ဆိုးလ်ရှားအတွက် နည်းပြအလုပ်တစ်ခု အသင့်ရှိနေပြီးသား

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးပါက

ခေတ္တမျှအနားယူပြီးလျှင်နော်ဝေနည်းပြရာထူးကိုရယူသွားဖို့ရှိနေကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ရုန်းကန်နေရမှုနဲ့အတူ

ဖိအားများနှင့်ကြုံနေရပါတယ်။အထူးသဖြင့်ဆိုးလ်ရှားဟာတနင်္ဂနွေနေ့တုန်းက

အိုးထရက်ဖို့ဒ်ကွင်းတွင်လီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုနဲ့အတူ

မန်ယူနည်းပြအနာဂတ်မရေမရာဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းဂျန်အေးဂျ်ဖော်တော့က ဆိုးလ်ရှားမှာ

မန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပါကသူ့အတွက်

နော်ဝေနည်းပြရာထူးကအသင့်စောင့်ဆိုင်းနေပြီးသားဖြစ်ကြောင်းဆိုသွားပါတယ်။

မစ်ဒယ်ဘရော့ကစားသမားဟောင်းက “ဆိုးလ်ရှားဟာအခြားမန်နေဂျာလိုဘဲ

တနေ့ကျရင်အထုတ်ခံရမှာပါ။သူခဏတဖြုတ်အနားယူပြီးရင်

ဆိုလ်ဘက်ကင်ရဲ့နော်ဝေနည်းပြရာထူးကိုဆက်ခံပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

zawgyi








ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းဂျန်အေးဂ်ျဖော်တော့က ဆိုးလ်ရှားမှာ




