ဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ ကံကြမ္မာကိုအပြောင်းအလဲဖြစ်လာအောင်လုပ်ဆောင်နိုင်သေးတယ်လို့ယုံကြည်နေဆဲဖြစ်ပြီး အိုးထရက်ဖို့ဒ်မှထွက်ခွာသွားမှာမဟုတ်

နည်းဗျူဟာများအပေါ် စီနီယာကစားသမားများ အယုံအကြည်မရှိတော့ပေမယ့်

မန်ယူနည်းပြရာထူးမှနုတ်ထွက်ရန် ဆိုးလ်ရှားငြင်းပယ်

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ချက်စတာယူနိုက်တက်ရဲ့ကံကြမ္မာကို

အပြောင်းအလဲဖြစ်လာအောင်လုပ်ဆောင်နိုင်သေးတယ်လို့

ယုံကြည်နေဆဲဖြစ်ပြီးအိုးထရက်ဖို့ဒ်မှထွက်ခွာသွားမှာမဟုတ်ပါဘူး။

မန်ယူနည်းပြဆိုးလ်ရှားဟာနိုင်ငံတကာပွဲကြောင့်လိဂ်နားစဉ်အတွင်း

မွေးရပ်မြေနော်ဝေသို့တစ်ပတ်ကြာသွားရောက်အနားယူခဲ့ပြီး

ယခုအပတ်မှစတင်ကာ အသင်းကိုပြန်လည်လေ့ကျင့်ပေးနေပါတယ်။

သူဟာနောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးထားမှုကြောင့်ကျဆင်းနေတဲ့

မန်ယူကစားသမားများရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ဖို့ကြိုးစားနေပါတယ်။

ယခုအခါဆိုးလ်ရှားအနာဂတ်အတွက်အဆုံးအဖြတ်ကာလသို့

ရောက်လာပြီဖြစ်ပြီးစနေနေ့တွင်ဝက်ဖို့ဒ်၊ကြားရက်တွင်

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်ဗီလာရီးရဲလ်နှင့်ရင်ဆိုင်ရပါမယ်။

ဆိုးလ်ရှားဟာချန်ပီယံလိဂ်အုပ်စုအဆင့်မှ၂နှစ်ဆက်တိုက်ထွက်လာရလျှင်

ဘုတ်အဖွဲ့ကလည်းထုတ်ပယ်ရန်လက်နှေးနေတော့မှာမဟုတ်ပါဘူး။

မန်ယူဘုတ်အဖွဲ့ဟာလီဗာပူးကို၅-ဝ၊မန်စီးတီးကို၂-ဝတို့ဖြင့်ရှုံးနိမ့်ထားပေမယ့်

ဆိုးလ်ရှားကိုဆက်လက်ယုံကြည်ပေးထားပါတယ်။

တစ်ဖက်တွင်ဆိုးလ်ရှားကိုယ်တိုင်ကလည်းရာထူးမှနုတ်ထွက်ရန်

အစီအစဉ်မရှိဘဲဂုဏ်သိက္ခာအတွက်အဆုံးအစွန်အထိတိုက်ပွဲဝင်ရန်ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင်လီဗာပူးနှင့်မန်စီးတီးတို့ကိုရှုံးနိမ့်ပြီးနောက်မန်ယူရဲ့

စီနီယာကစားသမားများဟာဆိုးလ်ရှားနည်းဗျူဟာပိုင်းအပေါ်

အယုံအကြည်မရှိတော့သလိုကစားသမားရွေးချယ်မှုအပိုင်းကိုလည်း

အံ့ဩနေကြပါတယ်။ခရစ္စတီယာနိုရော်နယ်ဒို၊ဘရူနိုဖာနန်ဒက်စ်တို့ကဲ့သို့

စီနီယာကစားသမားများကအသင်းမှာယခုထက်ခြေစွမ်းပိုင်းနှင့်နည်းဗျူဟာပိုင်း

ပိုမိုကောင်းသင့်တယ်လို့ယုံကြည်နေပါတယ်။

ဂျက်စီလင်ဂတ်၊ဗန်ဒီဘိခ်တို့ကဲ့သို့နေရာပျောက်နေတဲ့ကစားသမားများကလည်း

သူတို့မှာယခုထက်ပိုပြီးကစားခွင့်ရသင့်တယ်လို့ယုံကြည်နေပါတယ်။

၎င်းတို့နှစ်ဦးလုံးဟာနှစ်သစ်ကူးတွင်အသင်းပြောင်းရန်ကြိုးစားလာကြပါမယ်။

ဒါပေမယ့်ဆိုးလ်ရှားကတော့နည်းပြရာထူးမှအလွတ်တကူ

ထွက်ခွာပေးသွားမှာမဟုတ်ဘဲတိုက်ပွဲဝင်သွားပါမယ်။

zawgyi

ဆိုးလ္ရွားဟာ ယူႏိုက္တက္ရဲ႕ ကံၾကမၼာကိုအေျပာင္းအလဲျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္ေသးတယ္လို႔ယုံၾကည္ေနဆဲျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွထြက္ခြာသြားမွာမဟုတ္

နည္းဗ်ဴဟာမ်ားအေပၚ စီနီယာကစားသမားမ်ား အယုံအၾကည္မရွိေတာ့ေပမယ့္

မန္ယူနည္းျပရာထူးမွႏုတ္ထြက္ရန္ ဆိုးလ္ရွားျငင္းပယ္

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕ကံၾကမၼာကို

အေျပာင္းအလဲျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္ေသးတယ္လို႔

ယုံၾကည္ေနဆဲျဖစ္ၿပီးအိုးထရက္ဖို႔ဒ္မွထြက္ခြာသြားမွာမဟုတ္ပါဘူး။

မန္ယူနည္းျပဆိုးလ္ရွားဟာႏိုင္ငံတကာပြဲေၾကာင့္လိဂ္နားစဥ္အတြင္း

ေမြးရပ္ေျမေနာ္ေဝသို႔တစ္ပတ္ၾကာသြားေရာက္အနားယူခဲ့ၿပီး

ယခုအပတ္မွစတင္ကာ အသင္းကိုျပန္လည္ေလ့က်င့္ေပးေနပါတယ္။

သူဟာေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးထားမႈေၾကာင့္က်ဆင္းေနတဲ့

မန္ယူကစားသမားမ်ားရဲ႕စိတ္ဓာတ္ကိုျမႇင့္တင္ေပးႏိုင္ဖို႔ႀကိဳးစားေနပါတယ္။

ယခုအခါဆိုးလ္ရွားအနာဂတ္အတြက္အဆုံးအျဖတ္ကာလသို႔

ေရာက္လာၿပီျဖစ္ၿပီးစေနေန႔တြင္ဝက္ဖို႔ဒ္၊ၾကားရက္တြင္

ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ဗီလာရီးရဲလ္ႏွင့္ရင္ဆိုင္ရပါမယ္။

ဆိုးလ္ရွားဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွ၂ႏွစ္ဆက္တိုက္ထြက္လာရလွ်င္

ဘုတ္အဖြဲ႕ကလည္းထုတ္ပယ္ရန္လက္ေႏွးေနေတာ့မွာမဟုတ္ပါဘူး။

မန္ယူဘုတ္အဖြဲ႕ဟာလီဗာပူးကို၅-ဝ၊မန္စီးတီးကို၂-ဝတို႔ျဖင့္ရႈံးနိမ့္ထားေပမယ့္

ဆိုးလ္ရွားကိုဆက္လက္ယုံၾကည္ေပးထားပါတယ္။

တစ္ဖက္တြင္ဆိုးလ္ရွားကိုယ္တိုင္ကလည္းရာထူးမွႏုတ္ထြက္ရန္

အစီအစဥ္မရွိဘဲဂုဏ္သိကၡာအတြက္အဆုံးအစြန္အထိတိုက္ပြဲဝင္ရန္ဆုံးျဖတ္ထားပါတယ္။

ဒါ့အျပင္လီဗာပူးႏွင့္မန္စီးတီးတို႔ကိုရႈံးနိမ့္ၿပီးေနာက္မန္ယူရဲ႕

စီနီယာကစားသမားမ်ားဟာဆိုးလ္ရွားနည္းဗ်ဴဟာပိုင္းအေပၚ

အယုံအၾကည္မရွိေတာ့သလိုကစားသမားေ႐ြးခ်ယ္မႈအပိုင္းကိုလည္း

အံ့ဩေနၾကပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒို၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကဲ့သို႔

စီနီယာကစားသမားမ်ားကအသင္းမွာယခုထက္ေျခစြမ္းပိုင္းႏွင့္နည္းဗ်ဴဟာပိုင္း

ပိုမိုေကာင္းသင့္တယ္လို႔ယုံၾကည္ေနပါတယ္။

ဂ်က္စီလင္ဂတ္၊ဗန္ဒီဘိခ္တို႔ကဲ့သို႔ေနရာေပ်ာက္ေနတဲ့ကစားသမားမ်ားကလည္း

သူတို႔မွာယခုထက္ပိုၿပီးကစားခြင့္ရသင့္တယ္လို႔ယုံၾကည္ေနပါတယ္။

၎တို႔ႏွစ္ဦးလုံးဟာႏွစ္သစ္ကူးတြင္အသင္းေျပာင္းရန္ႀကိဳးစားလာၾကပါမယ္။

ဒါေပမယ့္ဆိုးလ္ရွားကေတာ့နည္းျပရာထူးမွအလြတ္တကူ

ထြက္ခြာေပးသြားမွာမဟုတ္ဘဲတိုက္ပြဲဝင္သြားပါမယ္။