ဆိုးလ်ရှားအတွက် နာဂယ်လ်စမန်းကအိပ်မက်ဆိုးလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးထရက်ဖို့ဒ်မှာကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်ကို အနိုင်ရရှိဖို့ ယုံကြည်ချက်ရှိနေတယ်လို့ လိုက်ဇစ်နည်းပြနာဂယ်စမန်းက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ လိုက်ဇစ်အသင်းဟာ အုပ်စုအဖွင့်ပွဲကိုလည်း အနိုင်ရရှိထားပြီး ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တ္တပါတ် တုန်းက ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် အုပ်စုရဲ့ အကောင်းဆုံး ပြိုင်ဖက်အသင်း ဖြစ်တဲ့ PSG အသင်း ကို ပြင်သစ်မြေမှာ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ်။

ယူနိုက်တက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့တွေ့ဆုံမှုဟာသမိုင်းတစ်လျှောက်မှာတော့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

နာဂယ်လ်စမန်းဟာ ဒဏ်ရာပြဿနာကြောင့် ဆယ်ကျော်သက်အရွယ်မှာပဲ ကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ နည်းပြလိုင်းဘက်ကို ကူးပြောင်းရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

အသက်၂၈ နှစ်အရွယ်မှာတင် ဘွန်ဒက်စ်လီဂါရဲ့ ထာဝရအသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်လာခဲ့သူပဲဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့သူဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင်းထွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ပတ်သက်ပြီး နာဂယ်လ်စမန်းက အခုလိုပြောဆိုထားပါတယ်။ ”ကျွန်တော်ဟာ အိုးလ်ထရပ်ဖို့ဒ်မှာ ကစားခဲ့ဖူးသူ တစ်ဦး မဟုတ်သလို အဲဒီကွင်း ကိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး။
အခုတော့အဲ ဒီကွင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့် ရမယ် ဆိုတာက ခမ်းနားတဲ့ အရာတစ်ခုပါပဲ ။ ကျွန်တော်ဟာ ယူနိုက်တက် ပွဲတွေကို ကြိမ်ဖန် များစွာ ကြည့်ရှု ခဲ့ဖူး ပါတယ်။
လွန်ခဲ့တဲ့ 10 နှစ်တုန်းက ကျွန်တော်ဟာ ယူနိုက်တက် အသင်း ရဲ့ ပွဲစဉ် အားလုံး နီးပါးကို စောင့်ကြည့် ဖြစ်ခဲ့ပါတယ်”

”ကျွန်တော်ဟာ အင်္ဂလန် ပွဲစဉ်တွေတင် မဟုတ်ပါဘူး။ စီးရီးအေ ၊ လာလီဂါ ပွဲစဉ်တွေလည်း စောင့်ကြည့် ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်ရဲ့ ဒီရာသီအစက သိပ်မကောင်းဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် PSGပွဲမှာ သူတို့ လမ်းကြောင်းမှန်ထဲ ရှိခဲ့ပါတယ်။ Final Third Zone ထဲမှာ သူတို့က ကောင်းကောင်းလှုပ်ရှားနိုင်ပြီး ဒါကို ကျွန်တော်တို့ သတိထားဖို့လိုပါတယ်”

“ကျွန်တော်တို့ ခံစစ်လိုင်းမှာ နေရာလွတ်တွေမပေးရအောင် နီးနီးကပ်ကပ်ရှိနေရမှာပါ။ တကယ်လို့ စိတ်ဓာတ်ကောင်းကောင်းနဲ့ အခြေအနေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ကစားနိုင်ခဲ့မယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပြည့်ဝနေရင် သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာ ကျွန်တော်တို့ ပြောလို့ရပါပြီ။
ယူနိုက်တက်မှာလည်း နည်းလမ်းကောင်းတွေ အများကြီးရှိမှာပါ” လို့ နာဂယ်လ်စမန်းကပြောထားပါတယ်။

နာဂယ်လ်စမန်ဟာ ငယ်ငယ်ကဘိုင်ယန်မြူနစ်အသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူအားပေးတဲ့အသင်းကို 1999 ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆိုးလ်ရှားက အနိုင်ဂိုးသွင်းယူသွားခဲ့တာကြောင့် ကလေးဘဝကတည်းက ယူနိုက်တက်နဲ့ ပတ်သတ်ပြီး အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့သူတစ်ဦးပါ။ ဒီညပွဲမှာ ငယ်ငယ်ကမက်ခဲ့တဲ့ အိပ်မက်ဆိုးတွေကနေ နာဂယ်လ်စမန်း လွတ်မြောက်နိုင်မလား… ဒါမှမဟုတ် ဆိုးလ်ရှားကိုပဲ ပြန်လည်ခြောက်လှန့်နိုင်ခဲ့မလားဆိုတာ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားအတြက္ နာဂယ္လ္စမန္းကအိပ္မက္ဆိုးလား

အိုးထရက္ဖို႔ဒ္မွာကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ အိမ္ရွင္ယူႏိုက္တက္ကို အႏိုင္ရရွိဖို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ လိုက္ဇစ္နည္းျပနာဂယ္စမန္းက ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ဆီမီးဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့တဲ့ လိုက္ဇစ္အသင္းဟာ အုပ္စုအဖြင့္ပြဲကိုလည္း အႏိုင္ရရွိထားၿပီး ဒီရာသီမွာ ၿပိဳင္ပြဲစုံရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ထားတဲ့အသင္းလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱၱပါတ္ တုန္းက ခ်န္ပီယံလိဂ္အုပ္စု အဖြင့္ပြဲစဥ္အျဖစ္ အုပ္စုရဲ႕ အေကာင္းဆုံး ၿပိဳင္ဖက္အသင္း ျဖစ္တဲ့ PSG အသင္း ကို ျပင္သစ္ေျမမွာ 1 – 2 ဆိုတဲ့ ရလဒ္ နဲ႔ အႏိုင္ယူ ႏိုင္ခဲ့ ပါတယ္။
ယူႏိုက္တက္အသင္းနဲ႔ လိုက္ပ္ဇစ္အသင္းတို႔ေတြ႕ဆုံမႈဟာသမိုင္းတစ္ေလွ်ာက္မွာေတာ့ ပထမဦးဆုံးအႀကိမ္ ေတြ႕ဆုံမႈလည္းျဖစ္ပါတယ္။

နာဂယ္လ္စမန္းဟာ ဒဏ္ရာျပႆနာေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္မွာပဲ ကစားသမားဘဝကို စြန႔္လႊတ္ခဲ့ရၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပဲ နည္းျပလိုင္းဘက္ကို ကူးေျပာင္းေရာက္ရွိခဲ့တာပဲျဖစ္ပါတယ္။
အသက္၂၈ ႏွစ္အ႐ြယ္မွာတင္ ဘြန္ဒက္စ္လီဂါရဲ႕ ထာဝရအသက္အငယ္ဆုံး နည္းျပအျဖစ္ မွတ္တမ္းဝင္လာခဲ့သူပဲျဖစ္ပါတယ္။
အျခားတစ္ဖက္မွာေတာ့သူဟာ ယူႏိုက္တက္ နည္းျပသစ္ ျဖစ္လာဖို႔ သတင္းထြက္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ ပတ္သက္ၿပီး နာဂယ္လ္စမန္းက အခုလိုေျပာဆိုထားပါတယ္။ ”ကြၽန္ေတာ္ဟာ အိုးလ္ထရပ္ဖို႔ဒ္မွာ ကစားခဲ့ဖူးသူ တစ္ဦး မဟုတ္သလို အဲဒီကြင္း ကိုလည္း တစ္ခါမွ မေရာက္ဖူးပါဘူး။
အခုေတာ့အဲ ဒီကြင္းရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ခြင့္ ရမယ္ ဆိုတာက ခမ္းနားတဲ့ အရာတစ္ခုပါပဲ ။
ကြၽန္ေတာ္ဟာ ယူႏိုက္တက္ ပြဲေတြကို ႀကိမ္ဖန္ မ်ားစြာ ၾကည့္ရႈ ခဲ့ဖူး ပါတယ္။
လြန္ခဲ့တဲ့ 10 ႏွစ္တုန္းက ကြၽန္ေတာ္ဟာ ယူႏိုက္တက္ အသင္း ရဲ႕ ပြဲစဥ္ အားလုံး နီးပါးကို ေစာင့္ၾကည့္ ျဖစ္ခဲ့ပါတယ္”

”ကြၽန္ေတာ္ဟာ အဂၤလန္ ပြဲစဥ္ေတြတင္ မဟုတ္ပါဘူး။ စီးရီးေအ ၊ လာလီဂါ ပြဲစဥ္ေတြလည္း ေစာင့္ၾကည့္ ျဖစ္ခဲ့ပါတယ္။ယူႏိုက္တက္ရဲ႕ ဒီရာသီအစက သိပ္မေကာင္းဘူးလို႔ ထင္ပါတယ္။
ဒါေပမယ့္ PSGပြဲမွာ သူတို႔ လမ္းေၾကာင္းမွန္ထဲ ရွိခဲ့ပါတယ္။ Final Third Zone ထဲမွာ သူတို႔က ေကာင္းေကာင္းလႈပ္ရွားႏိုင္ၿပီး ဒါကို ကြၽန္ေတာ္တို႔ သတိထားဖို႔လိုပါတယ္”

“ကြၽန္ေတာ္တို႔ ခံစစ္လိုင္းမွာ ေနရာလြတ္ေတြမေပးရေအာင္ နီးနီးကပ္ကပ္ရွိေနရမွာပါ။ တကယ္လို႔ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ အေျခအေနအားလုံးကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ၿပီး ကစားႏိုင္ခဲ့မယ္၊ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ျပည့္ဝေနရင္ သူတို႔ကို အႏိုင္ယူႏိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔ ေျပာလို႔ရပါၿပီ။
ယူႏိုက္တက္မွာလည္း နည္းလမ္းေကာင္းေတြ အမ်ားႀကီးရွိမွာပါ” လို႔ နာဂယ္လ္စမန္းက​ေျပာထားပါတယ္။

နာဂယ္လ္စမန္ဟာ ငယ္ငယ္ကဘိုင္ယန္ျမဴနစ္အသင္းရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ခဲ့ပါတယ္။ သူအားေပးတဲ့အသင္းကို 1999 ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဆိုးလ္ရွားက အႏိုင္ဂိုးသြင္းယူသြားခဲ့တာေၾကာင့္ ကေလးဘဝကတည္းက ယူႏိုက္တက္နဲ႕ ပတ္သတ္ၿပီး အိပ္မက္ဆိုးေတြမက္ခဲ့ရတဲ့သူတစ္ဦးပါ။ ဒီညပြဲမွာ ငယ္ငယ္ကမက္ခဲ့တဲ့ အိပ္မက္ဆိုးေတြကေန နာဂယ္လ္စမန္း လြတ္ေျမာက္ႏိုင္မလား…
ဒါမွမဟုတ္ ဆိုးလ္ရွားကိုပဲ ျပန္လည္ေျခာက္လွန္႕ႏိုင္ခဲ့မလားဆိုတာ…