ဆိုးလ်ရှားရဲ့ ရုံးခန်း တံခါးကို လာခေါက်နေတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားအတွက် ယူနိုက်တက်နည်းပြနေရာဟာ အခြေမမြဲသေးပါဘူး။ ချန်ပီယံလိဂ်ပွဲတွေမှာ ခြေစွမ်းကောင်းပြနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ လွဲချော်နေတာတွေအတွက် ပရိသတ်အများစုကတော့ ဒေါသထွက်နေကြပါတယ်။

အိမ်ကွင်းမှာ စပါးအသင်းကို ပက်ပက်စက်စက်ရှူံးကတည်းက အသင်းက ဆိုးလ်ရှားထွက်သွားဆိုပြီး အော်နေတာတွေဟာ ကြားကာလမှာ နည်းနည်းငြိမ်သွားခဲ့ပေမယ့် အာဆင်နယ်ကို အိမ်ကွင်းမှာ ထပ်ရှုံးတဲ့အချိန်မှာတော့ ဆိုးလ်ရှားကိုနှင်ထုတ်တဲ့ ဇာတ်လမ်းက တဖန်ပြန်လည်စတင်လာပါတော့တယ်။

ပရိသတ်အတော်များများကမနေ့တုန်းကဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် နော်ဝေသားကြီးကို“Ole Out” ဆိုတဲ့ စကားလုံးတွေနဲ့ ထိုးနှက်ထားကြပါတယ်။

ပရိသတ်တစ်ယောက်က စပါးနည်းပြဟောင်း ပိုချက်တီနိုရဲ့ပုံကို တင်ပြီး “အခုချိန်မှာ သူ့ကိုလိုနေပြီမလား” လို့ ပို့စ်တင်ခဲ့ပါတယ်။ စပါးပွဲပြီးကတည်းက ယူနိုက်တက်တာဝန်ရှိသူတွေဟာ ပိုချက်တီနိုကို ချိတ်ဆက်ခဲ့တာဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တာပါ။

အခုအခါမှာ ပိုချက်တီနို တစ်ယောက် သူကျင်လည်ခဲ့ရာ လိဂ်ကို တစ်ကျော့ပြန်ပြီး ခြေချလာပါပြီ။ ဒီတစ်ကြိမ်မှာတော့ နည်းပြတစ်ယောက်အနေနဲ့မဟုတ်ပဲ နည်းစနစ်ပိုင်းကိုအဓိက သုံးသပ်သူ အနေနဲ့ ပြန်ရောက်လာတာဖြစ်ပြီး Sky Sports ရဲ့ Monday Night Football အစီအစဉ်ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။အဆိုပါအစီအစဉ်ကို ကာရေဂါ က ဦးဆောင် ပြုလုပ်နေတာဖြစ်ပြီး ပိုချက်တီနိုက အမြဲတန်းဝန်ထမ်း အနေနဲ့ ပါဝင်လာမှာလည်းဖြစ်ပါတယ်။

ပိုချက်တီနိုတစ်ယောက် စပါးကနေအထုတ်ခံရပြီး ကိုယ်တွယ်စရာ အသင်းမရှိသေးချိန်အခုလို ဘောလုံးအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးသုံးသပ်တဲ့ အလုပ်ကိုလုပ်တာဟာ နည်းပြလောကထဲပြန်ဝင်ဖို့အတွက် စူးစမ်းလေ့လာရင်း အားမွေးနေတာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပိုချက်တီနိုနဲ့ပတ်သက်ပြီး စပါးအသင်းမှာ လက်တွဲခဲ့ဖူးပြီး လက်ရှိ ဘင်ဖီကာမှကစားနေတဲ့ ဘယ်လ်ဂျီယံသားဗာတွန်ဂန်ကအခုလိုမှတ်ချက်ပြုထားပါတယ်။ ကျွန်တော့် အမြင်ပြောရရင် ပရီမီးယားလိဂ်ကပဲ သူ့အတွက်အဆင်ပြေပါလိမ့်မယ်။ ကြံခိုင်မှု့ကိုဦးစားပေးပြီးကစားတဲ့ ဒီလိဂ်ရဲ့အကြောင်းကို ကောင်းကောင်းသိတဲ့ သူပါ။

ပရီးမီးယားလိဂ် ကသာ သူ့အတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ နောက်…ပြီးတော့ သူကအသင်းကြီးတစ်သင်းရဲ့ နည်းပြတာဝန်ကို အမြဲလိုချင်နေတဲ့သူပါ။”

“လောလောဆယ်မှာ အသင်းကြီးတစ်သင်းကို သူလေ့လာနေတယ်လို့ထင်ပါတယ်။ သူနဲ့ကိုက်ညီမယ့် အသင်းတွေကဒီလိဂ်မှာ နှစ်သင်း၊သုံးသင်းလောက်တော့ရှိပါတယ်။
အသင်းနာမည်တွေကိုတော့ ကျွန်တော် ထုတ်မပြောချင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် လက်ရှိနည်းပြတွေအပေါ်လေးစားမှုထားရပါမယ်။

သေချာတာတစ်ခုက သူ့ကိုကမ်းလှမ်းမယ့် အသင်းကို သူ့ဘက်ကနေ သက်သေပြချင် နေပါလိမ့်မယ်။ စပါးမှာသူဘယ်လိုတွေလုပ်ခဲ့လဲဆိုတာတွေနဲ့ပေါ့။ နောက်ထပ်ပြောချင်တာက ကျွန်တော်သာသူ့နေရာမှာဆိုရင်တော့ ဒီလို အလုပ်နဲ့ဝေးပြီး စိတ်ရှည်ရှည်နဲ့နေနိုင်မှာမဟုတ်ဘူး။

ဘာကြောင့်လဲဆိုရင် သူက အလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး သူကိုင်တွယ်တဲ့အသင်းအပေါ်ကို အရမ်ချစ်တဲ့သူပါ၊ အဲဒီအလုပ်မှာပဲ အရာအားလုံးကို မြှုပ်နှံထားတဲ့သူလိုဖြစ်နေခဲ့လို့ပါ။” ဆိုပြီး ဗာတွန်ဂန်ကပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ကို အဆင့် ၁၅ မှာထားထားတဲ့ နည်းပြဆိုးလ်ရှားအတွက်ကတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ အဲဗာတန်နဲ့ကစားမယ့် ပရီမီးယားလိဂ်အဝေးကွင်း ပွဲဟာ သူနဲ့ ယူနိုက်တက် ဝေးကွာစေမယ့်ပွဲမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရင်း သူ့ရဲ့ ရုံးခန်းတံခါးကိုတော့ ပိုချက်တီနိုတစ်ယောက်လာခေါက်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ ႐ုံးခန္း တံခါးကို လာေခါက္ေနတဲ့ ပိုခ်က္တီႏို

ဆိုးလ္ရွားအတြက္ ယူႏိုက္တက္နည္းျပေနရာဟာ အေျခမၿမဲေသးပါဘူး။ ခ်န္ပီယံလိဂ္ပြဲေတြမွာ ေျခစြမ္းေကာင္းျပႏိုင္ေပမယ့္ ပရီးမီးယားလိဂ္မွာ လြဲေခ်ာ္ေနတာေတြအတြက္ ပရိသတ္အမ်ားစုကေတာ့ ေဒါသထြက္ေနၾကပါတယ္။ အိမ္ကြင္းမွာ စပါးအသင္းကို ပက္ပက္စက္စက္ရႉံးကတည္းက အသင္းက ဆိုးလ္ရွားထြက္သြားဆိုၿပီး ေအာ္ေနတာေတြဟာ ၾကားကာလမွာ နည္းနည္းၿငိမ္သြားခဲ့ေပမယ့္ အာဆင္နယ္ကို အိမ္ကြင္းမွာ ထပ္ရႈံးတဲ့အခ်ိန္မွာေတာ့ ဆိုးလ္ရွားကိုႏွင္ထုတ္တဲ့ ဇာတ္လမ္းက တဖန္ျပန္လည္စတင္လာပါေတာ့တယ္။

ပရိသတ္အေတာ္မ်ားမ်ားကမ​ေန႔တုန္းကဆိုရွယ္မီဒီယာ​ေပၚကေနတစ္ဆင့္ ေနာ္ေဝသားႀကီးကို“Ole Out” ဆိုတဲ့ စကားလုံး​ေတြနဲ႔ ထိုးႏွက္ထားၾကပါတယ္။ ပရိသတ္တစ္ေယာက္က စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ပုံကို တင္ၿပီး “အခုခ်ိန္မွာ သူ႔ကိုလိုေနၿပီမလား” လို႔ ပို႔စ္တင္ခဲ့ပါတယ္။ စပါးပြဲၿပီးကတည္းက ယူႏိုက္တက္တာ၀န္ရွိသူ​ေတြဟာ ပိုခ်က္တီႏိုကို ခ်ိတ္ဆက္ခဲ့တာဆိုတဲ့ သတင္း​ေတြလည္း က်ယ္က်ယ္​ေလာင္​ေလာင္ထြက္​ေပၚခဲ့တာပါ။

အခုအခါမွာ ပိုခ်က္တီႏို တစ္ေယာက္ သူက်င္လည္ခဲ့ရာ လိဂ္ကို တစ္ေက်ာ့ျပန္ၿပီး ေျခခ်လာပါၿပီ။ ဒီတစ္ႀကိမ္မွာေတာ့ နည္းျပတစ္ေယာက္အေနနဲ႔မဟုတ္ပဲ နည္းစနစ္ပိုင္းကိုအဓိက သုံးသပ္သူ အေနနဲ႔ ျပန္ေရာက္လာတာျဖစ္ၿပီး Sky Sports ရဲ႕ Monday Night Football အစီအစဥ္ကိုျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။အဆိုပါအစီအစဥ္ကို ကာေရဂါ က ဦးေဆာင္ ျပဳလုပ္ေနတာျဖစ္ၿပီး ပိုခ်က္တီႏိုက အၿမဲတန္းဝန္ထမ္း အေနနဲ႔ ပါဝင္လာမွာလည္းျဖစ္ပါတယ္။

ပိုခ်က္တီႏိုတစ္​ေယာက္ စပါးက​ေနအထုတ္ခံရၿပီး ကိုယ္တြယ္စရာ အသင္းမရွိ​​ေသးခ်ိန္အခုလို ​ေဘာလုံးအ​ေရးနဲ႔ပတ္သက္ၿပီး ​ေဆြး​ေႏြးသုံးသပ္တဲ့ အလုပ္ကိုလုပ္တာဟာ နည္းျပ​ေလာကထဲျပန္၀င္ဖို႔အတြက္ စူးစမ္း​​ေလ့လာရင္း အား​ေမြး​ေနတာျဖစ္ႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ပိုခ်က္တီႏိုနဲ႔ပတ္သက္ၿပီး စပါးအသင္းမွာ လက္တြဲခဲ့ဖူးၿပီး လက္ရွိ ဘင္ဖီကာမွကစားေနတဲ့ ဘယ္လ္ဂ်ီယံသားဗာတြန္ဂန္ကအခုလိုမွတ္ခ်က္ျပဳထားပါတယ္။ ကၽြန္ေတာ့္ အျမင္ေျပာရရင္ ပရီမီးယားလိဂ္ကပဲ သူ႔အတြက္အဆင္ေျပပါလိမ့္မယ္။ ႀကံခိုင္မႈ႔ကိုဦးစားေပးၿပီးကစားတဲ့ ဒီလိဂ္ရဲ႕အေျကာင္းကို ေကာင္းေကာင္းသိတဲ့ သူပါ။ ပရီးမီးယားလိဂ္ ကသာ သူ႔အတြက္အေကာင္းဆုံးျဖစ္မယ္လို႔ထင္ပါတယ္။ ေနာက္…ၿပီးေတာ့ သူကအသင္းႀကီးတစ္သင္းရဲ႕ နည္းျပတာ၀န္ကို အၿမဲလိုခ်င္​ေနတဲ့သူပါ။”

“​ေလာ​ေလာဆယ္မွာ အသင္းႀကီးတစ္သင္းကို သူ​ေလ့လာ​ေနတယ္လို႔ထင္ပါတယ္။ သူနဲ႔ကိုက္ညီမယ့္ အသင္းေတြကဒီလိဂ္မွာ ႏွစ္သင္း၊သုံးသင္း​ေလာက္​ေတာ့ရွိပါတယ္။ အသင္းနာမည္​ေတြကိုေတာ့ ကြၽန္​ေတာ္ ထုတ္မ​ေျပာခ်င္ပါဘူး။ ဘာေၾကာင့္လည္းဆိုရင္ လက္ရွိနည္းျပေတြအေပၚေလးစားမႈထားရပါမယ္။ ေသခ်ာတာတစ္ခုက သူ႔ကိုကမ္းလွမ္းမယ့္ အသင္းကို သူ႔ဘက္က​ေန သက္​ေသျပခ်င္ ေနပါလိမ့္မယ္။ စပါးမွာသူဘယ္လိုေတြလုပ္ခဲ့လဲဆိုတာ​ေတြနဲ႔​ေပါ့။ ေနာက္ထပ္ေျပာခ်င္တာက ကြၽန္​ေတာ္သာသူ႔ေနရာမွာဆိုရင္ေတာ့ ဒီလို အလုပ္နဲ႕ေဝးၿပီး စိတ္ရွည္ရွည္နဲ႕ေနႏိုင္မွာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုရင္ သူက အလုပ္ကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး သူကိုင္တြယ္တဲ့အသင္းအေပၚကို အရမ္ခ်စ္တဲ့သူပါ၊ အဲဒီအလုပ္မွာပဲ အရာအားလုံးကို ျမႇဳပ္ႏွံထားတဲ့သူလိုျဖစ္​ေနခဲ့လို႔ပါ။” ဆိုၿပီး ဗာတြန္ဂန္က​ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ကို အဆင့္ ၁၅ မွာထားထားတဲ့ နည္းျပဆိုးလ္ရွားအတြက္ကေတာ့ ႏိုဝင္ဘာ ၇ ရက္ေန႔မွာ အဲဗာတန္နဲ႔ကစားမယ့္ ပရီမီးယားလိဂ္အေဝးကြင္း ပြဲဟာ သူနဲ႕ ယူႏိုက္တက္ ေဝးကြာေစမယ့္ပြဲမျဖစ္ပါေစနဲ႔လို႕ ဆုေတာင္းေပးရင္း သူ႕ရဲ႕ ႐ုံးခန္းတံခါးကိုေတာ့ ပိုခ်က္တီႏိုတစ္ေယာက္လာေခါက္ေနပါၿပီ။