ဆိုးလ်ရှားရဲ့ အရည်အချင်းက ဒါအကုန်ပဲ..

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအီယန်ရိုက်က မန်ချက်စတာယူနိုက်တက်

အသင်းနည်းပြဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်က ဒါအကုန်ပဲဖြစ်ပြီး သူဟာ
အသင်းကို နောက်တစ်ဆင့်ရောက်အောင် ပို့ဆောင်ပေးနိုင်မယ့်နည်းပြမျိုး
မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး

ပရီးမီးယားလိဂ်မှာအဆင့်(၂)နေရာရပ်တည်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့

စိတ်ပျက်စရာရလဒ်တွေနဲ့ရင်ဆိုင်နေရသလို နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်

အိမ်ကွင်းနှစ်ပွဲမှာလည်းလီဗာပူးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဖာဒီနန်က ဆိုးလ်ရှားအနေနဲ့ နည်းပြရာထူးက

နုတ်ထွက်သင့်တယ်လို့မကြာသေးခင်က တိုက်တွန်းခဲ့သလို အခု အီယန်ရိုက်ကလည်း

ဖာဒီနန်ရဲ့မှတ်ချက်အပေါ် အားပေးထောက်ခံခဲ့တာပါ။

အီယန်ရိုက်က“ဘောလုံးပွဲသုံးသပ်သူတိုင်းက ယူနိုက်တက်အသင်းရဲ့ဦးတည်ချက်မရှိ၊
ဖွဲ့စည်းမှုမရှိ၊ နာမည်ကျော်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိတဲ့

အနေအထားကို မြင်တွေ့နေပြီဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့အရည်အချင်းက

ဒါအကုန်ပဲဖြစ်ပြီး တကယ်လို့ ယူနိုက်တက်အသင်းဟာ နည်းပြကောင်းတစ်ဦးရဲ့
ဦးဆောင်မှုအောက်မှာရှိနေရင် အခုလောက်ဆို ပြိုင်ဘက်တိုင်းကို
အနိုင်ကစားနိုင်စွမ်းရှိနေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

Zawgyi

ဆိုးလ္ရွားရဲ႕ အရည္အခ်င္းက ဒါအကုန္ပဲ..
အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးအီယန္႐ိုက္က မန္ခ်က္စတာယူႏိုက္တက္

အသင္းနည္းျပဆိုးလ္ရွားရဲ႕ စြမ္းေဆာင္ရည္က ဒါအကုန္ပဲျဖစ္ၿပီး သူဟာ
အသင္းကို ေနာက္တစ္ဆင့္ေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္မယ့္နည္းျပမ်ိဳး
မဟုတ္ဘူးလို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ
အဆင့္(၂)ေနရာရပ္တည္ႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ စိတ္ပ်က္စရာရလဒ္ေတြနဲ႔

ရင္ဆိုင္ေနရသလို ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္အိမ္ကြင္းႏွစ္ပြဲမွာလည္း
လီဗာပူးလ္၊ မန္စီးတီးတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။ ယူႏိုက္တက္ဂႏၴဝင္
ေနာက္ခံလူဖာဒီနန္က ဆိုးလ္ရွားအေနနဲ႔ နည္းျပရာထူးကႏုတ္ထြက္သင့္တယ္လို႔
မၾကာေသးခင္က တိုက္တြန္းခဲ့သလို အခု အီယန္႐ိုက္ကလည္း ဖာဒီနန္ရဲ႕
မွတ္ခ်က္အေပၚ အားေပးေထာက္ခံခဲ့တာပါ။ အီယန္႐ိုက္က

“ေဘာလုံးပြဲသုံးသပ္သူတိုင္းက ယူႏိုက္တက္အသင္းရဲ႕ဦးတည္ခ်က္မရွိ၊
ဖြဲ႕စည္းမႈမရွိ၊ နာမည္ေက်ာ္ေတြကို ဘယ္လိုအသုံးျပဳရမလဲဆိုတာ မသိတဲ့
အေနအထားကို ျမင္ေတြ႕ေနၿပီျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕အရည္အခ်င္းက
ဒါအကုန္ပဲျဖစ္ၿပီး တကယ္လို႔ ယူႏိုက္တက္အသင္းဟာ နည္းျပေကာင္းတစ္ဦးရဲ႕
ဦးေဆာင္မႈေအာက္မွာရွိေနရင္ အခုေလာက္ဆို ၿပိဳင္ဘက္တိုင္းကို

အႏိုင္ကစားႏိုင္စြမ္းရွိေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။