
မန်ချက်စတာယူနိုက်တက်ဟာအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ကာ
နစ်နာကြေးပေါင်၇.၅သန်းအထိပေးရမယ့်ကိန်းဆိုက်နေကြောင်းသိရပါတယ်။
မန်ယူနည်းပြဆိုးလ်ရှားဟာခြေစွမ်းနှင့်ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့်ရာထူးမှ
ထုတ်ပယ်ခံရလုနီးပါးအခြေအနေတွင်ရင်ဆိုင်နေရပါတယ်။
မန်ယူဟာအိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်
နောက်ဆုံးပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်နေပါတယ်။
ဒါကြောင့်လည်းကလပ်အတွင်းပိုင်းနှင့်အပြင်ပိုင်းတို့ကနည်းပြအပြောင်းအလဲများ
ပြုလုပ်ရန်တောင်းဆိုမှုများရလာပါတယ်။ တစ်ဖက်တွင်မန်ယူဘုတ်အဖွဲ့တွင်လည်း
ဆိုးလ်ရှားအားထုတ်ပယ်ရေးအပေါ် သဘောထားကွဲလွဲမှုများရှိနေပါတယ်။
ယနေ့မှာ The Sun ရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာမန်ယူနည်းပြရာထူးမှ
ထုတ်ပယ်ခြင်းခံရပါကတစ်နှစ်စာလုပ်ခအပြည့်အဝအားနစ်နာကြေးအဖြစ်ရရှိမယ်လို့သိရပါတယ်။
ဆိုးလ်ရှားဟာမန်ယူတွင်တစ်နှစ်လုပ်ခပေါင်၇.၅သန်းရရှိနေသူဖြစ်ပြီး
ဂွါဒီယိုလာ၊ ကလော့ပ်၊ဘရန်ဒန်ရော်ဂျာ၊မာဆယ်လိုဘီရဲလ်ဆာတို့ပြီးရင်
ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးနည်းပြဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အနာဂတ်နှင့်ပတ်သက်ပြီးမရေမရာမှုများရှိနေပေမယ့်
ဆိုးလ်ရှားဟာယခုအပတ်အကုန်စပါးစ်နှင့်ပွဲစဉ်အားကိုင်တွယ်ရန်သေချာနေပါတယ်။
ဆိုးလ်ရှားဟာစပါးစ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲတွင်ရှုံးနိမ့်ပါက
မန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရရန်သေချာနေပါတယ်။
လက်ရှိအချိန်တွင်မန်ယူနည်းပြရာထူးအတွက်ချဲလ်ဆီးနည်းပြဟောင်း
အန်တိုနီယိုကွန်တီနှင့်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။
zawgyi
ဆိုးလ္ရွားအား ရာထူးမွထုတ္ပယ္ကာ နစ္နာေၾကးေပါင္ ၇.၅ သန္းအထိေပးရမယ့္ကိန္းဆိုက္ေန
မန္ခ်က္စတာယူႏိုက္တက္ဟာအိုလီဂန္းနားဆိုးလ္ရွားအားရာထူးမွထုတ္ပယ္ကာ
နစ္နာေၾကးေပါင္၇.၅သန္းအထိေပးရမယ့္ကိန္းဆိုက္ေနေၾကာင္းသိရပါတယ္။
မန္ယူနည္းျပဆိုးလ္ရွားဟာေျခစြမ္းႏွင့္ရလဒ္ပိုင္းဆိုး႐ြားေနမႈေၾကာင့္ရာထူးမွ
ထုတ္ပယ္ခံရလုနီးပါးအေျခအေနတြင္ရင္ဆိုင္ေနရပါတယ္။
မန္ယူဟာအိုးထရက္ဖို႔ဒ္တြင္လီဗာပူးကို၅-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္
ေနာက္ဆုံးပရီးမီးယားလိဂ္ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနပါတယ္။
ဒါေၾကာင့္လည္းကလပ္အတြင္းပိုင္းႏွင့္အျပင္ပိုင္းတို႔ကနည္းျပအေျပာင္းအလဲမ်ား
ျပဳလုပ္ရန္ေတာင္းဆိုမႈမ်ားရလာပါတယ္။ တစ္ဖက္တြင္မန္ယူဘုတ္အဖြဲ႕တြင္လည္း
ဆိုးလ္ရွားအားထုတ္ပယ္ေရးအေပၚ သေဘာထားကြဲလြဲမႈမ်ားရွိေနပါတယ္။
ယေန႔မွာ The Sun ရဲ႕ေဖာ္ျပခ်က္အရ ဆိုးလ္ရွားဟာမန္ယူနည္းျပရာထူးမွ
ထုတ္ပယ္ျခင္းခံရပါကတစ္ႏွစ္စာလုပ္ခအျပည့္အဝအားနစ္နာေၾကးအျဖစ္ရရွိမယ္လို႔သိရပါတယ္။
ဆိုးလ္ရွားဟာမန္ယူတြင္တစ္ႏွစ္လုပ္ခေပါင္၇.၅သန္းရရွိေနသူျဖစ္ၿပီး
ဂြါဒီယိုလာ၊ ကေလာ့ပ္၊ဘရန္ဒန္ေရာ္ဂ်ာ၊မာဆယ္လိုဘီရဲလ္ဆာတို႔ၿပီးရင္
ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးနည္းျပျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္အနာဂတ္ႏွင့္ပတ္သက္ၿပီးမေရမရာမႈမ်ားရွိေနေပမယ့္
ဆိုးလ္ရွားဟာယခုအပတ္အကုန္စပါးစ္ႏွင့္ပြဲစဥ္အားကိုင္တြယ္ရန္ေသခ်ာေနပါတယ္။
ဆိုးလ္ရွားဟာစပါးစ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲတြင္ရႈံးနိမ့္ပါက
မန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရရန္ေသခ်ာေနပါတယ္။
လက္ရွိအခ်ိန္တြင္မန္ယူနည္းျပရာထူးအတြက္ခ်ဲလ္ဆီးနည္းျပေဟာင္း
အန္တိုနီယိုကြန္တီႏွင့္လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။