတာပါ။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂရင်းဝုဒ်၊ မာရှယ် နဲ့ ကာဗာနီ တို့ဖြစ်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ် တို့ကိုသုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ခြေစွမ်းတည်ငြိမ်လာစပြုတာနဲ့ အသစ်ကနေ ပြန်စရသလိုဖြစ်နေလို့ ဆိုလ်းရှားရဲ့အပြောင်းအလဲများမှုကို စီနီယာတွေက လေ့လာစိစစ်နေကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ ပုံမွန္မရွိတဲ့ လူစာရင္းေၾကာင့္ မန္ယူရဲ႕ေျခစြမ္းအေျပာင္းအလဲျမန္ေနတာလား

နည္းျပ ဆိုးလ္ရွားဟာ မန္ယူရဲ႕အေကာင္းဆုံး ၁၁ ဦးစာရင္းကိုအခုခ်ိန္အထိမေ႐ြးႏိုင္ေသးဘဲ လူစာရင္းအေျပာင္းအလဲ ေတာက္ေလွ်ာက္လုပ္ေနမႈဟာ ဒီရာသီမွာ မန္ယူေျခစြမ္းမတည္ၿငိမ္မႈရဲ႕အေၾကာင္းအရင္းျဖစ္ေနမွာကို စီနီယာ ကစားသမားေတြကစိတ္ပူေနၾကတယ္လို႔ သိရပါတယ္။ ဆိုးလ္ရွားဟာ ဒီရာသီမွာ မန္ယူဟာ ၁၈ ပြဲကစားခဲ့ၿပီး ၂ ပြဲဆက္တိုက္တူညီတဲ့လူစာရင္း နဲ႔ပြဲထုတ္တာတစ္ႀကိမ္ေတာင္မရွိေသးပါဘူး။ Telegraph သတင္းစာႀကီးရဲ႕ေဖာ္ျပမႈအရ ဆိုးလ္ရွားဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ တူညီတဲ့လူစာရင္းနဲ႔ပြဲထုတ္တာ တစ္ႀကိမ္သာရွိခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ဒါကေတာ့ ေအာက္တိုဘာလအတြင္းမွာ နယူးကာဆယ္ကို အေဝးကြင္းမွာ ၁-၄ နဲ႔ႏိုင္ခဲ့တဲ့ပြဲနဲ႔ အဲဒီပြဲအၿပီး ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းမွာ ဂိုးမရွိသေရက်တဲ့ ပြဲေတြမွာသာရွိခဲ့တာပါ။

ဒါေပမယ့္ ၾကားထဲမွာ ပီအက္စ္ဂ်ီနဲ႔ အေဝးကြင္းကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲ ရွိခဲ့တဲ့အတြက္ ၂ ပြဲဆက္တူညီတဲ့ လူစာရင္းထုတ္ျပန္မႈမဟုတ္ခဲ့ပါဘူး။ မန္ယူက ၂-၁ နဲ႔ ႏိုင္ခဲ့တဲ့အဲဒီပြဲမွာ ဆိုးလ္ရွားထုတ္ခဲ့တဲ့လူစာရင္းဟာ နယူးကာဆယ္နဲ႔ပြဲက လူစာရင္းနဲ႔ မတူညီခဲ့ပါဘူး။ ဒါေၾကာင့္လည္း အဲဒီသတင္းစာႀကီးက မန္ယူအသင္းမွာ လူေနရာခ်ထားမႈေရာ နည္းစနစ္ပိုင္းပါ အေျပာင္းလဲေတြသိပ္မ်ားခဲ့တယ္လို႔ ေဖာ္ျပခဲ့တာပါ။ ဒါဟာကြင္းထဲကအေျခအေနကို မလြယ္ကူေစခဲ့ဘူးလို႔လည္း ဆိုပါတယ္။ ဆိုးလ္ရွားဟာ ၄-၂-၃-၁ ကစား ကြက္ကို အႀကိဳက္ေတြ႕ေပမယ့္လည္း ၄-၁-၂-၁-၂ နဲ႔ ၃-၄-၁-၂ တို႔ကိုလည္း မၾကာခဏက်င့္သုံးပါတယ္။ မန္ယူကစားခဲ့တဲ့ေနာက္ဆုံး ၂ ပြဲကိုၾကည့္ရင္ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ၄-၂-၃-၁ ကစားကြက္ကိုက်င့္သုံးခဲ့ၿပီး လိုက္ပ္ဇစ္ကိုရႈံးခဲ့တဲ့ပြဲမွာက်ေတာ့
၃-၄-၁-၂ ကိုအသုံးျပဳခဲ့ပါတယ္။ ဒါဟာဆိုးလ္ရွားရဲ႕အေျပာင္းအလဲ မ်ားမႈကိုသက္ေသျပေနတာလည္းျဖစ္ပါတယ္။

ကြင္းလယ္မွာ ဆိုရင္လည္း ဆိုးလ္ရွားဟာ ဖာနန္ဒက္စ္ကိုပြဲအမ်ားစုမွာ ပြဲထြက္စာရင္းကေနပုံမွန္အသုံးျပဳတာကလြဲလို႔ က်န္တဲ့သူေတြကိုက်ေတာ့ ခန႔္မွန္းရခက္ေနတာပါ။ ဒီရာသီ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ ပြဲမွာ ကြင္းလယ္လူ ၁၁ ဦးအထိ(ဖာနန္ဒက္စ္မပါ) သုံးခဲ့ၿပီး သူတို႔ထဲက ၉ ဦးဟာ ၂ ပြဲဆက္ကစားရတယ္ဆိုတာမရွိခဲ့ပါဘူး။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ တြန္မီေနး၊ ေပါ့ဂ္ဘာနဲ႔ ဗန္ဒီဘိခ္တို႔ ပြဲထြက္လာေပမယ့္ လိုက္ပ္ဇစ္နဲ႔ပြဲမွာက်ေတာ့ တြန္မီေနး၊ မာတစ္နဲ႔ ဖာနန္ဒက္စ္တို႔ ျဖစ္ခဲ့ပါတယ္။ တိုက္စစ္ကိုၾကည့္ရင္လည္း ဆိုးလ္ရွားဟာ မတူညီတဲ့ တြဲဖက္မႈ ၉ ႀကိမ္ျပဳလုပ္ထားတာပါ။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂရင္းဝုဒ္၊ မာရွယ္ နဲ႔ ကာဗာနီ တို႔ျဖစ္ခဲ့ၿပီး လိုက္ပ္ဇစ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္ တို႔ကိုသုံးခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေျခစြမ္းတည္ၿငိမ္လာစျပဳတာနဲ႔ အသစ္ကေန ျပန္စရသလိုျဖစ္ေနလို႔ ဆိုလ္းရွားရဲ႕အေျပာင္းအလဲမ်ားမႈကို စီနီယာေတြက ေလ့လာစိစစ္ေနၾကတာျဖစ္ပါတယ္။