
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုရင်
သူ့ကို ဘယ်သူမှမယှဉ်နိုင်ဘူးဆိုတာကို စံချိန်မှတ်တမ်းသစ်တွေ
ထပ်ယူပြီးတော့ သက်သေပြလိုက်ပြန်ပါပြီ။
စီရော်နယ်လ်ဒိုဟာ ဗီလာရီးယဲလ်အသင်းကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့
ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်အဖွင့်ဂိုးကို(၇၈)မိနစ်မှာသွင်းယူခဲ့တာဖြစ်ပြီး
ဒါက သူ့ရဲ့သမ္ဘာနဲ့ Skill ကို ပြသနိုင်ခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။
အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်း ဒီရာသီကစားခဲ့တဲ့
ချန်ပီယံလိဂ်အုပ်စု(၅)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်
ချန်ပီယံလိဂ်(ဥရောပဖလား)ပြိုင်ပွဲသမိုင်းတစ်လျှောက်
အင်္ဂလိပ်ကလပ်အသင်းတစ်သင်းအတွက်
ချန်ပီယံလိဂ်မှာဦးဆုံး(၅)ပွဲ(ခြေစစ်ပွဲမပါ)ဆက်တိုက် ဂိုးသွင်းယူခဲ့တဲ့
ပထမဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။
ဒါ့အပြင် ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ နာကျင်အချိန်ပိုအပါအဝင်
(၇၅)မိနစ်နောက်ပိုင်း စီရော်နယ်လ်ဒို ယူနိုက်တက်အသင်းအတွက်
အနိုင်ဂိုးသွင်းယူခဲ့တာက (၃)ကြိမ်မြောက်အထိရှိလာပြီဖြစ်ပြီး
ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ရာသီထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဗီလာရီးယဲလ်ကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့
ပထမအကျော့ပွဲတုန်းက အနိုင်ဂိုးကို(၉၅)မိနစ်မှာသွင်းယူခဲ့တာဖြစ်ပြီး
အတ္တလန်တာနဲ့အိမ်ကွင်းပွဲမှာလည်း (၈၁)မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့သလို
အခု ဗီလာရီးယဲလ်ကို (၇၈)မိနစ်မှာအနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်(၅)ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး
စုစုပေါင်း(၆)ဂိုးနဲ့ လီဝန်ဒေါစကီး(၉ဂိုး)၊ဟော်လာ(ရဂိုး)တို့ရဲ့နောက်မှာ
တတိယအများဆုံးအဖြစ်ရပ်တည်နေပါတယ်။
zawgyi
ဆိုးလ္ရွား ထြက္ရၿပီးမွ ေျခစြမ္းျပန္ေပၚလာတဲ့ ေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆိုရင္
သူ႔ကို ဘယ္သူမွမယွဥ္ႏိုင္ဘူးဆိုတာကို စံခ်ိန္မွတ္တမ္းသစ္ေတြ
ထပ္ယူၿပီးေတာ့ သက္ေသျပလိုက္ျပန္ပါၿပီ။
စီေရာ္နယ္လ္ဒိုဟာ ဗီလာရီးယဲလ္အသင္းကို(၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့
ခ်န္ပီယံလိဂ္ပြဲမွာ အသင္းအတြက္အဖြင့္ဂိုးကို(၇၈)မိနစ္မွာသြင္းယူခဲ့တာျဖစ္ၿပီး
ဒါက သူ႔ရဲ႕သမာၻနဲ႔ Skill ကို ျပသႏိုင္ခဲ့တဲ့ဂိုးလည္းျဖစ္ခဲ့ပါတယ္။
အခုဆိုရင္ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္း ဒီရာသီကစားခဲ့တဲ့
ခ်န္ပီယံလိဂ္အုပ္စု(၅)ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္
ခ်န္ပီယံလိဂ္(ဥေရာပဖလား)ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
အဂၤလိပ္ကလပ္အသင္းတစ္သင္းအတြက္
ခ်န္ပီယံလိဂ္မွာဦးဆုံး(၅)ပြဲ(ေျခစစ္ပြဲမပါ)ဆက္တိုက္ ဂိုးသြင္းယူခဲ့တဲ့
ပထမဆုံးကစားသမားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။
ဒါ့အျပင္ ဒီရာသီခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲမွာ နာက်င္အခ်ိန္ပိုအပါအဝင္
(၇၅)မိနစ္ေနာက္ပိုင္း စီေရာ္နယ္လ္ဒို ယူႏိုက္တက္အသင္းအတြက္
အႏိုင္ဂိုးသြင္းယူခဲ့တာက (၃)ႀကိမ္ေျမာက္အထိရွိလာၿပီျဖစ္ၿပီး
ဒါဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ရာသီထဲမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ဗီလာရီးယဲလ္ကို(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့
ပထမအေက်ာ့ပြဲတုန္းက အႏိုင္ဂိုးကို(၉၅)မိနစ္မွာသြင္းယူခဲ့တာျဖစ္ၿပီး
အတၱလန္တာနဲ႔အိမ္ကြင္းပြဲမွာလည္း (၈၁)မိနစ္မွာ အႏိုင္ဂိုးသြင္းခဲ့သလို
အခု ဗီလာရီးယဲလ္ကို (၇၈)မိနစ္မွာအႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
အခုဆိုရင္ စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္(၅)ပြဲဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး
စုစုေပါင္း(၆)ဂိုးနဲ႔ လီဝန္ေဒါစကီး(၉ဂိုး)၊ေဟာ္လာ(ရဂိုး)တို႔ရဲ႕ေနာက္မွာ
တတိယအမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။