ဆိုးလ်ရှားဟာ မန်ယူနဲ့ ဆက်နွယ်နေရဦးမှာပါ

မန်ယူနည်းပြအဖြစ်ကနေထုတ်ပယ်ခံလိုက်ရပေမယ့် ဆိုးလ်ရှားကတော့

ဗြိတိန်ကနေ မောင်ကြီးမခွာနိုင်ဆိုသလို သူ့ရဲ့ သရဲနီသမီးလေးကြောင့်

မန်ချက်စတာမှာပဲ ဆက်လက် သောင်တင်ဖို့ ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့၁၈ နှစ်အရွယ်သမီးလေးဖြစ်တဲ့ ကာနာဆိုးလ်ရှားဟာ

မန်ယူအငယ်တန်းအမျိုးသမီးအသင်းမှာ ကစားနေတာကြောင့်လည်း

ဆိုးလ်ရှားဟာ မန်ချက်စတာမှာပဲ ဆက်လက်နေထိုင်နေရတာပါ။

မန်ယူရွှေရောင်လွမ်းခဲ့စဉ္က ဖလားယူအောင်ပွဲခဲပွဲျတွေမှာ

ဖခင်ဖြစ်တဲ့ဆိုးလ်ရှားရဲ့ လက်ကိုဆွဲကိုင်ပြီး အိုးလ်ထရက်ဖို့ဒ်မြက်ခင်းစိမ်းတွေကို

ခြေချခဲ့ဖူးတဲ့ ကာနာဟာ အခုအခါ သူကိုယ်တိုင် သရဲနီတပ်ဖွဲ့ဝင်ဖြစ်နေတာပါ။

တစ်ခါနီရင် အမြဲနီတယ်ဆိုတဲ့အတိုင်း ဖခင်ရဲ့ခြေရာကိုနင်းပြီး

မန်ယူမှာ ဘောလုံးကစားနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဆိုးလ်ရှားဟာ ချက်စ်ရှိုင်းယားမှာရှိတဲ့

သူ့ရဲ့နေအိမ်အနီးက ဆူရှီဆိုင်တစ်ဆိုင်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဆိုင်အတွင်းက ပရိသတ်တွေကလည်း သူ့ကိုမြင်လိုက်တာနဲ့

ဝမ်းသာပြီး နှုတ်ဆက်ကြသလို လွန်ခဲ့တဲ့ ၃ နှစ်အတွင်း

မန်ယူအတွက် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအပေါ်

ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ကြပါတယ်။

ဆိုးလ်ရှားကလည်း သူ့ရဲ့အားထုတ်ခဲ့မှုတွေကို ကျေးဇူးတင်ကြောင်း

ပြောခဲ့ကြတဲ့ ပရိသတ်တွေကို “ကျွန်တော် အကောင်းဆုံး

ကြိးစားခဲ့ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲ့ဒိနောက် မှာကြားထားတဲ့ အစားအသောက်တွေကို

ယူဆောင်ပြီးနောက်မှာတော့ ဆိုးလ်ရှားက မန်ယူအသင်းပရိတ်သတ်တွေရှိရာသို့

လက်ဝှေ့ယမ်းပြီး ” အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြောကြားပြီး ပြန်ထွက်သွားခဲ့တာပါ။

မန်ယူနည်းပြအဖြစ်က အထုတ်ခံလိုက်ရပေမယ့် ဆိုးလ်ရှားကို

ယူနိုက်တက်က ဂန္ဓဝင်အဖြစ်သတ်မှတ်ထားဆဲဖြစ်သလို

မန်ယူပရိသတ်တွေရဲ့ ချစ်ခင်မှုကလည်း မလျော့ကျသွားသေးပါဘူး။

သမီးလေးဖြစ်တဲ့ ကာနာက မန်ယူမှာ ကစားနေလို့ အချိန်အတိုင်းအတာ

တစ်ခုထိလည်း ဆိုးလ်ရှားဟာ မန်ယူနဲ့ ဆက်နွယ်နေရဦးမှာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ဇနီးသည် ဆီလ်ဂျီနဲ့ သား ၂ ဦးဖြစ်တဲ့ အီလီယာ့ရှ်နဲ့ နော်ဧတို့ကတော့

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေချိန်ဖြစ်ပေမယ့် နော်ဝေအစိုးရက

ဖြေလျော့မှုတွေ လုပ်ပေးခဲ့တာကြောင့် နော်ဝေကို ပြောင်းရွေ့သွားခဲ့ကြပါပြီ။

ဆိုးလ်ရှားနဲ့ သမီးလေးဖြစ်တဲ့ ကာနာတို့ကတော့ ခရစ္စမတ်ကာလရောက်မှသာ

နော်ဝေကို လိုက်သွားကြမှာ ဖြစ်ပါတယ်။

zawgyi

ဆိုးလ္ရွားဟာ မန္ယူနဲ႔ ဆက္ႏြယ္ေနရဦးမွာပါ

မန္ယူနည္းျပအျဖစ္ကေနထုတ္ပယ္ခံလိုက္ရေပမယ့္ ဆိုးလ္ရွားကေတာ့

ၿဗိတိန္ကေန ေမာင္ႀကီးမခြာႏိုင္ဆိုသလို သူ႔ရဲ႕ သရဲနီသမီးေလးေၾကာင့္

မန္ခ်က္စတာမွာပဲ ဆက္လက္ ေသာင္တင္ဖို႔ ရွိေနပါတယ္။

ဆိုးလ္ရွားရဲ႕၁၈ ႏွစ္အ႐ြယ္သမီးေလးျဖစ္တဲ့ ကာနာဆိုးလ္ရွားဟာ

မန္ယူအငယ္တန္းအမ်ိဳးသမီးအသင္းမွာ ကစားေနတာေၾကာင့္လည္း

ဆိုးလ္ရွားဟာ မန္ခ်က္စတာမွာပဲ ဆက္လက္ေနထိုင္ေနရတာပါ။

မန္ယူေ႐ႊေရာင္လြမ္းခဲ့စၪၠ ဖလားယူေအာင္ပြဲခဲပြဲ်ေတြမွာ

ဖခင္ျဖစ္တဲ့ဆိုးလ္ရွားရဲ႕ လက္ကိုဆြဲကိုင္ၿပီး အိုးလ္ထရက္ဖို႔ဒ္ျမက္ခင္းစိမ္းေတြကို

ေျခခ်ခဲ့ဖူးတဲ့ ကာနာဟာ အခုအခါ သူကိုယ္တိုင္ သရဲနီတပ္ဖြဲ႕ဝင္ျဖစ္ေနတာပါ။

တစ္ခါနီရင္ အၿမဲနီတယ္ဆိုတဲ့အတိုင္း ဖခင္ရဲ႕ေျခရာကိုနင္းၿပီး

မန္ယူမွာ ေဘာလုံးကစားေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကေတာ့ ဆိုးလ္ရွားဟာ ခ်က္စ္ရႈိင္းယားမွာရွိတဲ့

သူ႔ရဲ႕ေနအိမ္အနီးက ဆူရွီဆိုင္တစ္ဆိုင္ကို ေရာက္ရွိသြားခဲ့ပါတယ္။

ဆိုင္အတြင္းက ပရိသတ္ေတြကလည္း သူ႔ကိုျမင္လိုက္တာနဲ႔

ဝမ္းသာၿပီး ႏႈတ္ဆက္ၾကသလို လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္း

မန္ယူအတြက္ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈေတြအေပၚ

ေက်းဇူးတင္စကားေတြ ေျပာၾကားခဲ့ၾကပါတယ္။

ဆိုးလ္ရွားကလည္း သူ႔ရဲ႕အားထုတ္ခဲ့မႈေတြကို ေက်းဇူးတင္ေၾကာင္း

ေျပာခဲ့ၾကတဲ့ ပရိသတ္ေတြကို “ကြၽန္ေတာ္ အေကာင္းဆုံး

ႀကိးစားခဲ့ပါတယ္” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဲ့ဒိေနာက္ မွာၾကားထားတဲ့ အစားအေသာက္ေတြကို

ယူေဆာင္ၿပီးေနာက္မွာေတာ့ ဆိုးလ္ရွားက မန္ယူအသင္းပရိတ္သတ္ေတြရွိရာသို႔

လက္ေဝွ႔ယမ္းၿပီး ” အားလုံးကို ေက်းဇူးတင္ပါတယ္” လို႔ေျပာၾကားၿပီး ျပန္ထြက္သြားခဲ့တာပါ။

မန္ယူနည္းျပအျဖစ္က အထုတ္ခံလိုက္ရေပမယ့္ ဆိုးလ္ရွားကို

ယူႏိုက္တက္က ဂႏၶဝင္အျဖစ္သတ္မွတ္ထားဆဲျဖစ္သလို

မန္ယူပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကလည္း မေလ်ာ့က်သြားေသးပါဘူး။

သမီးေလးျဖစ္တဲ့ ကာနာက မန္ယူမွာ ကစားေနလို႔ အခ်ိန္အတိုင္းအတာ

တစ္ခုထိလည္း ဆိုးလ္ရွားဟာ မန္ယူနဲ႔ ဆက္ႏြယ္ေနရဦးမွာျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ ဇနီးသည္ ဆီလ္ဂ်ီနဲ႔ သား ၂ ဦးျဖစ္တဲ့ အီလီယာ့ရွ္နဲ႔ ေနာ္ဧတို႔ကေတာ့

ကိုဗစ္ျဖစ္ပြားမႈျမင့္တက္ေနခ်ိန္ျဖစ္ေပမယ့္ ေနာ္ေဝအစိုးရက

ေျဖေလ်ာ့မႈေတြ လုပ္ေပးခဲ့တာေၾကာင့္ ေနာ္ေဝကို ေျပာင္းေ႐ြ႕သြားခဲ့ၾကပါၿပီ။

ဆိုးလ္ရွားနဲ႔ သမီးေလးျဖစ္တဲ့ ကာနာတို႔ကေတာ့ ခရစၥမတ္ကာလေရာက္မွသာ

ေနာ္ေဝကို လိုက္သြားၾကမွာ ျဖစ္ပါတယ္။