
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဒါလေဘလင်းရဲ့ဖခင်ဖြစ်သူ
နယ်သာလန်ဂန္ထဝင်ကစားသမားဒန်နီဘလင်းက မန်ချက်စတာယူနိုက်တက်
အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေရတာက စီရော်နယ်လ်ဒိုကြောင့်
ဖြစ်တယ်လို့ ဝေဖန်သုံးသပ်လိုက်ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ
အသင်းဟောင်းကိုပြန်လည်ရောက်ရှိလာချိန်ကစလို့ ပုံစံကောင်းပြသနေပြီး
ပြိုင်ပွဲစုံ(၆)ပွဲကစား(၅)ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း
ဒန်နီဘလင်းကတော့ စီရော်နယ်လ်ဒိုကြောင့်
ယူနိုက်တက်အသင်းဟာ ဟန်ချက်မညီဖြစ်နေပြီး ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှု
အပိုင်းမှာ စီရော်နယ်လ်ဒို အားနည်းချက်တွေရှိနေတဲ့အတွက် ဆိုးလ်ရှားအနေနဲ့
ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်နေပြီလို့တိုက်တွန်းခဲ့ပါတယ်။
ဒန်နီဘလင်းက “စီရော်နယ်လ်ဒိုရဲ့ ပွဲအပေါ်ခံယူချက်နဲ့ပြင်ဆင်မှုကို နည်းပြ
တစ်ယောက်က ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိပါဘူး။ အဲဒါကြောင့်ပဲ ဆိုးလ်ရှားဟာ
စီရော်နယ်လ်ဒိုခြေစွမ်းပြနိုင်ဖို့အတွက် သူနဲ့ကိုက်ညီမယ့်ကစားကွက်ကို ခင်းကျင်း
ရတော့တာပါပဲ။ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းဆီ တစ်ကျော့ပြန်
ရောက်လာချိန်မှာ အရေးပါတဲ့ဂိုးတချို့သွင်းယူခဲ့ပေမယ့် တိုက်စစ်မှာ
စီရော်နယ်လ်ဒိုကို ပွဲထွက်အသုံးပြုခဲ့ရင် အသင်းဖော်တွေနဲ့အတွဲအဖက်မမိတာကြောင့်
ယူနိုက်တက်တိုက်စစ်က ဟန်ချက်မညီဘဲဖြစ်လေ့ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။
zawgyi
ဆိုးလ္ရွားဟာ စီေရာ္နယ္လ္ဒိုေျခစြမ္းျပႏိုင္ဖို႔အတြက္ သူနဲ႔ကိုက္ညီမယ့္ကစားကြက္ကို ခင္းက်င္း ရေတာ့တာပါပဲ – ဒန္နီဘလင္း
မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဒါေလဘလင္းရဲ႕ဖခင္ျဖစ္သူ
နယ္သာလန္ဂႏၴဝင္ကစားသမားဒန္နီဘလင္းက မန္ခ်က္စတာယူႏိုက္တက္
အသင္းဟာ ဒီရာသီမွာ ေျခစြမ္းပိုင္းမတည္မၿငိမ္ျဖစ္ေနရတာက စီေရာ္နယ္လ္ဒိုေၾကာင့္
ျဖစ္တယ္လို႔ ေဝဖန္သုံးသပ္လိုက္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္းကို
ျပန္လည္ေရာက္ရွိလာခ်ိန္ကစလို႔ ပုံစံေကာင္းျပသေနၿပီး ၿပိဳင္ပြဲစုံ(၆)ပြဲကစား(၅)ဂိုးအထိ
သြင္းယူထားတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒန္နီဘလင္းကေတာ့ စီေရာ္နယ္လ္ဒိုေၾကာင့္
ယူႏိုက္တက္အသင္းဟာ ဟန္ခ်က္မညီျဖစ္ေနၿပီး ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္မႈ
အပိုင္းမွာ စီေရာ္နယ္လ္ဒို အားနည္းခ်က္ေတြရွိေနတဲ့အတြက္ ဆိုးလ္ရွားအေနနဲ႔
ဒီျပႆနာကို အျမန္ဆုံးေျဖရွင္းသင့္ေနၿပီလို႔တိုက္တြန္းခဲ့ပါတယ္။
ဒန္နီဘလင္းက “စီေရာ္နယ္လ္ဒိုရဲ႕ ပြဲအေပၚခံယူခ်က္နဲ႔ျပင္ဆင္မႈကို နည္းျပ
တစ္ေယာက္က ဝင္ေရာက္စြက္ဖက္ႏိုင္စြမ္းမရွိပါဘူး။ အဲဒါေၾကာင့္ပဲ ဆိုးလ္ရွားဟာ
စီေရာ္နယ္လ္ဒိုေျခစြမ္းျပႏိုင္ဖို႔အတြက္ သူနဲ႔ကိုက္ညီမယ့္ကစားကြက္ကို ခင္းက်င္း
ရေတာ့တာပါပဲ။ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းဆီ တစ္ေက်ာ့ျပန္
ေရာက္လာခ်ိန္မွာ အေရးပါတဲ့ဂိုးတခ်ိဳ႕သြင္းယူခဲ့ေပမယ့္ တိုက္စစ္မွာ
စီေရာ္နယ္လ္ဒိုကို ပြဲထြက္အသုံးျပဳခဲ့ရင္ အသင္းေဖာ္ေတြနဲ႔အတြဲအဖက္မမိတာေၾကာင့္
ယူႏိုက္တက္တိုက္စစ္က ဟန္ခ်က္မညီဘဲျဖစ္ေလ့ရွိပါတယ္”လို႔ ဆိုခဲ့ပါတယ္။