ဆိုးလ်ရှားရဲ့ မန်ယူနည်းပြဘဝရာပြည့်ပွဲမှာ အာဆင်နယ်ကိုအနိုင်ယူသွားမလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနည်းပြဆိုးလ်ရှားအတွက် ပွဲကျပ်ကာလကို စတင်ဖြတ်သန်းခဲ့တဲ့အချိန်ကစ ပြီး ပရိသတ်တွေက မယုံမရဲနဲ့စောင့်ကြည့်လာခဲ့သလို အင်္ဂလိပ်မီဒီယာတွေက လည်း ဆိုးလ်ရှား ရာထူးကထုတ်ပယ်ခံရပြီး သူ့ရဲ့နေရာမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့အစားထိုးတော့မယ့်သတင်းတွေ ပလူပျံအောင်ထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဆိုးလ်ရှားဟာ နယူးကာဆယ်၊ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့နဲ့ပွဲတွေမှာ ပြိုင် ဘက်တွေနဲ့ ပရိသတ်တွေမထင်ထားတဲ့လူထုတ်ပုံတွေနဲ့ ခင်းကျင်းပွဲထုတ်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတွေရအောင် ကစားသွားနိုင်ခဲ့တဲ့အပြင် ချဲလ်ဆီးနဲ့ပွဲမှာဆိုရင်လည်း ဂိုး မပေးရအောင် ကစားနိုင်ခဲ့တာကြောင့် ပွဲကျပ်ကာလထဲပါဝင်တဲ့ ၄ ပွဲစလုံးမှာ ၃ ပွဲ နိုင်၊ ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။

ဒီနေ့ကစားမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ ဆိုးလ် ရှားအတွက် မန်ယူနည်းပြဘ၀ ပွဲ ၁၀၀ ပြည့်မယ့် ရာပြည့်ပွဲဖြစ်နေပါတယ်။ ပြီးခဲ့ တဲ့ ၉၉ ပွဲမှာ ၅၅ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၂၃ ပွဲရှုံး မှတ်တမ်းရှိထားပါတယ်။

ဒီပွဲမှာ မန်ယူဘက်မှာ ကစားသမား ၅ ဦး ပါဝင်နိုင်မှာမဟုတ်ဘဲ ဒဏ်ရာရနေတဲ့ လင်ဂတ်၊ ဘိုင်းလီတို့အပြင် ပွဲပယ်ခံထားရတဲ့ မာရှယ်၊ ဖီးလ်ဂျုံးစ်နဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အဲလက်စ်တဲလက်စ်တို့ လွဲချော်ဖို့ရှိပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်အသင်း ရလဒ်မ ကောင်းတာတွေကို အဆုံးသတ်သွားနိုင်ဖို့ ကြိုးစားမယ်လို့ ကြုံးဝါးထားပါတယ်။

ဂါးဒီးယန်းသတင်းစာကြီးရဲ့ မန်ယူ-အာဆင်နယ်ပွဲမှာ ၂ သင်းစလုံးရဲ့ ပွဲထုတ်နိုင်ခြေရှိတဲ့ ကစားကွက်နဲ့ ကစားသမားစာရင်းကိုကြည့်မယ်ဆိုရင် မန်ယူ ဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာဖို့ရှိပြီး ဂိုး – ဒီဂီယာ၊ နောက်တန်း – ဘစ် ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ အလယ်တန်း – တွန်မီနေး၊ ပေါ့ဂ် ဘာ၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ရှေ့တန်း – ကာဗာနီတို့ ဖြစ်ပါတယ်။

အာဆင်နယ်ဘက်မှာဆိုရင် ၄-၃-၃ ပုံစံခင်းကျင်းလာဖို့ရှိနေပြီး ဂိုး – လီနို၊ နောက် တန်း – တီယာနေး၊ ဂါဘရီရယ်၊ မူစတာဖီ၊ ဘယ်လာရင်၊ အလယ်တန်း – ပါတေး၊ ဇာခါ၊ ဆီဘယ်လော့စ်၊ ရှေ့တန်း – ဆာကာ၊ အူဘာမီယန်၊ ဝီလျံတို့ ဖြစ်နေပါတယ်။

ပွဲကျပ်ခယောင်းလမ်းကို အကောင်းဆုံးကျော်ဖြတ်နေတဲ့ ဆိုးလ် ရှားအနေနဲ့ မန်ယူနည်းပြဘ၀ ရာပြည့်ပွဲမှာ အောင်ပွဲရလဒ်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ မန္ယူနည္းျပဘ၀ရာျပည့္ပြဲမွာ အာဆင္နယ္ကိုအႏိုင္ယူသြားမလား

မန္ယူနည္းျပဆိုးလ္ရွားအတြက္ ပြဲက်ပ္ကာလကို စတင္ျဖတ္သန္းခဲ့တဲ့အခ်ိန္ကစ ၿပီး ပရိသတ္ေတြက မယံုမရဲနဲ႔ေစာင့္ၾကည့္လာခဲ့သလို အဂၤလိပ္မီဒီယာေတြက လည္း ဆိုးလ္ရွား ရာထူးကထုတ္ပယ္ခံရၿပီး သူ႕ရဲ႕ေနရာမွာ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုနဲ႔အစားထိုးေတာ့မယ့္သတင္းေတြ ပလူပ်ံေအာင္ထြက္ခဲ့ပါေသးတယ္။

ဒါေပမဲ့ ဆိုးလ္ရွားဟာ နယူးကာဆယ္၊ ပီအက္စ္ဂ်ီ၊ လိုက္ဇစ္တို႔နဲ႔ပြဲေတြမွာ ၿပိဳင္ ဘက္ေတြနဲ႔ ပရိသတ္ေတြမထင္ထားတဲ့လူထုတ္ပံုေတြနဲ႔ ခင္းက်င္းပြဲထုတ္ခဲ့ၿပီး ဂိုးျပတ္ႏိုင္ပြဲေတြရေအာင္ ကစားသြားႏိုင္ခဲ့တဲ့အျပင္ ခ်ဲလ္ဆီးနဲ႔ပြဲမွာဆိုရင္လည္း ဂိုး မေပးရေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ ပြဲက်ပ္ကာလထဲပါ၀င္တဲ့ ၄ ပြဲစလံုးမွာ ၃ ပြဲ ႏိုင္၊ ၁ ပြဲသေရနဲ႔ ရႈံးပြဲမရွိခဲ့ပါဘူး။

ဒီေန႔ကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွာေတာ့ ဆိုးလ္ ရွားအတြက္ မန္ယူနည္းျပဘ၀ ပြဲ ၁၀၀ ျပည့္မယ့္ ရာျပည့္ပြဲျဖစ္ေနပါတယ္။ ၿပီးခဲ့ တဲ့ ၉၉ ပြဲမွာ ၅၅ ပဲြႏိုင္၊ ၂၁ ပြဲသေရ၊ ၂၃ ပြဲရႈံး မွတ္တမ္းရွိထားပါတယ္။

ဒီပြဲမွာ မန္ယူဘက္မွာ ကစားသမား ၅ ဦး ပါ၀င္ႏိုင္မွာမဟုတ္ဘဲ ဒဏ္ရာရေနတဲ့ လင္ဂတ္၊ ဘိုင္းလီတို႔အျပင္ ပြဲပယ္ခံထားရတဲ့ မာရွယ္၊ ဖီးလ္ဂ်ဳံးစ္နဲ႔ ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အဲလက္စ္တဲလက္စ္တို႔ လြဲေခ်ာ္ဖို႔ရွိပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္အသင္း ရလဒ္မ ေကာင္းတာေတြကို အဆံုးသတ္သြားႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ ႀကံဳး၀ါးထားပါတယ္။

ဂါးဒီးယန္းသတင္းစာႀကီးရဲ႕ မန္ယူ-အာဆင္နယ္ပြဲမွာ ၂ သင္းစလံုးရဲ႕ ပြဲထုတ္ႏိုင္ေျခရွိတဲ့ ကစားကြက္နဲ႔ ကစားသမားစာရင္းကိုၾကည့္မယ္ဆိုရင္ မန္ယူ ဟာ ၄-၂-၃-၁ ကစားကြက္နဲ႔ ပြဲထြက္လာဖုိ႔ရွိၿပီး ဂိုး – ဒီဂီယာ၊ ေနာက္တန္း – ဘစ္ ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂိြဳင္းယား၊ လုခ္ေရွာ၊ အလယ္တန္း – တြန္မီေနး၊ ေပါ့ဂ္ ဘာ၊ ဂရင္း၀ုဒ္၊ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ေရွ႕တန္း – ကာဗာနီတို႔ ျဖစ္ပါတယ္။

အာဆင္နယ္ဘက္မွာဆိုရင္ ၄-၃-၃ ပံုစံခင္းက်င္းလာဖို႔ရွိေနၿပီး ဂိုး – လီႏို၊ ေနာက္ တန္း – တီယာေနး၊ ဂါဘရီရယ္၊ မူစတာဖီ၊ ဘယ္လာရင္၊ အလယ္တန္း – ပါေတး၊ ဇာခါ၊ ဆီဘယ္ေလာ့စ္၊ ေရွ႕တန္း – ဆာကာ၊ အူဘာမီယန္၊ ၀ီလ်ံတို႔ ျဖစ္ေနပါတယ္။

ပြဲက်ပ္ခေယာင္းလမ္းကို အေကာင္းဆံုးေက်ာ္ျဖတ္ေနတဲ့ ဆိုးလ္ ရွားအေနနဲ႔ မန္ယူနည္းျပဘ၀ ရာျပည့္ပြဲမွာ ေအာင္ပြဲရလဒ္ရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။